(၁) ကိုယ့်အပေါ် စိတ်နာအောင် လုပ်ခဲ့တဲ့ သူတွေကို စွန့်လွှတ်လိုက်ခြင်းဖြင့် ကိုယ့်ဘဝကို ပြန်အဖတ်ဆယ်ပါ။
(၂) ချစ်လို့ အလျှော့ပေး အလိုလိုက်တာ ရပါတယ်… ဒါပေမယ့် ဘဝနဲ့ ဂုဏ်သိက္ခာ ပဲ့ပါရတဲ့အထိ အားနာဖို့မလိုဘူး။
(၃) အဖြေမရခင် Boy တွေက ဘာမဆို လိုက်လျောလိမ့်မယ်… လိုချင်တာ ရပြီးသွားရင် သွေးအေးသွားတာတွေ ရှိလာနိုင်တယ်… အဲ့တော့ အသေအလဲ ချစ်မပြနဲ့ ဆရာစားတစ်ကွက် ချန်ထား။
(၄) လွယ်လွယ်နဲ့ အချစ်တွေ Promotion လုပ်မပစ်ပါနဲ့… မာနကြီးပြီး လိုက်ရခက်တဲ့ မိန်းခလေးဘဲ ဖြစ်ပါစေ။
(၅) မပျော်တော့ဘူး ဆိုတဲ့ အချစ်ရေး ပြတ်သားစွာ ကျောခိုင်းလိုက်… Single ဘဝရဲ့ ပျော်စရာ အချိန်တွေ ဘဝမှာ ၂ ခါမရနိုင်ဘူး။
(၆) ပြတ်သွားတဲ့ ရည်းစားဟောင်းကို ပြန် Feel မနေနဲ့… အဆင်လေးတွေက နောက်မှာ တန်းစီစောင့်နေတာ မေ့မနေနဲ့။
(၇) Boy တစ်ယောက်ကို ယှဉ်မလုနဲ့ သိက္ခာကျတယ်… ဖြစ်ချင်းဖြစ် ကိုယ့်ကို ဝိုင်းလုနေတာမျိုးဘဲ ဖြစ်ပါစေလေ။
(၈) Boy တစ်ယောက်ရဲ့ History သေချာမသိရသေးဘဲ… အဖြေ ပြန်ပေးလိုက်တာက ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်လိုက်တာနဲ့ အတူတူဘဲ ဆိုတာ ခေါင်းထဲ ရိုက်ထည့်ထား။
(၉) Miss Universe တစ်ယောက်လို လှဖို့မလိုဘူး… စိတ်ထားလေး အမြဲလှပြီး Confidence အမြဲရှိနေရင် ရပြီ။
(၁၀) Smart ကျကျ နေထိုင်ဝတ်စားပါ… လူတကာငေးရ လှည့်ကြည့်ရတဲ့ ချစ်စရာ မိန်းခလေးဖြစ်ပါစေ။
Myanmar Wedding Guide
Credit;Original Uploader