“မမ” တွေကို ချစ်မိရင် … ဒီလို တုန်ခါနေအောင် ရူးရူးမူးမူး ပြန်အချစ်ခံရမှာပါ

“မမ” တွေကို ချစ်မိရင် … ဒီလို တုန်ခါနေအောင် ရူးရူးမူးမူး ပြန်အချစ်ခံရမှာပါ google.com

မမတွေက အချစ်ကို ကိုးကွယ်နေတတ်သူတွေ မဟုတ်တော့ပေမယ့် တစ်ယောက်ကို ချစ်မိပြီဆိုရင်တော့ ရူးရူမူးမူး

ချစ်တတ်ကြတယ်။ မမတွေက ဘ၀မှာရခဲ့တဲ့ သင်ခန်းစာတွေ ၊ အတွေ့အကြုံတွေကြောင့် ရင့်ကျက်နေသူတွေဖြစ်သလို သင့်အပေါ် ဂရုစိုက်ပေးနိုင်မှာပါ။

 

(၁) တည်ငြိမ်တယ်

မမတွေက အသက်အရွယ်အရ ၊ ရလာတဲ့ အတွေ့အကြုံတွေအရ ရင့်ကျက်နေကြသူတွေပါ။ တည်ငြိမ်တဲ့ အပြုံးမျိုးဆို တာ မမတွေမှာမှ မြင်ရမှာပါ။

မမတွေမှာ မြန်မာဆန်တဲ့အလှနဲ့ ရင့်ကျက်တဲ့အတွေးအခေါ်တွေ ရှိနေတာကြောင့် သင့်ကို လမ်းမှန်ပြနိုင်ပြီး ” ဒါ ငါ့ မမကွ” လို့ တခြားသူတွေကိုလည်း ကြွားလို့ရတယ်။

ပြသနာတစ်ခုခုကိုလည်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတတ်တယ် ၊ အငယ်တွေလိုမျိုး ရစ်တာတွေ ပွစိပွစိလုပ်တာတွေမရှိပါဘူး။

(၂) နားလည်တယ် 

မမတွေက သင့်ကို “မ” မှ “မ” ဖြစ်နေအောင်လည်းဆွဲဆောင်မှုရှိကြတယ်။ မမတွေရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုကတော့ နားလည်ပေးနိုင်တာပါပဲ။

သင့်ထက် အသက်အရွယ်အရ ရင့်ကျက်နေတဲ့ မမတွေကမှ နားလည်ပေးနိုင်ဆုံးပါ။ သင်က Gamer တစ်ယောက်လား ၊ ဂိမ်းဆိုင်ထဲထိကို ထမင်းလိုက်ခွံကျွေးနေမှာ မမတွေပါ။

အဲ့လောက်ထိနားလည်ပေးပြီး အလိုလိုက်နေမှာပါ။

(၃) သည်းခံပေးတယ် 

 

နားလည်နိုင်တယ် ဆိုတာကလည်း သည်းခံစိတ်ရှိလို့ပါ။ မမတွေက အရာအရာကို အကြီးဆိုတဲ့ စိတ်နဲ့သည်းခံပေးပြီး သင့်ကိုလည်း ဦးစားပေးမှာပါ။

ရန်ဖြစ်ပြီးကြရင်လည်း အငယ်တွေလို “နင်ခေါ်မှ ငါစခေါ်မှာ ” မျိုးတွေမရှိဘဲ မမတွေက အရင်ချော့တတ်တယ်။ “သူက အငယ်ပါလေ” ဆိုပြီး သည်းခံ ၊ အလျော့ပေးချစ်တတ်ကြတယ်။

(၄) ရစ်တာ တွေကို နိုးပါ 

မမတွေက အလုပ်တွေနဲ့ အဆင်ပြေဖြစ်လို့ သင့်ကို နားပူနားဆာ လုပ်တာမျိုးမရှိပါဘူး။ ရစ်ဖို့ဆိုရင် ဝေးပါသေးတယ်။ အငယ်တွေလိုမျိုး သင့်အပေါ် စိတ်ကောက် ၊

စိတ်ဆိုး ၊ ရစ် ၊ နားလည်မှုမပေးတာမျိုးမရှိလို့ မမတွေက အကောင်းဆုံးချစ်သူမျိုးပါ။ မမတွေက တည်ငြိမ်တယ်ဆိုပေမယ့် သင့်ကို ရင်ထဲ ၊ အသဲထဲကနေ တုန်ခါနေအောင်ချစ်မှာ ယုံပေးပါ။

(၅) အားလုံးထက် ဂရုစိုက်ချစ်ပေးနိုင်တယ်

မမတွေက အမေလိုတစ်မျိုး ၊ ချစ်သူလိုတစ်မျိုး ၊ အစ်မလိုတစ်မျိုး ၊ သူငယ်ချင်းလိုတစ်မျိုး ဂရုစိုက်ချစ်ပေးနိုင်တယ်။ သင့်ကသာ သစ္စာရှိရှိချစ်ပေးရင် မမတွေကလည်း အဆတစ်ရာလောက်

 ပြန်သစ္စာရှိရှိနဲ့ ချစ်သွားမှာပါ။ မမတွေက အရှုပ်အရှင်းတွေကို စိတ်ညစ်မခံနိုင်ကြလို့ ရှုပ်ပွေမှာကို လည်း စိတ်ပူစရာမလိုပါဘူး။

 

Credit;Hannwe Soe (Auntymay)

                           

          

Read times Last modified on Wednesday, 19 September 2018 10:43
Rate this item
(3 votes)