ချစ်တယ်လို့တဖွဖွပြောပြီး ဒါတွေလုပ်တာ ကောင်းလား

ချစ်တယ်လို့တဖွဖွပြောပြီး ဒါတွေလုပ်တာ ကောင်းလား google.com

ချစ်သူ၊ ရည်းစားဆိုတာ ကိုယ်မွေးဖွားလာပြီးတော့ သွေးသားမတော်စပ်တဲ့သူကို ပထမဆုံးချစ်ရခြင်းလို့ ဆိုလိုချင်ပါတယ်။

 

ဒါကိုကျွန်တော်တို့အားလုံး ၁၅၀၀အချစ်လို့ ခေါင်းစဉ်တပ်လိုက်ကြတယ်။ စဉ်းစားကြည့်ပြန်တော့ ဒီအချစ်ကြီးက တောကြီးတစ်ခုမှာ လမ်းလျှောက်နေရသလိုပါပဲဗျာ။

 

ဆိုလိုချင်တာကတော့ ဒီစိမ်းစိုတဲ့ တောအုပ်ထဲမှာ သာယာနာပျော်ဖွယ်ကောင်းတဲ့ တေးငှက်သံလေးတွေ၊ အေးမြတဲ့ စမ်းချောင်းလေးတွေ ရှိနေတယ်။

 

သို့သော်လည်း တောရဲ့မာယာပရိယာယ်တွေကြောင့် သားရဲတိရစ္ဆာန်နဲ့ အခြားမမြင်နိုင်တဲ့ အန္တရာယ်တွေက ရှိနေပြန်ပါရော။

 

ကျွန်တော်တို့ အချစ်နဲ့တွေ့ပြီး ပျော်ရွှင်နေချိန်မှာ ဘယ်အချိန်ကတည်းက ရောက်မှန်းမသိရောက်လာတဲ့ အိပ်မက်ဆိုးတစ်ခုပမာ ဆိုးကျိုးတွေပေးနိုင်တဲ့ ချုပ်ချယ်မှုကြီးပါ။

 

ချစ်သူနှစ်ဦးကို ဒီချုပ်ချယ်မှုဆိုတာကြီးက ကွေကွင်းသွားစေနိုင်တဲ့အထိ ဆိုးဝါးစေပါတယ်။ အစပိုင်းမှာတော့ နှစ်ယောက် အရမ်းချစ်ကြတဲ့အချိန်ဖြစ်တဲ့အတွက် ဒါဟာကြီးမားတဲ့ကိစ္စရပ်တစ်ခုမဟုတ်သေးပါဘူး။

 

သို့သော်နောက်ပိုင်းမှာ သင်သတိထားမိလာနိုင်တဲ့ သင့်ကိုချုပ်ချယ်တဲ့အချက်တွေကဘာတွေလဲ ဆိုတာကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

♥ သင့်ရဲ့ socialmediaတွေကို သူ ချယ်လှယ်မယ်။

 

♥ ဆွေမျိုးသားချင်းမဟုတ်တဲ့ သူစိမ်းတွေကြားထဲမှာ ကိုယ့်ထက်မင်းကို ဘယ်သူကပိုချစ်နိုင်မှာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ အရာအားလုံးကို တာဝန်ယူဆောင်၇ွက်ပေးသလိုနဲ့ ချုပ်ကိုင်ထားမယ်။

 

♥ သူငယ်ချင်းအချစ်နဲ့ ၁၅၀၀အချစ်ကို နှိုင်းယှဉ်ကာစိတ်မချလို့ပါဆိုပြီး သင့်သူငယ်ချင်းတွေရဲ့ အဝေးကိုရောက်မှန်းမသိ ရောက်အောင် ဆွဲခေါ်သွားမယ်။

 

♥ သင်လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့တဲ့အချိန်၊ သူငယ်ချင်းတွေနဲ့ဆုံတွေ့ချိန်၊ သင်တန်းတက်ချိန်တွေမှာတောင် စိုးရိမ်တယ်တယ်ဆိုပြီး video call တွေနဲ့ checking လိုက်နေသူ။

 

♥ သူ့ဘ၀ကြီးတစ်ခုလုံးကို သင့်ကိုပေးဆပ်ထားသယောင်နဲ့ သင့်ဘ၀ကြီးတစ်ခုလုံးကိုလိုတာထက်ပိုတဲ့ စိုးမိုးမှုတွေလုပ်နေမယ်။

 

သင်သာအချစ်စစ်နဲ့ ချစ်တယ်ဆိုရင် ဒီလိုအပြုအမူမျိုးတွေမလုပ်ပါနဲ့။ ကြိုးများတောင် တင်းလွန်းရင် ပြတ်တတ်ပါတယ်။

 

အကယ်၍ ချုပ်ချယ်မှုတွေနဲ့ရင်ဆိုင်ရပြီး သင်မခံစားနိုင်တော့တဲ့အခါ၊ ညှိယူလို့မရတော့တဲ့အခါ သင်လွှတ်ချလိုက်ပါ။

 

ဘေးထွက်ဆိုးကျိုးဖြစ်စေတဲ့ ခံစားချက်တွေကို ဆုပ်မကိုင်ထားပါနဲ့။ တစ်ခါတစ်လေ တစ်စုံတစ်ခုကို ပိုင်ဆိုင်ပြီး စိတ်ဆင်းရဲနေခြင်းထက် တစ်ခုမှ မပိုင်ဆိုင်ဘဲ စိတ်ချမ်းသာနေခြင်းက ပိုကောင်းပါတယ်။

 

Myat

Read times Last modified on Wednesday, 19 September 2018 15:14
Rate this item
(4 votes)