တစ်သက်လုံးလက်တွဲသွားမယ်လို့ဆုံးဖြတ်ထားရင်

တစ်သက်လုံးလက်တွဲသွားမယ်လို့ဆုံးဖြတ်ထားရင် google.com

တစ်ယောက်အပေါ်တစ်ယောက် လေးစားမှု

တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှုဆိုတာသာရှိနေရင် အတ္တတွေမရှိဘူး၊ အထင်အမြင်လွဲမှားတာတွေမရှိဘူး။ ရန်ပွဲတွေဆိုတာလည်း နည်းလိမ့်မယ်။ နင်နဲ့ငါအကြား အပြန်အလှန် လေးစားမှုဆိုတာသာ ရှိခဲ့ရင် တို့ရဲ့အချစ်ခရီးက ဖြောင့်ဖြူးနေမှာပါ။

 

ခေါင်းအေးအေးထား စဉ်းစားပါ

ဟုတ်တယ်။ ငါတို့ ခေါင်းအေးအေးထားရမယ်။ တကယ်တော့ ငါတို့ ရန်ဖြစ်ကြတာ ခဏတာလေးပါ။ ဒီခဏလေးပြီးရင် အကြာကြီးဝေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ငါတို့ရန်ဖြစ်တာရော၊ ဘာကြောင့်လဲ။ လမ်းခွဲဖို့လောက်ထိရော၊ ဖြစ်သင့်ရဲ့လား။ ဘာတွေကြောင့် ဒီအခြေအနေတွေ အထိ ဖြစ်လာခဲ့လဲ။ ငါတို့ ခေါင်းအေးအေးထားပြီး စဉ်းစားမယ်။

 

မှားတဲ့သူက တောင်းပန်ကြေး

ချစ်သူရေ ဘယ်သူမဆို ကိုယ်မှားတာကို တာဝန်ယူမှ၊ ဝန်ခံမှ၊ အထူးသဖြင့် ကိုယ်တို့ ချစ်သူတွေကြားမှာပေါ့။ အမှားကိုသိရင် အမှန်ပြင်ရမယ့်သတ္တိ ငါတို့မှာ ရှိရမယ်လေ။ မှားတဲ့သူက အရင်တောင်းပန်ကြေးနော်။ နောက်ပြီး တောင်းပန်တာကိုလည်း လက်ခံကြေး။ ခွင့်လွှတ်ကြေး။

 

အလျှော့ပေးရမယ်

တကယ်တော့လေ ဘယ်သူမှားမှား ဘယ်သူမှန်မှန်၊ တကယ်ချစ်ရင် အလျော့ကိုပေးရမယ်။ ဒီကမ္ဘာကြီးမှာ တကယ်ချစ်တဲ့သူတိုင်း တစ်မျိုးစီရူးသွပ်တာ နင်လည်း သိသားပဲ။ ငါကတော့ နင့်ကိုသိပ်ချစ်လို့ နင်မှားလည်း ငါကပဲ တောင်းပန် အလျော့ပေးပါ့မယ်။

 

သွေးမပူပါနဲ့

ငါတို့ကြား ရန်ပွဲတွေကို ဦးတည်လာတာနဲ့ အော်မပြောပါနဲ့။ တစ်ယောက်ကိုတစ်ယောက် မစော်ကားမိပါစေနဲ့။ ခံစားမှုတွေကို အရမ်းကြီးရှေ့တန်းမတင်ပါနဲ့။

 

နားလည်မှု

အချစ်တစ်ခုမှာ ချစ်ခြင်းပြီးရင် အရေးအကြီးဆုံးက နားလည်မှုပဲတဲ့။ နားလည်မှုက ရန်ပွဲတွေကို ကျော်လွှားစေတယ်။ စစ်ပွဲတွေကို ရပ်တန့်စေတယ်။ ပဋိပက္ခတွေကို အပြီးသတ်စေတယ်။ ငါတို့အကြား နားလည်မှုတွေရှိနေသ၍တော့ ကျောခိုင်းသွားကြရမှာ မဟုတ်ပါဘူး။

 

Credit : tameelay

Myanmar Wedding Guide

Read times Last modified on Tuesday, 02 April 2019 18:09
Rate this item
(1 Vote)