ရုပ်ချောချောကောင်မလေးတွေ ဘာလို့ ချစ်သူမရှိ၊ တစ်ကိုယ်ရည်ဖြစ်နေကြရတာလဲ

ရုပ်ချောချောကောင်မလေးတွေ ဘာလို့ ချစ်သူမရှိ၊ တစ်ကိုယ်ရည်ဖြစ်နေကြရတာလဲ google.com

အလန်းစား၊ကောင်မလေးချောချောလေးတွေ ဘာလို့ တစ်ကိုယ်ရည်ဖြစ်နေရတာလဲဆိုတာ မရေမတွက် နိုင်တဲ့ သီအိုရီတွေ၊ဆောင်းပါးတွေ အများကြီးရှိပါတယ်။

ဘ၀ရဲ့အရာတော်တော်များများလိုပဲ၊ ဒီကိစ္စကလည်း အခုအချိန်ထိ ပဟေဋိတစ်ပုဒ်ဖြစ်နေဆဲပါ။ တစ်ချို့ကောင်မလေးတွေဆို ရုပ်ချောရုံသာမက၊ ဥာဏ်လည်းထက်၊ ဟာသဥာဏ်လည်းရွှင်၊ ဆင်ခြင်ဥာဏ်လည်းပြည့်တဲ့ ကောင်မလေးတွေပါ။ ဘာလို့ များ သူတို့ အခုထိ ရည်းစားမရှိ၊တစ်ကိုယ်ရည်သမားတွေ ဖြစ်နေရတာပါလဲ။ ဖြစ်နိုင်တဲ့အကြောင်းပြချက် () ခုကတော့

 

 

() သူတို့ ဟာ ဒိတ်တင်း လုပ်ဖို့ အတွက် ရင့်ကျက်သွားပါပြီ

 

ဒီကောင်မလေးချောချောလေးတွေဟာ သူတို့ တကယ်လက်တွဲဖို့ မဖြစ်နိုင်တဲ့ ကောင်လေးတွေနဲ့ ပတ်သတ်ပြီး သူတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်ကို မပေးချင်တော့ပါဘူး။ ဒါပေမယ့် သူတို့ မချစ်တတ်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ တကယ်လို့ သူမရဲ့ အချိန်တွေ၊ အချစ်တွေပေးဖို့ ထိုက်တန်တဲ့ လူတစ်ယောက်ပေါ်လာရင်တော့ သူတို့ ရင်ခုန်သံတွေ ပြန်ရှင်သန်လာမှာဖြစ်ပါတယ်။

 

 

() လေးနက်မှုမရှိတဲ့ အပျော် လိင်ဆက်ဆံမှုမျိုးကို စိတ်မ၀င်စားပါဘူး

 

အခုမျိုးဆက်ဟာ ဘာမှနှောင်ကြိုးတွေမရှိတဲ့ အပျော်လိင်ဆက်ဆံမှုမျိုး ပြုလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီကောင်မလေးတွေကတော့ အချစ်နဲ့ ရမ္မက်ကို မရှုပ်ထွေးတတ်ကြပါဘူး။ သူမရဲ့ဘ၀တစ်ခုလုံးကို ပေးအပ်ဖို့ အတွက် ထိုက်တန်တဲ့အမျိုးသားကို စိတ်ရှည်ရှည်စောင့်တတ်ကြပါတယ်။

 

 

() သူမဘ၀ရဲ့ ကွက်လပ်ကို ဖြည့်ဖို့ မရှာတတ်ပါဘူး

 

ငယ်ရွယ်တဲ့ ဆယ်ကျော်သက်လေးတွေအနေနဲ့ သူတို့ ဘ၀ရဲ့ လစ်ဟာနေတဲ့ ကွက်လပ်လေးတွေကို ဖြည့်ဖို့ ကြိုးစား တတ်ကြပါတယ်။ ဒီကွက်လပ်လေးတွေက အများအားဖြင့်၊ အလုပ်အကိုင်၊မိသားစု၊ကျန်းမာရေး၊ ရိုမန်တစ်ဆန်တဲ့အချစ်ရေး နဲ့ သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်ပါတယ်။ ရုပ်ချောတဲ့တစ်ကိုယ်ရည်ကောင်မလေး တွေဟာ အချစ်ရေးကလွဲလို့ ကျန်တဲ့နေရာတွေမှာ ပြည့်စုံနေတတ်ကြပါတယ်။ ဒါပေမယ့်လိုနေတဲ့ ကွက်လပ်လေးကို ဖြည့်ဖို့လည်း သူတို့ မရှာတတ်ကြပါဘူး။

 

 

() သူမမှာ အဘက်ဘက်ကပြည့်စုံနေတယ်

 

ကောင်လေးတစ်ယောက်ဟာအဘက်ဘက်ကပြီးပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့တဲ့အခါ သူ့ဘ၀ရဲ့တကယ့်လက်တွဲဖော်ကောင်းဖြစ်မယ်ဆိုတာသိနေတတ်ပါတယ်။ သူမဟာ ချောတယ်၊ ဗဟုသုတလည်း ပြည့်တယ်၊ ပင်ကိုယ်စရိုက်လေးတွေကလည်း ကောင်းနေတယ်ဆိုရင် သူ့ အတွက် ငြင်းစရာကို မရှိပါဘူး။ ဒါပေမယ့် အဘက်ဘက်ကပြည့်စုံနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ အတည်တကျ အချစ်ရေးတစ်ခုကို ထူထောင်ဖို့ အတွက် အဆင်သင့်မဖြစ်သေးတဲ့ ယောင်္ကျားလေးတစ်ယောက်ဟာ ရှေ့ မတိုးဘဲ နောက်ဆုတ်သွားတတ်ပါတယ်။

 

 

() သူမ ဘာလိုချင်လဲဆိုတာ သူမကောင်းကောင်းသိတယ်

 

ဒီ အလှပဂေးဆင်ဂယ်လ်မလေးဟာ အရင်ကလည်း ဒိတ်တင်းတော်တော်များများကြုံဖူးခဲ့တာကြောင့် သူမ ရေရှည်လက်တွဲရမယ့်ချစ်သူမျိုးက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူမကောင်းကောင်းသိပါတယ်။ အရွယ်ရောက်တဲ့ အထိ မိဘဆီမှာ ခိုကပ်နေတဲ့ ကောင်လေးတွေကို လက်ခံပေးနေရတာကို ငြီးငွေ့ နေပါပြီ။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ပြီး၊ အောင်မြင်တဲ့ဘ၀ကို ပိုင်ဆိုင်ထားကာ၊ သူမနဲ့ ကိုက်မယ့် ချစ်သူမျိုးကို ရှာနေတတ်ပါတယ်။ရုပ်ကလေးလည်းချော၊ကိုယ်လုံးကိုယ်ပေါက်လည်းလှတဲ့ ဆင်ဂယ်လ်ကောင်မလေးတစ်ယောက်ဟာ သူမနဲ့သင့်တော်မယ့်လူ မတွေ့ မချင်း ဆင်ဂယ်လ်ဘ၀မှာနေနေရတာကိုပဲ ကျေနပ်နေပါလိမ့်မယ်။ ဒါဟာသူမကိုယ်တိုင် ကျေကျေနပ်နပ်နဲ့ ရွေးချယ်ထားတာဖြစ်ပါတယ်။

 

 

Credit;Trend Myanmar

Read times Last modified on Tuesday, 18 September 2018 11:12
Rate this item
(1 Vote)