29.8.2019 မှ 04.9.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

29.8.2019 မှ 04.9.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း google

ဒီနေ့မှာတော့ (၇) ရက်သားသမီးများအတွက် တစ်ပတ်စာဟောစတမ်းများကိုဖော်ပြပေးလိုက်ပါတယ်နော်။

 

တနင်္ဂနွေ

 

ကံကောင်းခြင်းတွေသင့်ကို ဆီးကြိုနေမှာပါ။လိုအင်ဆန္ဒတွေပြည့်လာဖို့ရှိပါတယ်။

 

မိမိဖြစ်ချင်တာတွေ ဖြစ် လာတတ်ပါတယ်။ လက်ကားစီးပွားရေးများ၊ ဝန်ထမ်းများတဲ့ စုပေါင်းလုပ်ကိုင်ရတဲ့အလုပ်များ ၊

 

ကိုယ်စားလှယ် အလုပ်များ အထူးအဆင်ပြေတတ်ပါတယ်။ ရွှေငွေလက်ဝတ်ရတနာ အလှကုန်ပစ္စည်းတွေဝင်ခြင်း ၊

 

လက်ဆောင် ရခြင်းမျိုးတွေရှိပါတယ်။ ကံမြင့်မားနေခြင်းကြောင့် လုပ်သမျှအဆင်ပြေခြင်း ကြံစည်သမျှပြီးမြောက်ခြင်းတွေကြုံ ရမှာပါ။

 

စိတ်ကူးထားသမျှ စတင်အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။

 

အလုပ်ကိစ္စ ၊ ရာထူးကိစ္စတွေ အဆင် ပြေပါလိမ့်မယ်။

 

ဝန်ထမ်းများ ရာထူးတိုးခြင်း နေရာကောင်းရခြင်းမျိုးလဲ ကြုံရတွေ့ရတတ်ပါတယ်။ ငွေကံကောင်းနေမှာပါ။

 

ကုန်စရာတွေလဲများနေပါလိမ့်မယ်။ အညွှန့်တလူလူ တတ်နေမဲ့ အချိန်ပါပဲ ။ အားနည်းချက်က ကျန်းမာ ရေးပါ။

 

အဆိုးကြီး မဟုတ်ပေမဲ့ ခေါင်းမူးခေါင်းကိုက်တော့ ဖြစ်ရလိမ့်မယ်။ အချစ်ရေးကံ ကောင်းပါတယ်။

 

ချစ်သူရဲ့ အလိုလိုက်ခြင်းအထူးခံရမဲ့ကာလပါ။ အိမ်ထောင်ရေးကတော့ အညံ့အဆိုးသိပ်မတွေ့ပါဘူး။

 

မိမိအိမ်ထောင် ဘက်လဲ အလုပ်များနေပါလိမ့်မယ်။ ပညာရေးကတော့ အကောင်းဆုံးပါပဲ၊။ အသိပညာ အတတ်ပညာတိုးပွားမဲ့ ကာလပါပဲ။

 

အကျိုးပေးဂဏန်း ၅/၆/၉


အထူးဟော ကံမြင့်နေပါတယ်။


ယတြာ တရားစာအုပ် ဒါနလုပ်ပါ

 

<<< Jewellery Shops ကျောက်မျက်ရတနာအရောင်းဆိုင် ၂၃၉ ဆိုင်ကိုရှာရန်နှိပ်ပါ။ >>>

 

တနင်္လာ

 

စိတ်ပျော်ရွင်စရာများ ဆက်တိုက်ကြုံတွေ့ရတတ်ပါတယ်။

 

အပျော်ခရီးများ အပန်းဖြေခရီးများလဲ သွားရ ဖို့ရှိပါတယ်။

 

လုပ်ငန်းခွင်အတွင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီအထောက်အပံ့တွေလဲ ရလာတတ်ပါတယ်။

 

မိမိစိတ်လဲ ပေါ့ပါးလွတ်လပ်နေတတ်တယ်။ ကိုယ်ပိုင်စီးပွားများ အထူးကောင်းတယ်။

 

စေတနာ ကောင်းလေ ကံကောင်း လေဆိုတဲ့ စကားအတိုင်း ကြုံ ရမဲ့ကာလပါ။

 

လက်ကားစီးပွားများအထူးကောင်းမွန်ပါလိမ့်မယ်။ သိ ထားတဲ့ အတွေးတွေက မိမိကိုရှေ့ဆောင်လမ်းပြလုပ်ပါလိမ့်မယ်။

 

မိမိစိတ်ကူးပုံဖော်ထားတာတွေလက်တွေ့ ဖြစ်လာပါလိမ့်မယ်။

 

ခရီးကောင်းတွေလဲသွားရတတ်ပါတယ်။ ပျော်ရွှင်စရာတွေအထူးကြုံရမယ် ။

 

ဘာသာရေး နဲ့ပက်သက်သော အလှူအတန်းတွေလဲလုပ်ရတတ်ပါတယ်။

 

ချစ်သူမရှိသေးသူများချစ်သူသစ်ရတတ်ပါတယ်။ချစ်သူ နဲ့စိတ် ကောက်နေသူများပြန်ပြေလည်မည်။

 

ကျန်းမာရေးကတော့ ကောင်းပါတယ်။ ဗိုက်အောက်ဗိုက်နာတော့ ဖြစ်လွယ်တယ်။

 

အိမ်ထောင်ရေးမှာ စန်းပွင့်နေတဲ့ အတွက် တစိမ်းတစ်ရံလိင်မတူသူတွေရဲ့ ဖြားယောင်းခြင်း ခံရတတ်ပါတယ်။

 

ပညာရေးကတော့ အပျော်အပါးမက်နေတဲ့အတွက် စာကို စိတ်မဝင်စားသလိုဖြစ်နေတတ် ပါတယ်။

 

အကျိုးပေးဂဏန်း ၆/၉/၂


အထူးဟော ပျော်စရာကောင်းမဲ့ အချိန်ပါပဲ။


ယတြာ ကလေးတွေကို ကစားစရာတွေ ဝယ်ပေးလိုက်ပါ။

 

အင်္ဂါ

 

ဒီကာလမှာ ချစ်ခင်မြတ်နိုးရသူတွေနဲ့ခဏတာခွဲခွာရတတ်တယ်။

 

မိသားစုနဲ့ အလုပ်ကြောင့်ခွဲနေရတတ်ပါ တယ်။ လူငယ်များ မိဘနဲ့ စကားများရတတ်တယ်။

 

မိဘစကားနားထောင်သင့်တဲ့ကာလပါ။ စိတ်ထင်ရာမလုပ်မိပါ စေနဲ့ ။

 

လူမျိုးခြား ဘာသာခြားတွေနဲ့ စပ်တူလုပ်ထားတယ်ဆို အဆင်မပြေခြင်းများ ကြုံရတတ်ပါတယ်။

 

ငွေကြေး ကတော့ မိမိကရစရာရှိရင်လဲ မရနိုင်သေးသလို ပေးစရာရှိရင်လဲ မပေးနိုင်ဖြစ်ရတတ်ပါတယ်။

 

ကျန်းမာရေးက တော့ အငန်/အပူအစပ်လျော့စားပါ။ သောက်နေကျ ဆေးလေးတွေ မပြတ်အောင်ဆောင်ထားရင်ရပါပြီ။

 

ဝင်ငွေ ထက် ထွက်ငွေများ နေတတ်ပါတယ်။ ငွေကုန်စရာတွေတစ်ခုပြီးတစ်ခုကြုံရတတ်တယ်။

 

အထူးသဖြင့် ဇိမ်ခံပစ္စည်း တွေဝယ်ယူခြင်းကြောင့်ကုန်ကျတာမျိုး ဖြစ်တတ်ပါတယ်။

 

ဒီကာလအတွင်း အခက်အခဲ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ ဖြေရှင်းပါက ပြေလည်သွားနိုင်မဲ့ကာလပါ။

 

အချစ်ရေးကံကကောင်းနေမဲ့ကာလပါပဲ။ ချစ်သူနဲ့ အမှတ်တရတွေ ဖန်တီးနိုင်မှာပါ။

 

အိမ်ထောင်ရေးသာယာပျော်ရွှင်မှုတွေကို ဖြစ်ပေါ်စေမဲ့ကာလပဲဖြစ်ပါတယ်။

 

ပညာရေးကတော့ မိမိကိုယ်တိုင်က ကျက်ထားတဲ့ စာတွေ မေ့မေ့သွားတတ်တဲ့ကာလပါပဲ။

 

အကျိုးပေးဂဏန်း ၇/၀/၎


အထူးဟော ကံညံ့နေပါတယ်။


ယတြာ ရဟန်းတစ်ပါးကို စတုမဓု ဝယ်လှူလိုက်ပါ။

 

ဗုဒ္ဓဟူး/ရာဟု

 

ငွေကြေးနဲ့ပက်သက်ပြီး ပြေလည်အောင်မြင်မဲ့ကာလပါပဲ။ ရပ်ဝေးကရစရာရှိတဲ့ ငွေကြေးတွေ ရလာပါ လိမ့်မယ်။

 

မိသားစုအတွင်း စိတ်ဝမ်းကွဲစရာကြုံရပါလိမ့်မယ်။ ဒီကာလအတွင်း အမှုအခင်းစတင်ဖြစ်ပွားပါက အမှု ရှည်ကြာတတ်ပါတယ်။

 

တတ်နိုင်သလောက် ပြဿနာနဲ့ ဝေးဝေးမှာနေထိုင်ပေးပါ။ ကျန်းမာရေးအတွက် အနည်း ငယ်စိတ်ပင်ပန်းရတတ်ပါတယ်။

 

ဒိတ်လွန်အစားအသောက်များ လက်သုပ်ချဉ်များ မစားသင့်တဲ့ကာလပါပဲ။

 

ညီအကိုမောင်နှတွေ မစည်းလုံးတဲ့ကာလပါပဲ။အလုပ်ဟောင်းကို စွန်ခွာချင်စိတ်တွေဖြစ်ပေါ်နေတတ်ပါတယ်။

 

လူငယ်များ အိမ်မကပ်ချင် အိမ်မှာမနေချင်ဖြစ်နေပါလိမ့်မယ်။မိတ်ဆွေရင်းတွေရဲ့ အကူအညီကတော့ ရမှာပါ။

 

ရွှေလဲ ဝင်တတ်ပါတယ်။ လာဘ်လဲရွင်လာလိမ့်မယ်။အိမ်ထောင်ရေးသတိရှိပါ။ စကားအမှားတွေကြောင့် ပြဿ နာဖြစ်လွယ်ပါတယ်။

 

အရမ်းရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ ခွဲခွာရတတ်ပါတယ်။ စိတ်မလောဖို့လိုပါတယ်။ မိမိလုပ်ချင် တာမှန်သမျှအချိန်ယူပြီး လုပ်ဆောင်ရပါလိမ့်မယ်။

 

အချစ်ရေးကတော့ အညံ့တွေလျော့ပါးပြီး ပြန်အဆင်ပြေနိုင်မဲ့ ကာလပါပဲ။ ပညာရေးကံအကောင်းဆုံးကာလပါပဲ။

 

အရင်ထက်ကို မိမိထိုးထွင်ဉာဏ်တွေပိုကောင်းနေပါလိမ့်မယ်။

 

အကျိုးပေးဂဏန်း ၆/၈/၁


အထူးဟော ကံ'သင့်'ပါတယ်


ယတြာ နို့အေးလေးတစ်ခွက် ဘုရားကပ်လှူပါ

 

ကြာသာပတေး

 

ဖခင်ရဲ့ ဂုဏ်ပြု ထောပနာပေးခြင်းခံရတတ်တယ် ။ အိုးအိမ်စတင်တည်ဆောက်ခြင်း၊ ဆိုင်ခန်းဆောက်လုပ်ခြင်း ၊ အိမ်ပြင်ဆင်ခြင်းတွေအထူးကောင်းတဲ့ကာလပါ။

 

အဘက်ဘက်က အဆင်ပြေဖို့ရှိနေပါတယ်။ လူကြီးမိဘတွေကို ကောင်းစွာထောက်ပံ့နိုင်မဲ့ ကာလပါပဲ။

 

အလုပ်တွေရလာပါလိမ့်မယ်။ဒါကြောင့်ပဲ အလုပ်များနေပြီး အခြားလူမှုရေး ကိစ္စတွေ လှည့်မကြည့်နိုင်ဖြစ်ရတတ်ပါတယ်။

 

အလုပ်ကကောင်းပေမဲ့ ရင်းနှီးဖို့ ငွေလိုနေတာမျိုး ငွေကြေး မလည်ပတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။

 

လုပ်ငန်းအပ်နှံခြင်း ဖောက်သည်သစ်ရခြင်းမျိုးတွေရှိလာလိမ့်မယ်။ ဝန်ထမ်းများ နေရာကောင်းရခြင်း ရာထူးတစ်ဆင့်တိုးခြင်းရှိလိမ့်မယ်။

 

စိတ်ပူစရာ တွေဝေစရာ စိတ်ခံစားချက်တွေ လဲရှိနေလိမ့်မယ်။

 

ကျန်းမာရေးတော့ အကောင်းဆုံးကာလပါပဲ၊ ညံ့နေတာတွေ ရောဂါဝေဒနာခံစားနေရတာ တွေရှိရင် ဒီကာလသက်သာခွင့်ရပါလိမ့်မယ်။

 

အိမ်ထောင်ရေးကံကတော့ အကောင်ဆုံးကာလပါပဲ။မိမိဘက်က အမှားမလုပ်မိဖို့တော့လိုပါပေါ့ဗျာ။အချစ်ရေးအညံ့ဖျင်းဆုံးကာလပါပဲ။

 

ချစ်သူနဲ့ လမ်းခွဲရသည်ထိဖြစ်တတ် တယ်။ သည်းခံစေချင်ပါတယ်။ ပညာရေးကံကောင်းမည်။ မိမိကြိုးစားသည်ထက် ပိုမိုထွန်းပေါက် တတ်ပါတယ်။

 

အကျိုးပေးဂဏန်း ၂/၅/၉


အထူးဟော စီးပွားကောင်းမည်


ယတြာ သပြေပန်း လက်တစ်ဆုပ်ခန့် မွေးနံထောင့်မှာ လှူတန်းပေးပါ

 

သောကြာ

 

ရည်မှန်းချက်ပြည့်ဖို့ အားသွန်ခွန်စိုက်လုပ်ရပါလိမ့်မယ်။ ချွေးထွက်မှအောင်မြင်မှုရမဲ့ကာလပါပဲ ။

 

ငွေကြေး ကဝင်သလောက် ကုန်စရာတွေများနေတတ်ပါတယ်။ အောက်လက်ငယ်သားတွေလဲ အားကိုးမရတဲ့ကာလပါပဲ။

 

ဘယ်ကိစ္စမဆို ကိုယ့်အားကိုယ်ကိုးပြီး လုပ်ဆောင်ပေးပါ။လုပ်ငန်းနှစ်မျိုး သုံးမျိုးလုပ်သူဆိုပိုပင်ပန်းပါလိမ့်မယ်။

 

အလုပ်ကောင်းသလို ဝင်ငွေကလဲကောင်းနေပါလိမ့်မယ်။ စိတ်တော့ ပင်ပန်းရပါလိမ့်မယ်။

 

လက်ဝယ်ရှိသော စက်ပစ္စည်းများ ပျက်တတ်ပါတယ်။ စက်ပစ္စည်းအသစ်တွေဝယ်ဖို့ စဉ်းစားမယ်ဆိုရင် ခဏတော့ ဆိုင်းထားပါအုံး ။

 

ကျန်းမာရေးကတော့ ဂရုစိုက်သင့်တဲ့ကာလပါပဲ။ ခေါင်းမူးမူးနေတတ်တယ်။ အိပ်ရေးမဝသလို ခံစားရတတ်ပါ တယ်။

 

စာရင်းဇယားကိစ္စများ ၊ စာရွက်စာတန်းကိစ္စ၊ စာချုပ်ကိစ္စ စတာတွေနဲ့ အလုပ်ရှုပ်နေရတတ်ပါတယ်။

 

ဒါကြောင့်ပဲ ဒီကာလဟာနည်းနည်းတော့ အလုပ်များနေရတတ်ပါတယ်။ အလုပ်ကံကတော့ ကောင်းနေပါတယ်။

 

အိမ်ထောင်ရေးကတော့ မိမိကိုယ်တိုင် ဆင်ခြင်ဖို့လိုပါတယ်။

 

အချစ်ရေးကတော့ ချစ်သူနဲ့ အနေဝေးနေရပါ လိမ့်မယ်။ ပညာရေးအထူးကောင်းပါတယ်။ ကြိုးစားပါ။

 

အကျိုးပေးဂဏန်း ၃/၆/၅


အထူးဟော အလုပ်များနေပါလိမ့်မယ်။


ယတြာ မျက်စိအားနည်းသူတစ်ယောက်ကို ဆေးလှူလိုက်ပါ

 

စနေ

 

ရည်ရွယ်ထားတဲ့ ခရီးကိစ္စတွေပျက်ရတတ်တယ်။

 

စိတ်ကူးပုံဖော်ထားတာမျိုးရှိရင်လဲ ဒီကာလ လက်တွေ့ မလုပ်ပါနဲ့အုံး။ ပိုက်ဆံချေးငှားခြင်းမလုပ်သင့်ပါ။

 

ကုန်သွယ်မှု လုပ်ငန်းများ /ကုန်ရောင်းကုန်ဝယ်လုပ်ကိုင်သူများ ရောင်းမှား/ဝယ်မှား ဖြစ်တတ်ပါတယ်။

 

ဒီကာလဟာ အနေအထိုင်အပြောအဆို ဆင်ခြင်မယ်ဆို အဆင်ပြေမဲ့ ကာလပါပဲ ။

 

ဈေးရောင်းသူများ အကြွေးကျတတ်တဲ့ကာလပါပဲ။ ဖုန်းနဲ့ပက်သက်သော ဆက်သွယ်ရေးနဲ့ သက်ဆိုင် သော ပစ္စည်းများပျက်စီးလွယ်ပါတယ်။

 

ကျန်းမာရေးကတော့ ဒီအတိုင်းဆို အကောင်းပါ။ ခရီးထွက်စရာရှိလို့ ခရီးသွားပြီးရင်တော့ ကျန်းမာရေး ညံ့သွားတတ်ပါတယ်။

 

ဘယ်ကိစ္စမဆို စဉ်းစားပြီးမှ လုပ်ကိုင်ပြောဆိုပါ။ ဘယ်လို ပြဿ နာပဲ ကြုံ ကြုံ ရင်ဆိုင်ဖြေရှင်းပါ။

 

အညံ့အဆိုးတွေကြုံရပြီးမှ အကောင်းကြုံရတတ်လို့ပါပဲ။

 

ဘာတစ်ခုမှ အလွယ်တကူမရ...အခက်အခဲကြုံပြီး အဆင်ပြေပါလိမ့်မယ်။

 

ပညာရေးကံအထူးညံ့နေပါတယ်။

 

အချစ်ရေးကံက အရမ်းကောင်းသွားနိုင်သလို အရမ်းလဲ ဆိုးသွားနိုင်တဲ့အနေအထားပါ။

 

အိမ်ထောင်ရေးကံကတော့ သတိထားပါ။ ညံ့နေတဲ့အချိန်ဆိုတော့ အမှားမရှိအောင်နေတတ်ဖို့ လိုပါတယ်။

 

အကျိုးပေးဂဏန်း ၃/၄/၇


အထူးဟော ကံအနည်းငယ်အားနည်းပါတယ်


ယတြာ သရက်ယို ဘုရားကပ်လှူပေးပါ။

 

Source:ဗေဒင်သုတေသီ

 

Myanmar Wedding Guide

 

3

 

Read times
Rate this item
(0 votes)
Tagged under