ထက်မြက်လွန်းတဲ့ မိန်းကလေးတွေကိုချစ်ရင် ဒီအချက်တွေကိုတော့ သိထားဖို့လိုပါတယ်

ထက်မြက်လွန်းတဲ့ မိန်းကလေးတွေကိုချစ်ရင် ဒီအချက်တွေကိုတော့ သိထားဖို့လိုပါတယ် google.com

မိန်းကလေးတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ အမြဲတမ်း ကိုယ့်ကိုယ်ကို ယုံကြည်ချက်သိပ်မရှိပဲ ထားရာနေ၊

စေရာသွားမယ့် စိတ်ခွန်အားနည်းတဲ့ မိန်းကလေးတွေရှိသလို၊ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဘဝကိုရင်ဆိုင်ဖို့ သတ္တိအပြည့်ရှိနေတဲ့ ထက်ထက်မြက်မြက် မိန်းကလေးတွေလည်း ရှိပါတယ်။ ခုဖော်ပြပေးမှာကတော့ ဒုတိယအမျိုးအစားဖြစ်တဲ့ ထက်မြက်လွန်းတဲ့ မိန်းကလေးတွေကိုချစ်ရင် မဖြစ်မနေ သိထားရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

 

() ချုပ်ချယ်တာမကြိုက်ဘူး

 

ထက်မြက်တဲ့မိန်းကလေးတွေဟာ လွတ်လပ်မှုကိုအထူးမြတ်နိုးတဲ့သူတွေဖြစ်ပါတယ်။ ထက်မြက်တဲ့ မိန်းကလေးတစ်ယောကို ချုပ်ချယ်ဖို့၊ ခြယ်လှယ်ဖို့ ကြိုးစားလိုက်ရင် လုံးဝလက်ခံမှာ မဟုတ်တဲ့အပြင် သင်နဲ့အဝေးဆုံးကိုတောင် ထွက်သွားနိုငိပါတယ်။ သူ့ရဲ့ အရည်အချင်း၊ လွတ်လပ်ပိုင်ခွင့်၊ လုပ်နိုင်စွမ်းတွေကို လုံးဝ ဘောင်အခတ်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့် ထက်မြက်လွန်းတဲ့မိန်းကလေးကိုမှ ချစ်မိနေရင်တော့ သူ့ကို ချုပ်ချယ်ဖို့၊ ခြယ်လှယ်ဖို့ လုံးဝမကြိုးစားပါနဲ့။

 

 

() အမိန့်မပေးပါနဲ့

 

ထက်မြက်လွန်းတဲ့မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို၊ အရာရာတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ ရပ်တည်ချင်တဲ့သူတွေပါ။ ဒါကြောင့်သူတို့ကို အမိန့်ပေးတာမျိုး၊ အာဏာပြတာမျိုး လုံးဝမလုပ်ပါနဲ့။ ဒီလိုသွားလုပ်တဲ့အခါ အခြေအနေတွေက ဆိုးဆိုးဝါးဝါးအထိကို ဖြစ်သွားနိုင်ပါတယ်။ ဖြစ်နိုင်သမျှ လေသံချိုလေးနဲ့ ပြောဆိုပြီး အော်တာ၊ ငေါက်တာမျိုးလုံးဝမလုပ်မိဖို့ သတိပြုပါ။

 

 

() လေးစားမှုရှိပါ

 

ထက်မြက်လွန်းတဲ့မိန်းကလေးတွေဟာ တစ်ဖက်သားကို အမြဲတမ်းလေးစားသလို၊ သူတို့ကိုလည်း လေးစားမှုပေးမှ ကြိုက်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုချစ်မိတဲ့အခါ အသေးအမွှားလေးတွေဖြစ်တဲ့ အပြောအဆို၊ အပြုအမူ၊ စကားအသုံးအနှုန်းတွေကအစ အထူးဂရုစိုက်ဖို့လိုပါတယ်။ အကြောင်းရင်းကတော့ ဒီလိုမိန်းကလေးတွေဟာ သိက္ခာနဲ့မာနကို အထူးအလေးထားတဲ့သူတွေဖြစ်လို့ပါ။

 

 

() မလိမ်ပါနဲ့

 

ထက်မြက်လွန်းတဲ့မိန်းကလေးတွေဟာ လူတစ်ယောက်ကို အကဲခတ်နိုင်စွမ်းအရမ်းမြင့်မားတဲ့သူတွေပါ။ ဒါကြောင့် သူတို့နဲ့ပတ်သက်တော့မယ်ဆိုရင် ရိုးသားဖို့က အရေးကြီးဆုံးပါပဲ။ သင့်ဖက်က ဘယ်လောက်ပဲ ပိပိရိရိလိမ်နေပါစေ ရအောင် ဖော်ထုတ်နိုင်စွမ်းရှိတဲ့သူဖြစ်တဲ့အတွက် အစကတည်းက မလိမ်တာ အကောင်းဆုံးပါပဲ။ နောက်ပြီး ထက်မြက်တဲ့မိန်းကလေးတွေဟာ လိမ်တာကို အမုန်းဆုံးဖြစ်ပါတယ်။

 

 

() လွှမ်းမိုးတာခံရမယ်

 

ထက်မြက်လွန်းတဲ့မိန်းကလေးကို ချစ်မိနေရင် သူ့ထက်မထက်မြက်နိုင်ရင်တောင်မှ သူ့လောက်တော့ဖြစ်မှ အဆင်ပြေမှာပါ။ ဒီလိုမှမဟုတ်ရင်လည်း သူဦးဆောင်တာကို ခံရမှာပါ။ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ကို ချစ်မိတဲ့သူအဖို့ ဦးဆောင်လွန်းတယ်၊ ခြယ်လှယ်လွန်းတယ်လို့ မထင်စေချင်ပါဘူး။ အကြောင်းကတော့ အရာရာတိုင်းကို သူ့ရဲ့ အရည်အချင်း၊ သူ့ရဲ့အစွမ်းအစနဲ့ ထိန်းချုပ်နေကျ၊ ဖြေရှင်းနေကျဖြစ်တာကြောင့် သဘာဝတရားကြီးကိုက သူ့ကို ခေါင်းဆောင်နေရာမှာ ထားပြီးသားဖြစ်နေလို့ပါ။

 

 

Credit;Aunty May

Read times Last modified on Monday, 01 October 2018 10:15
Rate this item
(1 Vote)