သင့်ချစ်သူက သစ္စာရှိတဲ့သူတစ်ယောက် ဟုတ်/မဟုတ် သိနိုင်မယ့်အချက်(၆)ချက်

သင့်ချစ်သူက သစ္စာရှိတဲ့သူတစ်ယောက် ဟုတ်/မဟုတ် သိနိုင်မယ့်အချက်(၆)ချက် google

လူတိုင်းက ကိုယ့်အပေါ်သစ္စာရှိတဲ့ ချစ်သူမျိုးကို လိုချင်ကြပါတယ်။ အဲ့ဒီထဲမှာ သင်ရောတစ်ယောက် အပါအ၀င်ပဲဆိုရင် သင့်ချစ်သူက သင့်ကိုသစ္စာဖောက်ပြီး တခြားတစ်ယောက်နဲ့လက်တွဲသွားတယ်ဆိုတဲ့ အဖြစ်မျိုးကို ဘယ်တော့မှကြုံတွေ့ချင်မှာ မဟုတ်ပါဘူး။

ဒီတော့ ကိုယ့်ချစ်သူ ကိုယ့်အပေါ် သစ္စာရှိလား၊မရှိလား ဘယ်လိုသိနိုင်မလဲ။ အခုဖော်ပြမယ့်အချက်လေးတွေနဲ့တိုက်ဆိုင်နေရင် သင်ဟာ သစ္စာရှိတဲ့ချစ်သူတစ်ယောက်ကိုပိုင်ဆိုင်ထားပြီလို့မှတ်ယူနိုင်ပါပြီ။

 

() သင်နဲ့အတူရှိချိန်မှာပျော်ရွှင်တယ်

ချစ်သူနဲ့အတူရှိချိန်၊ စကားပြောနေချိန်မှာ ပျော်ရွှင်နေတတ်တဲ့သူတစ်ယောက်က သူ့ချစ်သူအပေါ်သစ္စာဖောက်နိုင်ချေအလွန်နည်းပြီး ချစ်သူနဲ့အတူရှိနေချိန်မှာလည်း ပျော်ရွှင်မှုမရှိ၊ တွေဝေနေသလို၊ စိတ်ပျံ့လွင့်နေသလို၊ စိတ်ရှုပ်ထွေးနေသလိုဖြစ်နေတတ်တဲ့သူတွေက သစ္စာဖောက်နိုင်ချေပိုများတယ်လို့ စိတ်ပညာရှင်တွေက အတည်ပြုထားပါတယ်။ တခါတလေ အလုပ်ကိစ္စတွေနဲ့ပတ်သက်တဲ့ဖိစီးမှုတွေကြောင့် စိတ်ညစ်နေတာလည်းရှိနေနိုင်ပေမယ့် ကိုယ်နဲ့တွေ့တိုင်းမပျော်နေတဲ့သူမျိုးဆိုရင်တော့ သတိထားသင့်ပါတယ်။

 

() တခြားသူတွေကိုစိတ်မ၀င်စားဘူး

ကောင်မလေးချောချောလေးတွေဖြတ်သွားတဲ့အခါ လိုက်ငမ်းတာမျိုးမရှိဘူး၊ ကိုယ့်ထက်တခြားတစ်ယောက်ကို စိတ်ဝင်စားနေတာမျိုးမရှိဘူးဆိုရင် သူက သစ္စာဖောက်မယ့်သူမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ သူက ကိုယ့်ထက် ကိုယ့်သူငယ်ချင်းတွေအကြောင်း ပိုစိတ်ဝင်စားနေတာမျိုး၊ ကိုယ့်ကိုစိတ်မပူဘဲ တခြားအကြောင်းအရာတွေကိုပိုစိတ်အားထက်သန်နေတာမျိုးတွေက သစ္စာဖောက်နိုင်ချေရှိတဲ့ အပြုအမူတွေပါ။ သင့်အနေနဲ့ တခြားသူတွေရဲ့အကြောင်းအရာထက်သင်နဲ့ပတ်သက်တာတွေကို ပိုပြီး စိတ်ဝင်တစားရှိတဲ့ချစ်သူကိုရထားရင် ဂုဏ်ယူလိုက်ပါ။

 

() သင်နဲ့ပတ်သက်လို့ဂုဏ်ယူတတ်တယ်

လူတိုင်းမှာ ချို့ယွင်းချက်တွေရှိပါတယ်။ သင့်မှာလည်းရှိမှာပါပဲ။ ဒါပေမယ့် သင့်ချစ်သူက သင့်ရဲ့အပြစ်တွေက ကောင်းတဲ့အချက်တွေကို ပိုပြီးမြင်တတ်တယ်၊ သင့်ရဲ့ကောင်းကွက်တွေအတွက် ဂုဏ်ယူနေတတ်တယ်ဆိုရင် သူသင့်ကိုတကယ်ချစ်တယ်လို့ယူဆရမှာပါ။ ဒီတော့ သင့်ကိုသစ္စာဖောက်ပြီးထားသွားဖို့ဆိုတာလည်း ဖြစ်နိုင်ချေအရမ်းနည်းတယ်လို့ ပြောရမှာပါ။

 

() လျှို့ဝှက်ချက်တွေမရှိဘူး

သူ့အကြောင်းတွေနဲ့ပတ်သက်လို့ သိထားသင့်တာတွေ အကုန်ပြောပြတယ်။ သူ့ရဲ့မိသားစုအကြောင်း၊ အတိတ်ကအကြောင်းတွေ၊ သူ့လက်ရှိအနေအထားတွေအားလုံးကို ပွင့်ပွင့်လင်းလင်းပြောပြတယ်၊ဖုံးကွယ်ထားတာတွေ၊ လျှို့ဝှက်ချက်တွေမရှိဘူးဆိုရင် သူဟာ သစ္စာရှိသူတစ်ယောက်ဖြစ်ဖို့များပါတယ်။

 

() သင်လိုအပ်ချိန်တိုင်းအမြဲရှိနေတယ်

သင်အခက်အခဲ၊အကြပ်အတည်းနဲ့ကြုံတိုင်း ရှောင်နေတာမျိုးမရှိဘူး၊ သင်လိုအပ်တဲ့အချိန်တိုင်းအမြဲရှိနေတယ်ဆိုရင် ဒီလိုချစ်သူမျိုးကိုတန်ဖိုးထားပါလို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ သင့်ကိုတကယ်ချစ်ပြီး တကယ်သစ္စာရှိမယ့်သူမျိုးမို့ပါ။

 

() သမိုင်းကြောင်းကောင်းတယ်

လူတစ်ယောက်ရဲ့စိတ်က ပြောင်းလဲတတ်တယ်၊ ကိုယ်တိုင်လည်းပြောင်းလဲတတ်သလို၊ သူလည်းပြောင်းလဲတတ်ပါတယ်။ ဒီတော့ သူဟာ သစ္စာရှိတဲ့သူ ဒါမှမဟုတ် သစ္စာဖောက်မယ့်သူပါလို့ တစ်ထစ်ချပြောလို့မရပါဘူး။ ဒါပေမယ့် အကြမ်းဖျင်းတော့ခန့်မှန်းလို့ရတဲ့အချက်တွေအများကြီးရှိတဲ့အထဲမှာ သူ့အတိတ်သမိုင်းကိုလည်းကြည့်ရမှာပါ။ သူဟာ သူငယ်ချင်းတွေအပေါ်သစ္စာဖောက်တဲ့၊ နောက်ကျောဓားနဲ့ထိုးတဲ့အပြုအမူမျိုးလုပ်ခဲ့ဖူးလား ၊ အဲ့လိုအပြုအမူမျိုးကိုအားပေးထောက်ခံတဲ့စကားတွေပြောတတ်လားဆိုတာ သတိထားကြည့်ကြည့်ပါ။ အဲ့ဒါတွေမလုပ်ဖူးဘူးဆိုရင် သူဟာ သစ္စာရှိတဲ့သူတစ်ယောက်ဖြစ်ဖို့များပါတယ်။သစ္စာဖောက်ခဲ့ဖူးတဲ့သူ၊ ထောက်ခံပြောဆိုတဲ့သူတွေက သစ္စာဖောက်လိမ့်မယ်လို့ တရားသေပြောချင်တာမဟုတ်ပါဘူး၊ဒါပေမယ့် သစ္စာဖောက်နိုင်ချေပိုများတယ်လို့တော့ ပြောရမှာပါ။

 

Credit;Aunty May

Read times Last modified on Wednesday, 30 January 2019 09:55
Rate this item
(1 Vote)