အချစ်ရေးတွင် ရှောင်ကြဉ်ရမည့် အချက်များ

အချစ်ရေးတွင် ရှောင်ကြဉ်ရမည့် အချက်များ google.com

အချစ်ရေးတွင် နှစ်ဦးသား တစ်ယောက်အကြောင်းတစ်ယောက် နားလည်လာပြီးမှ ကိုယ်လုပ်လိုက်တဲ့ အမှားလေးတစ်ခုကြောင့် ဆိုးဝါးလှတဲ့ အခြေအနေကို ဦးတည်သွားတာမျိုး မဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

 

ကိုယ့်ထင်မြင်ချက်နဲ့ ဆုံးဖြတ်ခြင်း

 

ချစ်သူနှစ်ဦး တစ်ယောက်အကြောင်း တစ်ယောက်သိတာပဲဆိုပြီး ချစ်တဲ့အကြောင်း မပြောပဲနေခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။

 

ဒီနေ့တော့ ငါ ရုံးနောက်ကျမှာ သူသိမှာပဲလေဆိုပြီး ဖုန်းမဆက်တော့ပါဘူးဆိုတာမျိုးတွေကို ကိုယ့်ထင်မြင်ချက်နဲ့ မဆုံးဖြတ်လိုက်ပါနဲ့။

 

ချစ်သူနှစ်ဦး ဘယ်လောက်ပဲကြာနေတဲ့ အချစ်ရေးမဆို အမြဲတမ်း ထိတွေ့ပြောဆို ဆက်ဆံပေးဖို့၊ ဂရုစိုက်ပေးဖို့ ကြင်နာမှုလေးတွေပေးဖို့ အမြဲတမ်း လိုအပ်နေပါလိမ့်မယ်။

 

သူ့တာဝန်ချည်းပဲဆိုတာမျိုး မလုပ်မိခြင်း

 

ကိုယ့်ကိုယ်ပျော်အောင်ထားဖို့နဲ့ စိတ်ကျေနပ်အောင်လုပ်ပေးဖို့က သူ့တာဝန်ချည်းပဲဆိုပြီး မသတ်မှတ်မိစေနဲ့။ သူ့မှာလည်း သူ့ခံစားချက်နဲ့မို့ ဒါကို အမြဲထည့်စဉ်းစားသင့်ပါတယ်။

 

၎င်းအပြင် သင့်ချစ်သူကို သူပြုလုပ်ပေးတဲ့ အရာတိုင်းအတွက် ချီးမွမ်းပြောဆိုပေးဖို့နဲ့ ကျေးဇူးတင်ကြောင်းပြောဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

 

သူ့အပေါ် မလေးမစားမပြောဆိုမိခြင်း

 

ချစ်သူနှစ်တည်းပဲဖြစ်စေ၊ အခြားလူတွေရှေ့မှာဖြစ်စေ၊ ကလေးတွေရှေ့မှာဖြစ်စေ ကိုယ့်ချစ်သူ ကိုယ့်အိမ်ထောင်ဖက်ကို မလေးမစား မပြောဆိုမိအောင် ဂရုပြုရပါမယ်။

 

တစ်ဦးနှင့်တစ်ဦး ခိုင်မြဲပြီး ပျော်ရွှင်နေကြတဲ့ စုံတွဲတွေက ဘယ်လောက်ထိ ရင်းနှီးနေပါစေကာမူ လေးစားမှုလေးရှိရင်တော့ အဆင်ပြေစေနိုင်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 11:07
Rate this item
(4 votes)