
ကျွန်မတို့ဘေးမှာရှိနေတဲ့သူတွေဟာကျွန်မတို့လက်ထပ်ဖို့သင့်တဲ့လူတွေဟုတ်မဟုတ google


 


 


 


 


 


 


 


 


 


 

sz1

 


 


 


 


 


 


 


 


 


 

sz2

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

ကျွန်မတို့ဟာ ချစ်သူရည်းစားတွေတော့ထားကြတာပါပဲ။

 


အဲ့ဒီထဲမှာမှသဘောထားမတိုက်ဆိုင်လို့ပြတ်သွားတာတွေ၊ တွဲရုံအဆင်ပြေပေမယ့် လက်ထပ်ဖို့ထိကျတော့အဆင်မပြေတာတွေရှိတတ်ပါတယ်။

 

အခုကျွန်မတို့ဘေးမှာရှိနေတဲ့သူတွေဟာကျွန်မတို့လက်ထပ်ဖို့သင့်တဲ့လူတွေဟုတ်မဟုတ်စဉ်းစားကြည့်ရအောင်နော်။

 

ကျွန်မပြောသွားတဲ့အချက်တွေထဲမှာမပါလို့လဲအားငယ်စရာတော့မလိုပါဘူး။

 

တကယ်တော့ဒီအချက်အလက်တွေထက်ကာယကံရှင်တွေဟာအတူရှင်သန်နေထိုင်သွားလာရင်းနဲ့

 

သူဟာကိုယ့်အတွက်သင့်တော်၊မတော်ဆိုတာကိုသိလာကြတာပါပဲ။

 

အဓိကကချစ်တဲ့စိတ်တခုထဲနဲ့မသင့်တော်တဲ့လူကိုသင့်တော်တယ်လို့ကိုယ့်ကိုယ်ကိုမလိမ်ဖို့ပါနော်။

 

RSသက်တမ်းကြာလာလေ အလုပ်ပိုကြိုးစားလေဖြစ်လာပါလိမ့်မယ်။

 

ဘာလို့လဲဆိုတော့သင်နဲ့လက်ထပ်ဖို့အတွက်ပါ။ရှေ့ရေးအတွက်ကြိုးစားနေကြပါပြီ။တွဲတာကြာပီမိန်းကလေးအတွက်

 

လက်ထပ်သင့်ပြီဆိုတာကြောင့်ရောကိုယ်ချစ်တဲ့သူနဲ့အတူနေချင်တာကြောင့်ရောသူတို့ဟာအလုပ်ကြိုးစားပြီးငွေတွေရှာဖွေနေပါလိမ့်မယ်။

 

သင့်အကြောင်းဆိုသူတို့အမြဲကြွားချင်နေပါလိမ့်မယ်

 

သင်ရာထူးတိုးတာလေးကအစ၊သင်ကံစမ်းမဲပေါက်တာလေးအဆုံး သင့်ဟာတော်ကြောင်း ထက်မြတ်ကြောင်းချီးကျူးစရာရှာကြံပြီး

 

သူ့လုပ်ဖော်ကိုင်ဖက် ပတ်ဝန်းကျင်ကို ကြွားချင်ပြောပြချင်နေပါလိမ့်မယ်။

 

ဘာလို့လဲဆိုတော့ သင့်ဟာသူ့လက်တွဲဖော်ဖြစ်လာတော့မှာမို့သင့်အောင်မြင်မှုတိုင်းကိုသူဂုဏ်ယူနေတာပါ။

 

သင့်အတွက်ဆိုရင်စွန့်လွှတ်မှုတွေလုပ်နိုင်သူပါ။

 

ဥပမာ သင်အလုပ်ရာထူးတိုးလို့ သို့မဟုတ် တစ်ခုခုကြောင့် နယ်အပြောင်းအရွှေ့ဖြစ်တဲ့အခါ သူပါအလုပ်ပြောင်းပီးလိုက်လာနိုင်သူပါ။

 

သင်ကလဲသူ့အတွက်ဆို အဲ့လိုပဲဖြစ်နေမှာပါ။

 

သင်နေမကောင်းလို့မလုပ်နိုင်သမျှအလုပ်တွေကိုသူ၂ဆ ပင်ပန်းခံပီးကူညီပေးနေမှာပါ။

 

သင်သက်တောင့်သက်သာနေရရေးအတွက်သူသာအပင်ပန်းခံပေးလိုက်မယ်ဆိုတဲ့စိတ်ထားနေမယ့်သူပါ။

 

နှစ်တွေကြာပေမယ့်ဂရုစိုက်တဲ့အကျင့်တွေမပြောင်းလဲတတ်သူပါ။

 

ဥပမာ ကားတံခါးဖွင့်ပေးတာတွေ ၊သင့်ဖိနပ်ကြိုးလေးချည်ပေးတာတွေစသဖြင့်ပေါ့စကြိုက်ကာစထဲက ဂရုစိုက်နေကျအတိုင်းအမြဲမပြောင်းလဲဂရုစိုက်သူပါ။

 

သင့်မိသားစုနဲ့ရင်းနှီးအောင်ကြိုးစားသလိုသူ့မိသားစုအကြောင်းတွေလဲသင်သိအောင်သူကြိုးစားပါလိမ့်မယ်။

 

ဘာကြောင့်လိုထင်ပါသလဲ။ချစ်သူသမီးရည်းစားဘဝမှာတော့၂ယောက်ထဲချစ်နေရုံလိုအပ်ပေမယ့်။

 

သင့်ကိုလက်ထပ်ဖို့ကြံရွယ်နေသူမို့၂ ဖက်မိဘတွေအထိ အကြောင်းသိအောင်သူကြိုးစားနေတာပါ။

 

သင့်ကိုဘယ်လိုအကြောင်းပြချက်မျိုးကြောင့်မဆိုသူ့ရှေ့မှာငိုဖို့မရှက်စေပါဘူး

 

သင်ဘာကြောင့်ပဲဖြစ်ဖြစ်သူ့ပခုံးပေါ်မှာငိုနိုင်သလို စိတ်လုံခြုံမှုလဲရအောင်သူကစွမ်းဆောင်အားပေးမယ့်သူပါ။

 

သူနဲ့အတူဘယ်အရာကိုမဆိုအတူတူလုပ်ရတာအဆင်ပြေမှာပါ။

 

ဥပမာ ခရီးသွားဖို့ရွေးတာ မုန့်ဆိုင်ထိုင်ဖို့ရွေးတာတွေအဆင်ပြေပါလိမ့်မယ်။

 

တချို့အတွဲတွေဆို မုန့်ဆိုင်ရွေးတာကအစအကြိုက်မတူပဲရန်ဖြစ် တစ်ယောက်ကဟိုဆိုင် တစ်ယောက်ကဒီဆိုင်ဖြစ်တတ်ပါတယ်။

 

သူနဲ့သင်နဲ့ကတော့ အငြင်းပွားစရာများများစားစားမရှိလောက်ပါဘူး။

 

သင့်သဘောကျနှစ်သက်တဲ့အရာလေးတွေလုပ်ပေးဖို့အမြဲစဉ်းစားနေသူပါ။

 

ဥပမာ သင်က ဒီနေရာလေးရောက်ဖူးချင်လိုက်တာ ဒီပစ္စည်းလေးလိုချင်လိုက်တာဆိုပြီး

 

ပြောဖူးတာတွေကိုမှတ်ထားပြီး လုပ်ပေးဖို့စီစဉ်နေတတ်သူပါ။

 

သင့်အပေါ်ဖခင်တစ်ယောက်လိုပဲသင့်ကောင်းရာကောင်းကြောင်းအတွက်အမုန်းခံပြီးပြောသူပါ။

 

သင့်ကို အဖေ တယောက်လို ပဲ ဂရုစိုက်ပါလိမ့်မယ်။သင်လမ်းလွဲနေတဲ့အခါ သူ့ကိုမုန်းရင်မုန်းပါစေ။သင့်ကိုထောက်ပြပြီးဆူပါလိမ့်မယ်။

 

သင် တခြားသူများနဲ့ အဆင်မပြေတဲ့အခါလဲ သူကရှေ့ကကာကွယ်ပါလိမ့်မယ်။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Saturday, 19 October 2019 13:43
Rate this item
(0 votes)
Tagged under