၂၀၂၀ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက် အထိ တစ်ပတ်စာ သင့်ကံကြမ္မာ

၂၀၂၀ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ  ၁၅ ရက် အထိ တစ်ပတ်စာ သင့်ကံကြမ္မာ Google

တနင်္ဂနွေနေ့

ဝင်ငွေကောင်းမည်။ အိမ်နေရာအရွှေ့အပြောင်းပေါ်မည်။ နိုင်ငံခြားခရီးရှိသည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးနေရာပြောင်းရမည်။ ဆန်၊ စပါး ရောင်းဝယ်ရေးကောင်းမည်။ မိသားစုအတွင်းသို့ သတင်းကောင်းဝင်မည်။ အနုပညာလုပ်ငန်းမှာ အဖုအထစ်ဖြစ်မည်။ စာချုပ်စာတမ်းပြုလုပ်ရမည်။ မော်တော်ကားအရောင်းအဝယ်ဖြစ်မည်။ အလှူဖိတ်စာ၊ မင်္ဂလာဆောင်ဖိတ်စာ တစ်စောင် အိမ်သို့ရောက်လာပါက ‘၄’ အစ ‘၆’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ ကံကောင်းပါသည်။ ပညာရေးနှင့် ပတ်သက်ပြီး ကူညီမည့်သူပေါ်မည်။ ကျန်းမာရေးအနေဖြင့် ခါးနာ၊ ခါးကိုက် ဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူထံမှ သတင်းကောင်းကြားရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၄၊ ၆၊ ၉ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ဖက်ဖူးစိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္ဂနွေနေ့တွင် နေအိမ်ဘုရားစင်မှာ ကိတ်မုန့်တစ်ချပ်ကပ်လှူပါ။

 


တနင်္လာနေ့

အိမ်၊ အိမ်ခန်း၊ တိုက်ခန်း၊ ကွန်ဒိုခန်း အရောင်းအဝယ်ဖြစ်မည်။ နိုင်ငံခြားသံရုံးတစ်ရုံးမှာ ဗီဇာလျှောက်ထားပါက ဗီဇာရမည်။ ဆွေမျိုးထဲမှာ မင်္ဂလာဆောင်ပေါ်ပါက ‘၁’ အစ ‘၂’ အဆုံး အစိုးရထီထိုးပါ။ ကြွေးကိစ္စအတွက် စိတ်ညစ်ရမည်။ လုပ်ငန်းမှာ အပြိုင်အဆိုင်ပေါ်မည်။ နိုင်ငံရေးလုပ်ပါက စိန်ခေါ်မှုကြီးမားလိမ့်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ ပဲ၊ ပြောင်း၊ နှမ်း စသော ကောက်ပဲသီးနှံ ရောင်းဝယ်ရေးမှာ ဈေးကောင်းရမည်။ နေအိမ်သို့ ပန်းပင်၊ ပန်းအိုးရောက်ပါက ‘၅’ အစ ‘၁’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အားနည်းချက်ရှိနေပါသည်။ ကျန်းမာရေးအနေဖြင့် ခေါင်းမူး၊ ခေါင်းကိုက် ဖြစ်မည်။ အချစ်ရေးမှာ အနှောင့်အယှက်ရှိနေပါသည်။ အိမ်ထောင်ရေးလည်း အဆင်မပြေပါ။ ကံကောင်းသောဂဏန်းများမှာ ၁၊ ၂၊ ၅ ဂဏန်းများဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ မိုးပြာရောင် ဖြစ်ပါသည်။

 

ယတြာ - တနင်္လာနေ့တွင် နေအိမ်ဘုရားစင်မှာ ကောက်ညင်းပေါင်း ကပ်လှူပါ။

 

 

 

အင်္ဂါနေ့

အလုပ်ရှာနေပါက (သို့မဟုတ်) အလုပ်လျှောက်ထားပါက အလုပ်ရမည်။ မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေး ကောင်းမည်။ တောင်ကုန်းတောင်တန်းဘက်သို့ ခရီးထွက်ရမည်။ ရွှေထွက်မည်။ ရွှေတူးဖော်သောလုပ်ငန်း လုပ်ပါက အရှုံးပေါ်မည်။ အနှောင့်အယှက်ပေါ်မည်။ ဆေးရုံသို့လူနာမေးသွားရမည်။ နိုင်ငံရေးမှာ စိန်ခေါ်မှုကြီးကို ရင်ဆိုင်ရလိမ့်မည်။ အမျိုးထဲမှာလည်းကောင်း၊ အိမ်အနီးအနားမှာလည်းကောင်း၊ အသိမိတ်ဆွေထဲမှာလည်းကောင်း ကလေးမွေးသောသတင်းကြားပါက ‘၂’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် ဆီးရောဂါဖြစ်မည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ အခြေအနေကောင်းပါသည်။ ကံကောင်းသောဂဏန်းများမှာ ၂၊ ၄၊ ၉ ဂဏန်းများဖြစ်သည်။ ကံကောင်းသောအရောင်မှာ အဖြူရောင် ဖြစ်ပါသည်။

 

ယတြာ - အင်္ဂါနေ့တွင် နေအိမ်ဘုရားစင်မှာ အချိုရည်ကပ်လှူပါ။

 

ဗုဒ္ဓဟူးနေ့

အိမ်နေရာအရွှေ့အပြောင်းဖြစ်မည်။ နိုင်ငံခြားမှ အလုပ်အတွက် သတင်းကောင်းဝင်မည်။ အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲ ဖြေရမည်။ ရွှေထွက်မည်။ လယ်ယာလုပ်ငန်းမှာ အခက်အခဲပေါ်မည်။ ဝင်ငွေကောင်းသလို ထွက်ငွေလည်းကောင်းမည်။ ဆိုင်ကယ်အတွက် သောကများမည်။ နိုင်ငံရေးလှုပ်ရှားမှုများမှာ အခက်အခဲပေါ်မည်။ နေအိမ်သို့ ထီးတစ်လက်ရောက်ပါက ‘၃’ အစ ‘၄’ အဆုံး အစိုးရထီထိုးပါ။ ကျန်းမာရေးအနေဖြင့် အာရုံကြောအားနည်းမည်။ ပညာရေးမှာ သိသိသာသာ တိုးတက်မှုမရှိသေးပါ။ အချစ်ရေးညံ့သည်။ ချစ်သူနှင့် လမ်းခွဲရမည်။ အိမ်ထောင်ရေးလည်း သာယာမှု မရှိပါ။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၄၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ရေညှိစိမ်းရောင် ဖြစ်ပါသည်။

 

ယတြာ - ဗုဒ္ဓဟူးနေ့ ဗုဒ္ဓဟူးထောင့်မှာ ရွှေထီး ၄ လက်ကပ်လှူပါ။

 

 

ကြာသပတေးနေ့

လုပ်ငန်းကိစ္စအတွက် ခရီးထွက်ရမည်။ ဈေးရောင်းဈေးဝယ်ကောင်းမည်။ မြေအရောင်းအဝယ်ဖြစ်မည်။ ကြွေးကိစ္စအတွက် သတင်းကောင်းကြားရမည်။ အလှူဒါနပြုလုပ်ရမည်။ မိသားစုအတွင်း အငြင်းအခုံဖြစ်မည်။ တယ်လီဖုန်းအသစ်ဝင်မည်။ အနုပညာလုပ်ငန်းအတွက် စာချုပ်ချုပ်ရမည်။ နေအိမ်သို့ ဗီရိုတစ်လုံး ရောက်လာပါက ‘၆’ အစ ‘၇’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးနှင့် ပတ်သက်ပြီး ကံကောင်းနေပါသည်။ ကျန်းမာရေးအနေဖြင့် ဝမ်းပျက်ဝမ်းလျှောဖြစ်မည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ ချစ်သူထံမှ သတင်းကောင်းကြားရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၆၊ ၇၊ ၈ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ကာကီရောင် ဖြစ်ပါသည်။

 

ယတြာ - ကြာသပတေးနေ့ ကြာသပတေးထောင့် ထီးဖြူ ၅ လက်ကပ်လှူပါ။

 

 

သောကြာနေ့

မော်တော်ကားအရောင်းအဝယ် ဖြစ်မည်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းထဲမှာ စိတ်ညစ်စရာပေါ်မည်။ ငွေအတွက် သောကရောက်မည်။
အမွေကိစ္စစကားပြောရလိမ့်မည်။ တင်ဒါကိစ္စ၊ ပါမစ်ကိစ္စများ အောင်မြင်မည်။ ဆိုင်သစ်ဖွင့်ခြင်း၊ စီးပွားရေးလုပ်ငန်းသစ်လုပ်ခြင်းများကို ပြုလုပ်ရမည်။ စက်ပစ္စည်းအသစ်ဝင်မည်။ နေအိမ်သို့ ထောပတ်ရောက်လာပါ ‘၇’ အစ ‘၉’ အဆုံး အစိုးရထီထိုးပါ။ ကျန်းမာရေးအနေဖြင့် အိပ်မပျော်သော ရောဂါရမည်။ ပညာရေးမှာ အခြေအနေတိုးတက်မှု ရှိပါသည်။ အချစ်ရေးမှာ ကံကောင်းပါသည်။ လက်ထပ်မင်္ဂလာ စာချုပ်ချုပ်ဆိုရမည်။ အိမ်ထောင်ရေးလည်း အခြေအနေကောင်းပါသည်။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၇၊ ၉ ဂဏန်းများ ဖြစ်သည်။ ကံကောင်းသောအရောင်မှာ ချောကလက်ရောင် ဖြစ်ပါသည်။

 

ယတြာ - သောကြာနေ့ သောကြာထောင့်မှာ သပြေ ၂၉ ညွန့် ကပ်လှူပါ။

 

 

စနေနေ့

အစိုးရဝန်ထမ်းဖြစ်ပါက ရာထူးတိုးပြောင်းရွှေ့ကိန်းရှိပါသည်။ မြေအရောင်းအဝယ် ဖြစ်မည်။ အပြင်ဝန်ထမ်းဖြစ်ပါက အလုပ်သစ်သို့ ပြောင်းရမည်။ ကျောက်မျက်ရတနာရောင်းဝယ်ရေး ကောင်းမည်။ သူခိုးခိုးခံရတတ်သည်။ သတိထားပါ။ အမှုဟောင်းရှိပါက အမှုနိုင်မည်။
ဘုရားဖူး ခရီးထွက်ရမည်။ နေအိမ်ရှိသောလမ်းထဲမှာ နာရေးပေါ်မည်။ မသွားရ။ နေအိမ်သို့ သနပ်ခါးပင်၊ သနပ်ခါးကိုင်းတုံးများရောက်ပါက ‘၅’ အစ ‘၅’ အဆုံး အစိုးရထီထိုးပါ။ ပညာရေးမှာ အနှောင့်အယှက်ပေါ်မည်။ ကျန်းမာရေးအနေဖြင့် နှလုံးအားနည်းမည်။ အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။ ကံကောင်းသောဂဏန်းများမှာ ၃၊ ၅၊ ၆ ဂဏန်းများ ဖြစ်ပါသည်။ ကံကောင်းသောအရောင်မှာ ပိတောက်ခြောက်ရောင် ဖြစ်ပါသည်။

 

ယတြာ - စနေနေ့တွင် နေအိမ်ဘုရားစင်မှာ သစ်သီး ၅ လုံး ကပ်လှူပူဇော်ပါ။

 

 

 

Source: 1875

Read times Last modified on Monday, 09 November 2020 15:33
Rate this item
(0 votes)