မတ်လအတွင်း ပြောင်းလဲလာမည့် စနေသားသမီးတို့ရဲ့ ကံကြမ္မာ
မတ်လအတွင်း ပြောင်းလဲလာမည့် စနေသားသမီးတို့ရဲ့ ကံကြမ္မာ google
စနေသားသမီးများ ဤလ အိမ်လူအဝင်အထွက်များမည်။ရွှေ၊ ငွေဝင်မယ်။ မိသာစုပျော်ရွှင် ဘုရားဖူးသွားရလိမ်မည်။မိမိအိမ်မှာ ဆွေမျိုးအသိုင်းဝိုင်းများ လာတတ်သည်။
ဘုရင်းဆင်းတုတော်တွေ၊ ဘုရားပုံတော်တွေ အိမ်ကိုကြွလာတတ်တယ်။ အလှူလုပ်ရတတ်တယ်။ လုပ်ရမယ့် အလှူကလည်း ရည်ရွယ်တုန်းက အသေး၊ တကယ်လုပ်တော့ ကြီးမားသွားမည်။
ပညာရေး ကောင်းထားသည်။ ပညာရေးအခွင့်အလမ်းများအတွက် ဆွေးနွေးဟောပြောခြင်း ကောင်း၏။ ပညာရေးအခွင့်အလမ်းများရခြင်းနှင့် မိမိကိုယ်တိုင်ကလဲ အချစ်ထက်အရေး
ကြီးတာကို အချိန်ပေးမိနေတာကြောင့်ချစ်သူရဲ့စိတ်ကောက်စိတ်ဆိုးခြင်းခံရမည်။
အချစ်ရေးနှင့်အိမ်ထောင်ရေးများ ဝိဝါဟမင်္ဂလာ၊ စေ့စပ်လက်ထက် စကားလမ်းကြောင်းပြု ထားကိစ္စများ အကောင်အထည် ဆောင်ရွက်ရာတွင်
ခေတ္တခဏ ယာယီ အကြောင်းအရာ တစ်ခုကြောင့် ရပ်ဆိုင်း ရက်ရွေ့ ဖြစ်ပေါ်လာတတ်သည်။ အိမ်ထောင်ရှင်များအနေဖြင့် အိမ်ထောင်ရေးသာယာပြီး စိတ်ပျော်ရွှင်နေရတတ်ပါတယ်။
ဝန်ထမ်းများ အနေဖြင့် ရာထူးတက်ကိန်းရှိနေတတ်ပါတယ်။ ဌာနဆိုင်ရာအတွင်းလုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်ပြေမှုမျိုးနှင့် ကြုံရတတ်ပါတယ်။
အချစ်ရေး ကံကောင်း၍ စိတ်ပျော်ရွှင်နေရတတ်ပါတယ်။
စီပွားရေးအနေနဲ့ အုတ်၊သဲ၊ကျောက်လုပ်ငန်း၊ ကျင်းတူး၊အဝီစီတွင်းတူးလုပ်ငန်း၊ အိမ်ဆောက်ပစ္စည်းအရောင်အဝယ်၊
ကွန်ဒို၊တိုက်ခန်းရောင်းဝယ်၊ဆေးဝါးသစ်၊ အလှကုန်ပစ္စည်းသစ်များ ထုတ်လုပ်ခြင်း၊ ယာဉ်ကားရောင်းဝယ်ခြင်း အကျိုးဖြစ်၍
အလုပ်အကိုင်အခွင့်အရေးများအတွက် အလုပ်လျှောက်ခြင်း စာဖြေ၊ အင်တာဗျူးအောင်မြင်မှုရရှိမည်။အကျိုးဖြစ်လိမ့်မည်။ လုပ်ငန်းစီးပွားရေး အောင်မြင်မည်။
တနင်္ဂနွေနေ့နံသားများ အကျိုးပေးမည်။
အထူး - မိမိအောင်မြင်မှုကို အချင်းချင်း မိမိကို မနာလို၍ချောက်တွန်းခြင်း သိက္ခာကျ ဂွင်ဆင်လုပ်ကြံခံရခြင်း သတိထားပါ။
ကျန်းမာရေးအသင့်တင့်ကောင်း၏။ သို့သော်လည်း အိမ်မှာ တနင်္ဂနွေ၊ ရာဟုသားသမီးများ အတွက်တော့ ကျန်းမာရေးညံ့၍ စိတ်ပူရမည်။
ဒီကာလမှာ သူများပေးတဲ့ကတိတွေကိုမယုံဖို့လိုပါတယ်။ကတိပေးပြီးမတည်တဲ့သူတွေနဲ့ကြုံနေရတတ် ပါတယ်။
အောက်လက်ငယ်သား တွေကိုတော့ အယုံလွန်တာမျိုးမဖြစ်စေချင်ပါဘူး။ အရေးကြီးတဲ့လုပ်ငန်းတွေကို မိမိကိုယ်တိုင်သာလုပ်စေချင်ပါတယ်။
အထူးသဖြင့် ဤလတွင်၂.၁၁.၂၀.၂၉/၄.၁၃.၂၂.၃၁/၈.၁၇.၂၆ရက် မွေးဖွားသူများကတော့ ပြည်တွင်း ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့ ရောင်းချခြင်း၊ ငွေကြေးဆောင်ရွက်ခြင်းများ ဂရုတစိုက်ဆောက်ရွက်ပါ။
အိမ်ပြင်၊ အိမ်ဆောက်ကိစ္စများတိုးလိုးတန်လန်း ဖြစ်လာနိုင်ပါတယ်။မိမိကို အောက်သို့ကျဆင်းအောင် ဝိုင်းတွန်းကြိုးစား လာတတ်သည်။
ပညာသင်ကျောင်းသားများအနေဖြင့် ပညာရေးကံ အနည်းငယ် ညံ့နေတတ်ပါတယ်။ လုံ့လဝီရိယ စိုက်ထုတ်ကြိုးစားမှု များများပြုလုပ်ပါ။ ကျန်းမာရေး ထွေထွေထူးထူး မရှိပါ။
၁၃၈၁ခုတပေါင်းလဆုတ်၆ရက်စနေနေ့ယနေ့ကြေးသွန်းလောင်းခြင်း၊မြေသန့်မင်္ဂလာပြုလုပ်ခြင်း၊ ရတနာသွေးခြင်း၊ အသီးဆွတ်ခူးခြင်း၊ အချစ်ရေးစကားပြောခြင်းတို့ ကောင်း၏။
(တနင်္ဂနွေဂြိဟ် နံနက် ၂နာရီ ၅၁မိနစ်လွန် မိန်ရာသီပြောင်းပြီးဖြစ်၍ရှင်ပြု၊စလွယ်တင်မင်္ဂလာအခါရ၍ဝိဝါဟမင်္ဂလာနှင့်အိမ်ဆောက်၊အိမ်တတ်အခါရှောင်သင့်၏။)
၁၃၈၁ခု တပေါင်းလဆုတ် ၁၃ရက် စနေနေ့ အဓိဌာန်ဝင်ပုတီးစိပ်ခြင်း၊ကြေးသွန်းလောင်းခြင်း၊ ထီးတင်၊ ရှင်ပြု၊
စေ့စပ်၊တိုင်ထူး၊တံတားတည်ဆောက်ခြင်း၊ဆည်တည်ဆောက်ခြင်း၊ရေကြောင်း၊လေကြောင်းခရီးသွားခြင်းတို့ကောင်း၏။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ
(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း
(၁၉) ရက်နေ့ ညနေ့ ၆း၅၆ နောက်ပိုင်း
(၂၁) ရက်နေ့ ည ၁ဝး၁၅ နောက်ပိုင်း
ထိုအချိန်ပိုင်းတွေခရီးသွား အထူးကောင်း၏။
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း
(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း
(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ
(၁၅) ရက်နေ့ ညနေ့ ၆း၁၇ မတိုင်မီ
(၁၉) ရက်နေ့ ညနေ့ ၆း၅၆ မတိုင်မီ
(၂၁) ရက်နေ့ ည ၁ဝး၁၅ မတိုင်မီ
ထိုရက်တွေထိုအချိန်ပိုင်းတွေခရီးသွားရှောင်သင့်၏။
ဆောင်ရွက်စရာကိစ္စ ယခုအပတ်တွင်ခရီးသွားခြင်းနှင့်လုပ်ငန်ဆောင်တာကိစ္စများအတွက် အနောက်အရပ်မျက်နှာမှုကာ သြဇာညွန့် (၉)ညွန့် ဘုရားပူဇော်ပြီး သွားခြင်းနှင့်
အပြာနုရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၁.၃.၉.ဝ)
အကျိုးပေးအရပ် - အနောက်
အကျိုးမပေးရှောင်ရန်အရပ် - တောင်
ယတြာ -အပြာနုရောင် အဝတ်အထည်ဂတ်ဆင်ပြီး စနေဂြိဟ်ဘုရားထောင့်တွင် အနောက်အရပ်မျက်နှာမှုကာ
သြဇာညွန့် (၉)ညွန့် လိုတရဂါထာရွတ်ပွားပြီး ကပ်လှူ လိုရာဆုတောင်းပါ။
ဆရာမင်းသူရ ဗေဒင်ယတြာ 09751089826
Traditional Dress Shops ရိုးရာဝတ်စုံဆိုင် ၁၆ ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...