ကိုယ့်ချစ်သူနဲ့ ရေရှည်လက်တွဲဖို့ဆုံးဖြတ်ထားတယ်ဆိုရင်

ကိုယ့်ချစ်သူနဲ့ ရေရှည်လက်တွဲဖို့ဆုံးဖြတ်ထားတယ်ဆိုရင် google.com

ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြပြီး ရေရှည်လက်တွဲဖို့အတွက်

အောက်ပါအချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ချစ်သူနှစ်ဦး စိတ်အခန့်မသင့်ရင်တော့ တစ်ခါတလေမှာ ရန်ပွဲဆိုတာ ရှိတတ်ပါတယ်။ အဲဒီတခဏတာအချိန်ရဲ့ ဆုံးဖြတ်ချက်လေးနဲ့ ချက်ချင်းကြီးချပြီး လမ်းမခွဲလိုက်ပါနဲ့။

 

ဒေါသတွေ စိတ်ခံစားချက်တွေကြောင့် သိပ်ချစ်ရတဲ့ချစ်သူနှစ်ဦးကို လမ်းမခွဲစေချင်လို့ပါ။

 

စဉ်းစားဆင်ခြင်ခြင်း

 

ချစ်သူနှစ်ဦး ရေရှည်လက်တွဲဖို့အတွက်ကို ခေါင်းအေးအေးထားစဉ်းစားရပါမယ်။ နှစ်ဦးသား ခဏတာအခိုက်အတန့် ရန်ဖြစ်ရုံနဲ့တော့ လမ်းမခွဲသင့်ဘဲ သေသေချာချာ စဉ်းစားသင့်ပါတယ်။

 

ခွင့်လွှတ်ခြင်း

 

နှစ်ယောက်စလုံး ဘယ်သူပဲမှားမှား ကိုယ်မှားတာသိရင် ခွင့်လွှတ်တတ်ရပါမယ်။ အမှားကိုသိမှ အမှန်ပြင်ရမယ့် သတ္တိကိုလည်း မွေးရပါမယ်။ ဒါမှ တစ်ယောက်နဲ့တစ်ယောက် ရေရှည်လက်တွဲဖို့အတွက် ဖြစ်လာမှာပါ။

 

အလျှော့ပေးခြင်း

 

တကယ်တော့ ဘယ်သူမှားမှား မှန်မှန် တကယ်ချစ်တဲ့သူက အလျော့ပေးရပါမယ်။ တကယ်ချစ်တဲ့ချစ်သူတိုင်းကတော့ ကိုယ်ချစ်ရတဲ့သူအပေါ်မှာ အမြဲတမ်း အလျှော့ပေးတတ်ကြတာတော့ တွေ့ဖူးကြမှာပါ။

 

အပြန်အလှန်အလျှော့ပေးခြင်း

 

တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှုဆိုတာသာရှိနေရင် အတ္တများမရှိခြင်း၊ အထင်အမြင်လွဲမှုများ မရှိဘူးဆိုရင်တော့ ရန်ပွဲလည်း မရှိသလောက်ဖြစ်သွားပါမယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေးစားမှုရှိရင်တော့ နှစ်ဦးစလုံးရဲ့ ဘ၀ခရီးက သာယာဖြောင့်ဖြူးနေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:18
Rate this item
(1 Vote)