အမျိုးသမီးတွေလက်ထပ်ခွင့်တောင်းခွင့်ရှိတဲ့ ဖေဖော်ဝါရီ၂၉ရက်နေ့(Bachelor’s Day)

အမျိုးသမီးတွေလက်ထပ်ခွင့်တောင်းခွင့်ရှိတဲ့ ဖေဖော်ဝါရီ၂၉ရက်နေ့(Bachelor’s Day) google

ဖေဖော်ဝါရီ၂၉ရက်နေ့ဆိုတာ လေးနှစ်မှာတစ်ကြိမ်သာကြုံကြိုက်တာဖြစ်လို့ ကမ္ဘာ့အနှံံ့ကလူတွေဟာ ဒီနေ့လေးမှာထူးခြားတဲ့အရာလေးတွေကိုပြုလုပ်ကြပါတယ်။

အိုင်ယာလန်လူမျိုးတွေရဲ့ရိုးရာအရဖေဖော်ဝါရီ၂၉ရက်နေ့မှာအမျိုးသမီးတွေဟာမိမိတို့သဘောကျနှစ်သက်တဲ့အမျိုးသားတွေကိုတရားဝင်လက်ထပ်ခွင့်တောင်းခွင့်ရှိပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီ၂၉ရက်နေ့ကို Bachelor’s Day လို့လည်းလူသိများပါတယ်။

များသောအားဖြင့်ထိုနေ့မှာ လက်ထပ်ခွင့်အတောင်းခံရတဲ့ အမျိုးသားတွေက ထိုလက်ထပ်ခွင့်ကို လက်ခံလေ့ရှိကြပါတယ်။

အမျိုးသားအနေနဲ့လက်ထပ်ခွင့်ကိုငြင်းပယ်ချင်ရင်တော့အမျိုးသမီးအတွက်အဖိုးတန်ပိုးထည်ဝတ်စုံကိုလက်ဆောင်ပြန်ပေးကြရပြီး

၂၀ရာစုအလယ်ပိုင်းလောက်မှာတော့ ခေတ်စနစ်တိုးတက်လာမှုကြောင့် သိုးမွှေးအင်္ကျ ီတွေကို လက်ဆောင်အဖြစ်ပြန်လည်ပြင်ဆင်ပေးလာကြပါတယ်။

အင်္ဂလန်နိုင်ငံမှာတော့ လက်ထပ်ခွင့်အတောင်းခံရတဲ့အမျိုးသားဟာလက်ထပ်ခွင့်ကိုငြင်းမယ်ဆိုရင် အမျိုးသမီးအတွက်လက်အိတ်၁၂စုံကို Easter Day မှာဝယ်ပေးရတဲ့ဓလေ့ရှိပါတယ်။

တချို့နေရာတွေမှာတော့ ဖေဖော်ဝါရီလ၂၉ရက်နေ့တွင်သာမက ရက်ထပ်နှစ်တစ်နှစ်ပတ်လုံး မည့်သည့်ရက်တွင်မဆို အမျိုးသမီးတွေအနေနဲ့ လက်ထပ်ခွင့်တောင်းခွင့်ရှိပါတယ်။

လက်ထပ်ခွင့်တောင်းခွင့်ရှိပေမယ့် လက်ထပ်ပွဲကိုတော့ဖေဖော်ဝါရီ၂၉ရက်နေ့မှာ မပြုလုပ်သင့်ပါဘူး။

ဂရိလူမျိုးတွေအနေနဲ့ ရက်ထပ်နှစ်(အထူးသဖြင့် ဖေဖော်ဝါရီလ ၂၉ရက်နေ့) မှာလက်ထပ်ခြင်းက ကံဆိုးစေတဲ့အယူရှိသလို မြန်မာအယူအဆအရလည်း

ဖေဖော်ဝါရီ၂၉ရက်နေ့ဟာ တပေါင်းလဖြစ်နေပြီဖြစ်လို့ လက်ထပ်ခြင်းအမှုကို မဆောင်ရွက်တာအကောင်းဆုံးပါပဲ။

Reference: wikipedia

Beauty Parlours (အလှပြင်ဆိုင်) (4508) ဆိုင်ကို သိရှိလိုပါနှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...

ဖေဖော်ဝါရီ၂၉ရက်နေ့ဆိုတာ လေးနှစ်မှာတစ်ကြိမ်သာကြုံကြိုက်တာဖြစ်လို့ ကမ္ဘာ့အနှံ့ကလူတွေဟာ ဒီနေ့လေးမှာထူးခြားတဲ့အရာလေးတွေကိုပြုလုပ်ကြပါတယ်။











Reference: wikipedia


 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 21 February 2020 14:11
Rate this item
(1 Vote)
Tagged under