ကိုယ်နဲ့လက်ထပ်မည့်ချစ်သူကို ကြိုတင်မေးထားသင့်တဲ့အချက်များ

ကိုယ်နဲ့လက်ထပ်မည့်ချစ်သူကို ကြိုတင်မေးထားသင့်တဲ့အချက်များ google.com

ကိုယ်နဲ့လက်ထပ်ဖို့အထိ ရည်ရွယ်ပြီးသားချစ်သူကို အောက်ပါမေးခွန်းလေးတွေ ကြိုတင်မေးမြန်း ထားသင့်ပါတယ်။

ဘ၀ကို အတူတူဖြတ်သန်းနိုင်မလား

 

အထက်ပါမေးခွန်းက အရေးကြီးပါတယ်။ လက်ထပ်ပြီးမှ မဖြတ်သန်းနိုင်ဘဲ အားလျော့ကျန်ခဲ့တဲ့ သူတွေအများကြီးပါ။ ဒီမေးခွန်းကို ဖြေနိုင်တယ်ဆိုပြီး လက်တွဲဖော်ရယ်လို့ သတ်မှတ်လို့ မရသေးပါ။

 

ဘ၀ကို အရှိအတိုင်းလက်ခံနိုင်မလား

 

ကိုယ့်ဘ၀အခြေအနေကို အရှိအတိုင်း လက်ခံနိုင်သလား သို့မဟုတ် အားနည်းချက်တွေအများကြီးရှိလို့ သိမ်ငယ်စိတ်ခံစားနေရလားဆိုတာ ရှင်းရှင်းလင်းလင်း သိထားရန် လိုအပ်ပါတယ်။

 

ဘယ်လောက်စုမိနေပြီလဲ

 

ဒါကတော့ မေးသင့်တဲ့မေးခွန်းပဲဖြစ်ပါတယ်။ ငွေမက်လို့ မေးတဲ့မေးခွန်းမဟုတ်ပါ။ တစ်ယောက်နဲ့တစ်ယောက် ယူလိုက်ပြီးမှ ကသီကလင်ဖြစ်မှာစိုးလို့ မေးရတာဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်မှုထဲမှာ အရေးပါပါတယ်။ ရှေ့နောက်မစဉ်းစားဘဲ ယူလိုက်မိကြတဲ့အတွက်ကြောင့် နေ့ဖို့ညစာ အဆင်မပြေတဲ့သူတွေလည်း ရှိပါတယ်။

 

ပိုက်ဆံထိန်းသိမ်းနိုင်မလား

 

အိမ်ထောင်တစ်ခုကို တည်ထောင်တဲ့အခါမှာ ပိုက်ဆံကို ထိန်းညှိနိုင်ဖို့ဆိုတာ အလွန်ခက်ခဲတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။ နှစ်ဦးသား ၀င်ငွေ ထွက်ငွေ မျှတအောင် သုံးစွဲတတ်မှသာ ပြဿနာများကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

ဘယ်အိမ်မှာနေကြမလဲ

 

အိမ်ထောင်ပြုပြီးရင် ဘယ်မှာနေကြမလဲဆိုတာကလည်း အရေးကြီးပါတယ်။ မိဘအိမ်မှာကပ်နေမယ်ဆိုရင် နောင်တစ်ချိန်ကျရင် ပြဿနာဖြစ်နိုင်ပါတယ်။

 

အိမ်ထောင်တစ်ခုကို သီးသန့်တည်ထောင်ခြင်းကမှ အဓိပ္ပါယ်ရှိ ပါတယ်။ ကိုယ့်ဘာသာ ခွဲနေနိုင်အောင် ကြိုးစားခြင်းက ပိုပြီး ပြည့်စုံမှာဖြစ်ပါတယ်။

 

သို့မှသာ လင်မယား ပြဿနာဖြစ်ရင်လည်း မိဘတွေက မျက်နှာလိုက်စရာမလိုတော့ပါဘူး။

 

Read times Last modified on Wednesday, 19 September 2018 14:47
Rate this item
(1 Vote)