ချစ်သူတွေရင်ဆိုင်ရလေ့ရှိတဲ့ပြသနာ၊အခက်အခဲများ

ချစ်သူတွေရင်ဆိုင်ရလေ့ရှိတဲ့ပြသနာ၊အခက်အခဲများ google


 

 


 


 

ae

 

ဝေဖန်အပြစ်တင်ခြင်း

 


 


 


 

ae1

 

Crush ရှိနေခြင်

 


 


 


 

ae2

 

ပေါက်ကွဲခြင်း

 


 


 


 


 


 

 


 

ae3

 


 


 


 


 


 

Unicode

 

ချစ်တို့ရေ တကယ်လို့ ချစ်တဲ့သူနဲ့ တစ်ဘဝလုံး လက်တွဲဖို့ရည်ရွယ်ထားတယ်ဆိုရင်တော့ ပြဿနာတွေ


အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်နေရပါမယ်။ အချစ်စစ်ရဲ့လမ်းဟာမဖြောင့်ဖြူးတတ်တာဟာသဘာဝပါပဲနော်။

 

ဒါကြောင့် ဒီနေ့မှာ ချစ်သူတွေရင်ဆိုင်ရလေ့ရှိတဲ့ပြသနာ၊အခက်အခဲလေးတွေကိုဖော်ပြပေးချင်ပါတယ်နော်။

 

ဝေဖန်အပြစ်တင်ခြင်း

 

မိမိကိုလာပြီး ဝေဖန်အပြစ်တင်တာကို မည်သူမှမကြိုက်ကြပါဘူးနော်။ကိုယ်ချစ်တဲ့သူက လာပြောရင်ပိုဆိုးပါသေးတယ်။

 

“မင်းကအမြဲတမ်းပဲ” ဆိုတဲ့ စကားနဲ့ “မင်းကဘယ်တော့မှ” ဆိုတဲ့ စကားတွေနဲ့ အစပြုတဲ့ ဝေဖန်အပြစ်တင်မှု တွေဟာ အကောင်းဖက်ကို

 

ဦးတည်သွားလေ့ မရှိပါဘူး။ဒီလိုမဖြစ်စေဖို့အတွက် ဝေဖန်အပြစ်တင်တာတွေအစား ဆွေးနွေးပြောဆိုတာတွေ ပြုလုပ်သင့်ပါတယ်။

 

Crush ရှိနေခြင်း

 

ချစ်သူရည်းစားရှိပြီးသား မိန်းကလေးတွေရဲ့ ၇၀% ကသူတို့ဆီမှာ လက်ရှိချစ်သူအပြင် မင်းသား၊အဆိုတော်Crush တွေရှိနေတတ်ကြတယ်လို့

 

စစ်တမ်းတွေက ဖော်ပြထားပါတယ်။ ဒါက သူတို့ ဖောက်ပြန်တော့မယ်လို့ ဆိုလိုတာမဟုတ်တဲ့အတွက် ယုံကြည်မှု ထားပေးလိုက်ပါ။

 

ယုံကြည်မှု ဆိုတာ Relationship တခုမှာ အလွန်အရေးပါပါတယ်။

 

ပေါက်ကွဲခြင်း

 

ပိုက်ဆံ၊ မိသားစု နဲ့ လူမှုရေးပြသာနာတွေ အားလုံးပေါင်းပြီး ရင်ဆိုင်ရတဲ့ အချိန်မှာ ဒေါသအိုး ပေါက်ကွဲတတ်ကြပါတယ်။

 

ဒီလိုကြုံလာတဲ့ အချိန်အမှာ လူ့လောကကြီးကနေ ထွက်ခွာချင်စိတ်တွေ ရှိလာတတ်ပါတယ်။

 

ဒီပြသာနာတွေက စုံတွဲတွေတိုင်းမှာ ဖြစ်တတ်ကြပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင် ဒီစိန်ခေါ်မှုတွေက ဘဝရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး

 

မကြာခင် ပြီးသွားမယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။

 

ဒီလိုကြီးမားတဲ့ အခတ်အခဲတွေကို နှစ်ယောက်သားရင်ဆိုင်ကျော်ဖြတ်နိုင်မယ်ဆိုရင် သံယောဇဉ်က ပိုမိုခိုင်မာ လာပါလိမ့်မယ်။

 

ပြဿနာကို ရှောင်ပြေးဖို့ မကြိုးစားပါနဲ့။ ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားပါ။

 

နားလည်ခွင့်လွှတ်ခြင်း

 

ဒီအဆင့်ကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ ချစ်သူနှစ်ယောက်ရဲ့ relationship က ကောင်းမွန်တဲ့ အဆင့်ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။

 

တခြားသူတွေရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးရတာဟာ လွယ်ကူတဲ့ အရာမဟုတ်ပါဘူး။

 

အထူးသဖြင့် ကိုယ်ချစ်တဲ့သူတွေက မိမိကို နာကျင်အောင် လုပ်ထားရင်ပေါ့။ ဒါပေမဲ့ အကောင်းတွေကိုလက်ခံပြီး

 

အဆိုးတွေကို ခွင့်လွှတ်ပေးခြင်းက ချစ်သူနှစ်ယောက်ရဲ့ သံယောဇဉ်ကို ပိုမိုခိုင်မှာလာစေပါတယ်။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 09 October 2019 14:56
Rate this item
(0 votes)
Tagged under