ယောကျာ်းလေးတွေ အမှန်တကယ် ပိုင်ဆိုင်ချင်တဲ့စိတ်ကူးထဲက ချစ်သူပုံစံ(၆)မျိုး

ယောကျာ်းလေးတွေ အမှန်တကယ် ပိုင်ဆိုင်ချင်တဲ့စိတ်ကူးထဲက ချစ်သူပုံစံ(၆)မျိုး google

ချစ်သူရွေးတဲ့အချိန်မှာ မိန်းကလေးတွေပဲ ကြိုတင်စိတ်ကူးထားတဲ့စံနှုန်းသတ်မှတ်ချက်လေးတွေရှိတတ်တာမဟုတ်ပါဘူး။

 

 

ယောကျာ်းလေးတွေမှာလည်း စိတ်ကူးစံနှုန်းလေးတွေရှိတတ်ကြပါတယ်။ ယောကျာ်းလေးတွေက သူတို့ချစ်သူဖြစ်လာမယ့်မိန်းကလေးမှာ ဒီလိုအချက်လေးတွေရှိစေချင်ကြပါတယ်တဲ့။

 

 

() အပြုံးလှလှ

 

ယောကျာ်းလေးတွေက သူတို့ချစ်သူကောင်မလေးကို ပြစ်မျိုးမှဲ့မထင်လှတဲ့မိန်းကလေးထက် အပြုံးလှတဲ့မိန်းကလေးမျိုးဖြစ်စေချင်တာပါ။

 

 

() စိတ်ဝင်စားစရာတွေပြည့်နေတဲ့ပုံစံမျိုး

 

ငြီးငွေ့စရာကောင်းလောက်အောင်အေးဆေးနူးညံ့တဲ့ပုံစံမျိုး၊ စိတ်လှုပ်ရှားစရာကောင်းလွန်းတဲ့ပုံစံမျိုးတွေထက် လျှို့ဝှက်ချက်နည်းနည်းနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့မိန်းကလေးကို ချစ်သူအဖြစ်လိုချင်ကြပါတယ်။

 

 

() ထက်မြက်တဲ့သူ

 

ထက်မြက်တဲ့သူဆိုတာ မိုးပျံအောင်တော်နေတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာ၊ အလွန်အကျူးမတွယ်ကပ်ဘဲ စမတ်ကျတဲ့ပုံစံမျိုးပါ။

 

 

() ဇီဇာမကြောင်၊သ၀န်မကြောင်လွန်းတဲ့သူ

 

ယောကျာ်းလေးတွေဟာ လွတ်လွတ်လပ်လပ်နေရတာကို သိပ်ကြိုက်တဲ့သူတွေဖြစ်တာကြောင့် ဇီဇာမကြောင်၊သ၀န်မကြောင်တဲ့ ချစ်သူမိန်းကလေးမျိုး လိုချင်တာမဆန်းပါဘူး။

 

 

() အကောင်းမြင်စိတ်ရှိတာ

 

အရာအားလုံးကိုအသေးစိတ်ခံစားပြီး ဇာတ်နာတတ်လွန်းတဲ့မိန်းကလေးမျိုးနဲ့ချစ်သူဖြစ်ရမှာ သိပ်ကြောက်ကြတဲ့သူတွေမို့ အကောင်းမြင်စိတ်ရှိပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့မိန်းကလေးပုံစံမျိုးကိုပဲလိုချင်တာပေါ့။

 

 

() ဂရုစိုက်တတ်တဲ့အပြုအမူလေးတွေ

 

ရုပ်ရည်ချောမောလှပတာထက် ကိုကို၊မောင်မောင်တွေပိုမက်မောတာကတော့ ဂရုစိုက်တတ်တာလေးပါ။ ဂရုစိုက်တတ်တဲ့ချစ်သူလေးရရင် တော်ပါပြီဆိုတဲ့ကိုကို၊မောင်မောင်တွေရှိတယ်မလား။

 

 

Credit;Aunty May

Read times Last modified on Monday, 14 January 2019 09:34
Rate this item
(2 votes)