တစ်ချို့ယောက်ျားလေးတွေက ဝတဲ့ကောင်မလေးတွေကိုမှ ရွေးချစ်ရတဲ့အကြောင်းရင်း (၅) ချက်

တစ်ချို့ယောက်ျားလေးတွေက ဝတဲ့ကောင်မလေးတွေကိုမှ ရွေးချစ်ရတဲ့အကြောင်းရင်း (၅) ချက် google.com

ပိန်ပိန်သွယ်သွယ်နဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေကို ယောက်ျားလေးတော်တော်များများက ကြိုက်ကြပါတယ်။ ဒါပေမယ့် ယောက်ျားအားလုံးတော့မဟုတ်ပါဘူး။

တစ်ချို့ယောက်ျားလေးတွေကတော့ ဝတဲ့ကောင်မလေးတွေကိုမှ ကြိုက်ကြတာပါ။ ဘာဖြစ်လို့လဲဆိုတာတော့ ဖတ်ကြည့်လိုက်နော်။

 

() ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလို့

ဝတဲ့ကောင်မလေးတွေဟာ သူများတွေထက် စိတ်ဓာတ်ပိုကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိကြပါတယ်။ သူတစ်ပါးရဲ့ နှိမ်ပြီးပြောတာတွေ၊ လှောင်ပြောင်တာတွေကို ခံခဲ့ရတော့ စိတ်ဓာတ်က ပိုပြီးရင့်ကျက်ကြသလို၊ ကြာလာတဲ့အခါ လူတွေကို ဂရုစိုက်မနေတော့ဘဲ ကိုယ့်ကိုယ်ကိုလည်း ပိုပြီးယုံကြည်မှုရှိသွားပါတယ်။ ဝနေရင်တောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ အမြဲလန်းနေလို့ ကောင်လေးတွေက ဝတဲ့ကောင်မလေးတွေကိုမှ ကြွေနေရတာဖြစ်ပါတယ်။

 

() ပိုပြီးဆွဲဆောင်မှုရှိတယ်

ဝတဲ့ကောင်မလေးတွေရဲ့ ကောက်ကြောင်းက ပိန်တဲ့သူတွေထက် ပိုပြီးပေါ်လွင်သလို၊ အရမ်းလည်း ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ တစ်ချို့သူတွေအတွက်တော့ ဝလွန်းတယ်၊ ခန္ဓာကိုယ်ကြီးလွန်းတယ် ဆိုပြီး ငြိုငြင်စရာဖြစ်ကောင်းဖြစ်မယ်၊ ဒါပေမယ့် တစ်ချို့ကောင်လေးတွေကျတော့ ဒီလို ဝနေလို့၊ ခန္ဓာကိုယ် ကြီးနေလို့ကို ကြိုက်ရတာဖြစ်ပါတယ်။ သူတို့အတွက် ဒီလိုပုံစံက ဆွဲဆောင်မှုအရမ်းရှိနေလို့ပါ။

 

() တင်သားပိုကြီးတယ်

သိပ္ပံပညာရှင်တွေရဲ့ လေ့လာစမ်းသပ်ချက်အရ မိန်းကလေးတစ်ယောက်ရဲ့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းဟာ ယောက်ျားတွေအတွက် ဆွဲဆောင်မှုအရှိဆုံးလဲဆိုတော့ တင်သားတွေပဲဖြစ်ပါတယ်။ ဝတဲ့ မိန်းကလေးတွေဟာ တင်သားအရွယ်အစားပိုကြီးမားတာကြောင့် ပိုပြီးတော့ ဆွဲဆောင်မှုရှိကြသလို၊ ကောက်ကြောင်းပေါ်တဲ့ အဝတ်အစားတွေ ဝတ်လိုက်တဲ့အခါ တစ်ချို့ကောင်လေးတွေ တဖြုတ်ဖြုတ်ကြွေကြရတာ ဖြစ်ပါတယ်။

 

() အစားကောင်းကြိုက်တယ်

ဟင်းသီးဟင်းရွက်တွေစား၊ ရေတွေပဲသောက်ပြီး ခန္ဓာကိုယ်ထိန်းသိမ်းတတ်တဲ့ ကောင်မလေးတွေထက် စားချင်တာကို အားရပါးရ စားတတ်တဲ့ ကောင်မလေးတွေကို ကောင်လေးတွေက ပိုကြိုက်ကြပါတယ်။ ဝတဲ့ကောင်မလေးတွေဟာ အစားကောင်းကြိုက်သလို၊ စားတဲ့အခါ မြိန်ရေယှက်ရေ စားတတ်ကြတာကြောင့် သူတို့နဲ့အတူစားတဲ့အခါ စိတ်ကျဉ်းကျပ်တာတွေမရှိတော့ပဲ မိသားစုလို နွေးထွေးမှုကို ခံစားရတာကြောင့် ဒီလိုကောင်မလေးတွေကိုမှ စွဲလန်းရတာဖြစ်ပါတယ်။

 

() ချစ်စရာကောင်းတယ်

ဝတဲ့ကောင်မလေးတွေဟာ ပိုပြီးချစ်စရာကောင်းကြပါတယ်။ ကိုယ်ချင်းစာတတ်တဲ့စိတ်၊ နွေးထွေးတဲ့နှလုံးသားကို ပိုင်ဆိုင်ထားကြတဲ့အပြင် မာန်မာနတွေလည်း မရှိတာကြောင့် တစ်ချို့ကောင်လေးတွေက ဒီလိုမိန်းကလေးတွေကိုမှ ချစ်ရခြင်းဖြစ်ပါတယ်။ ယောက်ျားလေးတော်တော်များများက ချောတာထက် ချစ်ဖို့ကောင်းတာကိုပဲ လိုချင်ကြတာပါ။

 

Myanmar Wedding Guide

 

Credit;Aunty May

Read times Last modified on Wednesday, 19 September 2018 10:30
Rate this item
(1 Vote)