သင့်ချစ်သူဟာ သင့်ဘ၀တစ်လျှောက်အတွက် အဖော်မွန်ကောင်း လားဆိုတာသိနိုင်တဲ့အချက်များ

သင့်ချစ်သူဟာ သင့်ဘ၀တစ်လျှောက်အတွက် အဖော်မွန်ကောင်း လားဆိုတာသိနိုင်တဲ့အချက်များ google.com

သင်လက်ရှိတွဲနေတဲ့ချစ်သူဟာ သင့်ဘ၀တစ်လျှောက်လုံးသင်ဘ၀တိုးတက်မြင့်မားအောင် အကျိုးပြုမယ့်

အဖော်မွန်ကောင်းဖြစ်မလားဆိုတာ စုံတွဲတိုင်းသိချင်ကြမှာပါ။ ဒီအချက်ကို ရှင်းရှင်းလင်းလင်းသိနိုင်အောင် Business Insider ဆိုတဲ့ Website ကနေပြီး Social Relationship ကျွမ်းကျင်ပညာရှင် ၉ ယောက်ကို သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေအကြောင်း မေးမြန်းစုံစမ်းခဲ့ပါတယ်။

 

Read More: မိန်းကလေးတွေစိတ်ကောက်ရခြင်းအကြောင်းရင်း

 

-       ချစ်သူနှစ်ဦး စားသောက်ဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေ အတူတူသွားကြတဲ့အခါ ကိုယ့်ချစ်သူက တခြားသူများအပေါ်မှာ စိတ်မ၀င်စားဘဲ ကိုယ့်အပေါ်မှာသာ အာရုံစူးစိုက်မှုအပြည့်ရှိနေတယ်ဆိုရင်တော့ ‘Bar Test’ လို့ခေါ်တဲ့ စမ်းသပ်မှုကိုအောင်မြင်သွားပါပြီ။ ဒီအချက်ဟာလည်း ကိုယ့်ချစ်သူက ကိုယ့်ဘ၀အတွက် လက်တွဲဖော်ကောင်းဖြစ်မှာလားဆိုတာ သိနိုင်တဲ့အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။

-       သင့်ချစ်သူဟာ သင့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းအတွက် အမြဲစဉ်းစားပြီး အကြံဥာဏ်ကောင်းတွေပေးနေမယ်။ သင့်ဘ၀မြင့်မားစေဖို့အတွက်ပဲ ဦးစားပေးနေမယ်ဆိုရင်တော့ သင့်အတွက် လက်တွဲဖော်ကောင်းပဲပေါ့။

-       အရင်ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ရှေ့ဆက်လျှောက်ရမယ့်ဘ၀ကောင်းဖို့အတွက်ကိုသာ စဉ်းစားပြီး သင်နဲ့အတူတူတစ်သားတည်းဖြစ်ဖို့အတွက် သင့်ဘ၀ဖြစ်တည်မှုအခြေအနေကို လက်ခံပေးနိုင်တဲ့ ချစ်သူမျိုးဟာလည်း သင့်အတွက်လက်တွဲဖော်ကောင်းဖြစ်မယ့်သူပါပဲ။

 

-       တစ်ဦးနဲ့တစ်ဦး အမြင်မတူမှုတွေများလာတဲ့အခါ ပဋိပက္ခဆိုတာဖြစ်လာတာပါပဲ။ ဒီလိုဖြစ်လာတဲ့အခါ ဒေါသအလျှောက်ဆူပူကြိမ်းမောင်းတာတွေ၊ အော်ဟစ်ရန်ဖြစ်တာတွေမပြုလုပ်ဘဲ သင့်စကားကိုနားထောင်ပြီး အကျိုးသင့်အကြောင်းသင့်ဖြေရှင်းတတ်သူဟာ သင့်ကိုသိပ်ချစ်တဲ့သူပါ။

-       ဘ၀ရဲ့အနိမ့်အမြင့်အတက်အကျတွေထဲက တစ်ခုဖြစ်တဲ့ ပျော်ရွှင်မှုကို သင်ရရှိတဲ့အချိန်မှာ သင့်ချစ်သူရဲ့ရင်ထဲမှာ ဘာတွေပဲဖြစ်နေနေ သင်ပျော်နေတဲ့မျက်နှာလေးကိုကြည့်ပြီး သူပါပျော်ရွှင်မှုကိုလိုက်လံခံစားပေးတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပျော်ရွှင်ရတာပေါ့။

 

-       သင်ဝမ်းနည်းပူဆွေးတဲ့အခါ သင့်ရဲ့စိတ်ခံစားမှုတွေသက်သာအောင် နှစ်သိမ့်ပေးပြီး၊ သင့်ကိုဖက်လှဲတကင်း ကြင်နာမှုတွေပေးတတ်တဲ့ အပြုအမူမျိုးဟာလည်း သင့်ဘ၀အတွက် လက်တွဲဖော်ကောင်းဖြစ်မယ့် သင့်ချစ်သူရဲ့ အရည်အချင်းတစ်ရပ်ပါပဲ။

 

                                                                                      Author – Nyi Min Khant

Read times Last modified on Wednesday, 19 September 2018 11:02
Rate this item
(1 Vote)