အချစ်တွေ ရိုးမသွားဖို့

အချစ်တွေ ရိုးမသွားဖို့ google.com

The First Meet တွေ့ခဲ့တဲ့နေရာလေးမှာ စတွေ့စအကြောင်းလေးတွေကိုပြန်ပြောကျရင်း အဲ့အချိန်လေးတွေကိုခဏလောက် ပြန်သွားကြည့်လိုက်ပါ။

 

ကိုယ့်ချစ်သူလေးတွေကိုချစ်ရတာ အချိန်တွေကြာလာလို့ ရိုးသွားတယ်လို့နည်းနည်းလေးခံစားလာရပါသလား။ ဒီတိုင်းပုံမှန်လေးပဲချစ်နေကျမယ်ဆိုရင်တော့ ချစ်ရတာရိုးလာတတ်ပါတယ်။ အချစ်တွေရိုးမသွားအောင်လို့ ပြုလုပ်ပေးရမယ့် အရာလေးတွေကို ပြောပြပေးချင်ပါတယ်။

 

 

ပထမဆုံးစတွေ့တဲ့နေရာလေးကို ပြန်သွားပါ

 

ဒီတိုင်းလေးပုံမှန်အတိုင်းနေနေရတာကတော့အချိန်ကြာရင်ပျင်းစရာကောင်းလာမှာပါ။ ဒီလိုမဖြစ်ရလေအောင်ပထမဆုံးစတွေ့တဲ့နေရာလေးကို ပြန်သွားပါ။ The First Meet တုန်းကအကြောင်းလေးတွေကို ပြန်ပြောကျရင်း အာ့အချိန်လေးတွေကို ခဏလောက်ပြန်သွားကြည့်လိုက်ပါ။ အလိုလိုနေရင်းရင်တွေခုန်လာပြီး အခုမှစတွေ့ကျတဲ့သူတွေလို ရင်ခုန်နှုန်းတွေ အလှပ်လှပ်ဖြစ်လာပြီး ရိုးချင်နေတဲ့အချစ်တွေကို ပြန်လည်ဆန်းသစ်လိုက်ပါနော်။

 

 

နှစ်ယောက်သားအတူတူမပြုလုပ်ဖူးတာကို ပြုလုပ်ကြည့်ပါ

 

ချစ်သူလေးတွေအချင်းချင်း တွေ့ကြတဲ့အချိန်ဘာတွေပြုလုပ်ကြပါသလဲ။ ဘယ်သွားကြပါသလဲ။ ခါတိုင်း ပြုလုပ်နေတာတွေနဲ့မတူဘဲ ပြုလုပ်နေကျမဟုတ်တာကို ပြုလုပ်ပေးပါ။ မှတ်မှတ်ရရဖြစ်စေမယ့် အရာလေးတွေကို စဉ်းစားပြီးပြုလုပ်ပေးပါ။ ပန်းခြံမှာစက်ဘီးသွားစီးတာမျိုး၊ မစားဖူးတဲ့ဆိုင်မှာ သွားစားတာမျိုး၊ မြို့တစ်ပတ် ရထားပတ်စီးတာမျိုး၊ ချစ်သူလက်ကလေးကိုတွဲပြီး လမ်းအဝေးကြီးလျှောက်ကြည့်ပါ။ တခုခုအမှတ်တရအသစ်လေးကို ဖန်တီးလိုက်ပါ။

 

 

ဖုန်းတစ်ညလုံး ပြောကြည့်ပါ

 

ချစ်သူတွေ ဖြစ်စကတော့မနားတမ်းဖုန်းပြောကြမှာသေချာပါတယ်။ အချိန်တွေနည်းနည်းကြာလာရင်တော့ အချစ်တွေနည်းနည်းအေးစက်တတ်လာတဲ့အချိန်မှာ ချစ်စ ကြင်နာစကပြုလုပ်ခဲ့တာလေးတွေကို ပြန်လည် ပြုလုပ်ပေးပါ။ ဖုန်းကို တစ်ညလုံးမနားတမ်း ပြောကြည့်ပါ။ အိပ်တော့မပျော်လိုက်နဲ့နော်။ အိပ်ချင်နေရင်းနဲ့မအိပ်ချင်အောင် အကြောင်းအရာလေးတွေကိုစဉ်းစားရင်းပြောရင်းနဲ့ နှစ်ယောက်သားကြားကချစ်ခြင်းတွေကိုအမြဲ ရှင်သန်နေပါစေ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:43
Rate this item
(1 Vote)