မိန်းကလေးတွေသဘောကျတတ်ကြတဲ့ယောက်ျားလေးပုံစံများ

မိန်းကလေးတွေသဘောကျတတ်ကြတဲ့ယောက်ျားလေးပုံစံများ google.com

ကိုကိုတွေ မောင်မောင်တွေရဲ့ဒီလိုအပြုမူတွေက မိန်းမသားတို့ရဲ့နှလုံးသားကိုအရည်ပျော်စေပါတယ်တဲ့။

 

ရယ်မောအောင်ပြုလုပ်နိုင်သူ

ရယ်မောစရာ ဟာသလေးတွေလုပ်ပေးတတ်တဲ့ ယောက်ျားတွေကို မိန်းကလေးတွေ ပိုသဘောကျပါတယ်။ လေ့လာမှုများအရ ဟာသဥာဏ်ရှိတဲ့ ယောက်ျားတွေဟာ ဖန်တီးကြံဆမှုနဲ့ ဦးနှောက်ပိုပြေးတယ်လို့ သိရပါတယ်။ ပျော်ရွှင်စရာ အိမ်ထောင်ရေးကိုတည်ဆောက်နိုင်ပြီး အောင်မြင်မှုရရှိစေပါတယ်။

 

လူမှုဆက်ဆံရေးကောင်းသူ

ဘယ်သူနဲ့ပဲတွေ့တွေ့ နေတတ်ပြီး စကားပြောတတ်၊ ဆိုတတ်တဲ့ယောက်ျားလေးမျိုးကို မိန်းကလေးတွေပိုသဘောကျပါတယ်။ သူတို့ဟာ လူ့အသိုင်းဝိုင်းမှာ ဝင်ဆံ့အောင်နေတတ်သူတွေမို့ အားလုံးကချစ်ခင်ကြပါတယ်။ မိန်းကလေးဘက်က မိသားစုကလည်း ဒီလိုယောက်ျားလေးမျိုးကို ပိုသဘောကျပါတယ်။

 

တည်ငြိမ် ရင့်ကျက်သူ

အသက်ရွယ်ကြီးတယ်၊ ငယ်တယ်မဟုတ်ဘူး။ စိတ်ဓာတ်ရင့်ကျက်သူကို မိန်းကလေးတွေကပိုသဘောကျပါတယ်နော်။ မိန်းမတိုင်းနဲ့ ရောထွေးခြင်းမရှိပဲ ကိုယ့်အလုပ်ကိုယ်လုပ်၊ ပြောစရာရှိတာပြောပြီး အေးဆေးနေတဲ့ ယောက်ျားလေးတွေဟာ မိန်းကလေးတွေမျက်လုံးထဲမှာ ပိုပြီးဆွဲဆောင်မှုရှိပါသတဲ့။

 

ခွေးလေးတွေချစ်တတ်သူ

ခွေးလေးတွေမှ မဟုတ်၊ အခြားတိရစ္ဆာန်လေးတွေ ချစ်တတ်တဲ့ယောက်ျားလေးတွေက ဆက်ဆံရေးတစ်ခုကို ခိုင်မြဲအောင် ထိန်းသိမ်းနိုင်ပါတယ်။ လူမှုဆက်ဆံရေးလည်းကောင်းတယ်။ဒီခွေးလေးတစ်ကောင်အပေါ်တာဝန်သိတတ်မှုရှိသလို သူဟာ လူတွေအပေါ်မှာလည်း မလေးမစား၊ တန်ဖိုးမထားသလို မဆက်ဆံတတ်ပါဘူး။ နွေးထွေးတဲ့ မိသားစုတစ်ခုကို ဖန်တီးနိုင်မယ့် ယောက်ျားလေးတွေဖြစ်ပါတယ်။

 

Credit : Trend

Myanmar Wedding Guide

Read times Last modified on Wednesday, 03 April 2019 11:46
Rate this item
(1 Vote)