ကိုယ့်ချစ်သူကို တစ်ကယ်ချစ်တယ်ဆိုရင် လိုက်နာရမည့်အချက်များ

ကိုယ့်ချစ်သူကို တစ်ကယ်ချစ်တယ်ဆိုရင် လိုက်နာရမည့်အချက်များ google.com

ချစ်သူနှစ်ဦး တကယ်ချစ်လို့ လမ်းခွဲရမယ်ဆိုရင်တော့ အင်မတန် နာကျင်စရာကောင်းလှပါတယ်။ ကိုယ့်ကို မချစ်တော့လို့ နောက်တစ်ယောက်

အသစ်ရသွားတယ်ဆိုတဲ့နောက်မှာ လမ်းခွဲပေးလိုက်ရတာမျိုးမဟုတ်ဘဲ ကိစ္စတစ်ခုခုကြောင့် ချစ်သူနှစ်ဦး လမ်းခွဲရတဲ့အထိ ဖြစ်သွားရတာတွေလည်း အများကြီးပါ။ အဲဒီလို မဖြစ်ရအောင် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

အချစ်ဟောင်းနဲ့ပြန်ဆက်သွယ်ခြင်း

 

အရင်ကချစ်ခဲ့ဖူးတဲ့ အချစ်ဟောင်းနဲ့ အင်တာနက်မှာပဲဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ပြန်လည် တွေ့ဆုံမှုကို ရှောင်ကြဉ်သင့်ပါတယ်။

 

သူငယ်ချင်းတွေပြန်ဖြစ်သွားပြီဆိုရင်တောင် ကိုယ့်ချစ်သူ သိသွားရင် ဘယ်လိုခံစားရမလဲဆိုတာကို ထည့်စဉ်းစားသင့်ပါတယ်။

 

အရင်ချစ်သူနဲ့ အခု ချစ်သူ နှိုင်းယှဉ်ပြောဆိုတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

 

အပြစ်မြင်ခြင်း

 

ဘာမမှတ်တဲ့ကိစ္စလေးနဲ့ တစ်ခုခုဖြစ်ပြီဆိုရင် ကိုယ့်ချစ်သူကို အပြစ်မတင်မိစေရန် ဂရုပြုရပါမယ်။

 

အမြဲတမ်းလိုလို ကိုယ့်စိတ်အလိုမကျတိုင်း သူ့ကို အပြစ်တင်နေကျဆိုရင်တော့ သူ့လည်း ဘယ်လိုခံစားနေရမလဲဆိုတာကို တွေးကြည့်သင့်ပါတယ်။

 

သူ့ကိုယ်သူ ယုံကြည်မှုမရှိတော့တဲ့အပြင် ငါ့ကို ဘယ်တော့မှ သည်းမခံဘူးဆိုတဲ့အတွေးမျိုးလည်း ၀င်သွားမှာဖြစ်ပါတယ်။

 

အချိန်မပေးခြင်း

 

ကိုယ်ချစ်လို့ လက်ခံထားတဲ့ ချစ်သူကို သူများတွေထက် အချိန်ပိုပေးသင့်ပါတယ်။

 

သူငယ်ချင်းတွေနဲ့အတူရှိတဲ့အချိန်က ကိုယ့်ချစ်သူနဲ့ အတူရှိတဲ့အချိန်ထက် များနေရင်လည်း သူ့ဘက်က တွေးစရာဖြစ်လာပါလိမ့်မယ်။

 

သူက ငါ့ကို သူ့သူငယ်ချင်းတွေလောက် မချစ်ဘူးဆိုတဲ့ အတွေးမျိုး ၀င်သွားပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 15:06
Rate this item
(2 votes)