ချစ်သူကောင်လေးကို မပြောသင့် တဲ့စကား

ချစ်သူကောင်လေးကို မပြောသင့် တဲ့စကား Google

မိန်းကလေးတွေ အများစုဟာ စိတ်ထဲက မပါဘဲ တစ်စုံတစ်ယောက်ကို မခံချင်အောင် ပြောတတ်ပါတယ်။ 

တစ်ခါတလေ အပျော်သဘောမျိုးလို့ သတ်မှတ်လို့ရပေမယ့် တစ်ခါတလေကျတော့လည်း ယောက်ျာလေးတွေရဲ့ စိတ်ထဲမှာ နာကျည်းမှုတွေဖြစ်တတ်သလို တစ်ချို့မေးခွန်းများကျတော့လည်း သိက္ခာတရားကို ရိုက်ချရာရောက်ပါတယ်။ တစ်ခါတစ်လေ အဖုအထစ်သေးသေးလေးတွေကနေ တဖြည်းဖြည်းကြီးမားလာပြီးလမ်းခွဲကြတဲ့အထိတောင် ဖြစ်တတ်ပါတယ်။ ဒီတော့ ဒီလို ဘာမဟုတ်တဲ့ အဖုအထစ်လေးတွေကြောင့်စိတ်မညစ်ရအောင် အောက်မှာတော့ ယောင်္ကျားလေးတွေကို မပြောသင့်တဲ့ စကား(၅)ခွန်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

 

 

ငါ့ကိုချစ်ရင် နင်သိသင့်တယ်

 

တစ်ခါတလေ ကောင်မလေးက ကောင်လေးအပေါ်မှာ တစ်ခုခုကို စိတ်တိုင်းမကျတာ ဖြစ်တဲ့အခါ အဲဒီလိုလုပ်ရပ်မျိုးကို မကြိုက်ဘူးလို့ ပြောမယ့်အစား ငါ့ကို ချစ်ရင် နင် ဒါမျိုးလုပ်မှာမဟုတ်ဘူး၊ အဲဒီလို လုပ်တာငါ့ကို မချစ်ဘူးဆိုတဲ့သဘောလား၊ အဲဒီကောင်မတွေနဲ့ စကားပြောတော့ ငါ့ကို မချစ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပေါ့-ဆိုတာမျိုးလေးတွေဟာ ယောက်ျားလေးတစ်ယောက်အဖို့ အတော်လေး စိတ်ကျဉ်းကြပ်စေတဲ့ မေးခွန်းဖြစ်ပါတယ်။

 

 

 ယောက်ျားမပီသဘူး

 

ယောက်ျားပီသခြင်း မပီသခြင်းကိစ္စမှာ ခန္ဓာဗေဒနဲ့ စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေတောင် အငြင်းပွားနေတဲ့ အချက်တွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီလို စကားမျိုးအပြောခံရတဲ့ ယောက်ျားဟာ သူ့ကို မိန်းမလိုမိန်းမရသမားလို့ ပြောတာကို သွယ်ဝိုက်ပြောရာရောက်တဲ့အတွက် မိန်းကလေးတွေဘက်က ရှောင်ကြဉ်ရမှာပါ။

 

 

အဲဒီကောင်မလေးက လှသလား

 

တစ်ခါတလေ မိမိချစ်သူနဲ့ နီးစပ်တဲ့ သူငယ်ချင်း မိန်းကလေးတွေ ရှိတတ်ပါတယ်။ အကြောင်းတိုက်ဆိုင်လို့ အဲဒီကောင်မလေးအကြောင်း ရောက်သွားတဲ့အခါမျိုးမှာ ကိုယ့်ရည်းစားကို အကဲစမ်းတဲ့သဘောမျိုးနဲ့ အဲဒီကောင်မလေးက လှသလား-လို့ မေးလိုက်တာမျိုးဟာ သူစိတ်အခန့်မသင့်တဲ့အချိန်မျိုးဆို စိတ်ဆိုးသွားနိုင်ပါတယ်။ ဒီမေးခွန်းဟာလည်း သူ့ဟာသူနေတဲ့ ကောင်မလေးရဲ့ သိက္ခာတရားကို သွယ်ဝိုက်ချိုးနှိမ်ရာရောက်ပြီး မိန်းမချင်း ကိုယ်ချင်းစာမှုမရှိတာကို ပြသရာရောက်စေပါတယ်။ ဒါ့အပြင် ကိုယ့်ရည်းစားရဲ့ သိက္ခာကိုလည်း ထိပါးစေလို့ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

 

 

ငါ့ကို ဘယ်တော့လက်ထပ်မှာလဲ

 

ဒီမေးခွန်းက ဘယ်လောက်ပဲ ချစ်သက်ရှည်ရှည် မမေးသင့်တဲ့ မေးခွန်းထဲမှာ ပါပါတယ်။ အကြောင်းတိုက်ဆိုင်လို့ ပြောကြတဲ့အခါမှာ သူဟာ သင့်ကို လက်ရှိအချိန်ထိ လက်မထပ်နိုင်သေးတဲ့အကြောင်းတွေ သင်ကိုယ်တိုင် သိပြီးဖြစ်မှာပါ။ ဒါကြောင့် သိသိကြီးနဲ့ ဒီလိုမေးခွန်းမျိုး မေးရင် ကောင်လေးတွေကို ဖိအားပေးသလို၊ ဥပမာ ငွေကြေးကြောင့် မယူနိုင်သေးတဲ့ ချစ်သူကို ရာဇ၀တ်မှုတစ်ခုခုမှာ ပတ်သက်ဖို့ မဟုတ်မဟတ်ကိစ္စမျိုးတွေကို လုပ်စေသည်အထိ အားပေးရာ ရောက်ပါတယ်။

 

 

 ငါ့အရင်ရည်းစားဆို ဒီလိုမလုပ်ဘူး

 

ဒါကတော့ အရင်ရည်းစားဟောင်းရှိတဲ့ကောင်မလေးတွေကို ရည်ညွှန်းပါတယ်။ များသောအားဖြင့် သင့်လက်ရှိရည်းစားရဲ့ မခံချင်စိတ်ကို စွတဲ့အနေနဲ့ ငါ့အရင် ရည်းစားကတော့ နင်လို့မဟုတ်ပေါင်- ငါ့ အရင်ရည်းစားက နင့်လောက် မတုံးဘူး-စတဲ့ မလိုလားအပ်တဲ့ နှိုင်းယှဉ်မှုတွေ မလုပ်သင့်ပါဘူး။ ဒါက အချစ်တစ်ခု ပြိုကွဲဖို့အထိ သက်ရောက်စေနိုင်တဲ့ ဆိုးကျိုးရှိပါတယ်။

 

 

 

Myanmar Wedding Guide 

Read times Last modified on Tuesday, 25 June 2019 15:05
Rate this item
(1 Vote)
Tagged under