တစ်ယောက်သောသူကို စွဲလန်းစေတဲ့အချက်များ

တစ်ယောက်သောသူကို စွဲလန်းစေတဲ့အချက်များ google.com

လူတစ်ယောက်ကို နှစ်သက်စွဲလန်းမိသွားတယ်ဆိုရင်တော့ သင်အရမ်းကို ခံစားရမှာဖြစ်ပါတယ်။

ချစ်တဲ့အဆင့်က သိပ်ပြီး မခံစားရပေမယ့် စွဲလန်းတဲ့ အဆင့်ကိုရောက်သွားရင် အရမ်းကို ခံစားရခက်ခဲလှပါတယ်။

 

တကယ်လို့ သင်ဟာ လူတစ်ယောက်နဲ့ ပတ်သက်ပြီး ဒီလိုတွေ ခံစားနေရရင် သူ့ကိုသင် အကြီးအကျယ် သူ့ကို စွဲလန်းမိနေတာ သေချာပါတယ်။

 

သင်ဟာ မိုးလင်းကနေ မိုးချုပ်တဲ့အထိ မျက်စိနှစ်လုံးပွင့်တာနဲ့ သူ့အကြောင်းချည်းပဲတွေးနေခြင်း၊ အိပ်ခါနီးလည်း သူ့အကြောင်းတွေးပြီး အိပ်သွားတတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

 

ယင်းခံစားချက်ဟာ တစ်ခါတလေကိုယ့်ကို ပျော်စေသလို တစ်ခါတစ်ရံ ကိုယ့်ကို နာကျင်စေပါတယ်။

 

တစ်နေကုန်လည်း သူ့အကြောင်းကလွဲပြီး ဘာမှကို မတွေးချင်၊ မလုပ်ချင်ပဲ တစ်ခါတစ်လေ ငူတူတူ ငိုင်တိုင်တိုင် ဖြစ်နေတတ်ပါတယ်။

 

သူ့ရဲ့ ရှိသမျှ ဆက်သွယ်လို့ရမယ့် နေရာတိုင်းကနေ သူ့ကို ခြေရာခံမိဖို့ ကြိုးစားနေမိမှာဖြစ်ပါတယ်။

 

သူဘာလုပ်တယ်၊ ဘယ်သွားတယ်၊ ဘယ်သူနဲ့နေလဲ ဆိုတာတွေအားလုံးကို သင်သိချင်နေသလို သိအောင်လည်း သင်ကြိုးစားနေမိမှာ ဖြစ်ပါတယ်။

 

တစ်ခါတလေကျရင် ဒီလိုတွေလုပ်နေမိလို့ သူများတွေရဲ့ အထင်အမြင်သေးတာတောင် ခံရနိုင်ပါတယ်။ သို့ပေမယ့်လည်း သင်က သိသိကြီးနဲ့ မျက်စိစုံမှိတ်ပြီး ရှေ့ဆက်တိုးဖို့ပဲ စဉ်းစားနေမိမှာ အမှန်ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:53
Rate this item
(3 votes)