၉ ဂဏန်းသမား အကြောင်း

၉ ဂဏန်းသမား အကြောင်း google

ဒီနေ့မှာတော့ Myanmar Wedding Guide ပရိသတ်ကြီးအတွက် (၉) ဂဏာန်းသမားများအကြောင်း ဖော်ပြပေးလိုက်ပါတယ်နော်။

 

အင်္ဂလိပ်လ ရဲ့ (9 , 18 , 27) ရက်တွေမှာ မွေးတဲ့ လူတွေကို ၉-ဂဏန်းသမား လို့ ခေါ်တယ်။

 

၉-ဂဏန်း သမားတွေဟာ သူများပေးတဲ့ ငွေတစ်ဆယ် ကို မမက်ဘူး ကွ။ ကိုယ်တိုင် ရှာတဲ့ ငွေတစ်ဆယ်ကို မြတ်နိုးတယ်။

 

ဘယ်ကိစ္စကို မဆို ကွယ်ရာ မှာ တစ်မျိုး ရှေ့တင်မှာ တစ်မျိုး မလုပ်တတ်ဘူး။

 

အဲဒါကြောင့် ၉-ဂဏန်း သ မားတွေဟာ ရန်သူများတတ်တယ်။ တွဲလို့ ရရင်တွဲ။ တွဲလို့ မရရင် ကွဲ။

 

ပြတ်ပြတ် သားသား ရှိတာ ၉-ဂဏန်းသမားတွေ။


၉-ဂဏန်း သမားတွေဟာ မကြာခဏ လောကကြီးကို စိတ်ကုန်တတ်တယ်။

 

အဲဒီလို စိတ်ကုန်ပေမယ့် ၉- ဂဏန်း သမားတွေဟာ မယ်သီလရှင် ၊ ဘုန်းကြီး ၀တ်တာ နည်းတယ်။

 

၉-ဂဏန်း သမားတွေဟာ အတိုက်အခိုက် ဘယ်လောက် များများ နောက်ဆုံးမှာ အောင်မြင် သွားတယ်။

 

၉-ဂဏန်း သမားတွေဟာ သူတို့က မသိလို့ကွ။ ကြီးပွားချမ်းသာစေတဲ့ ဓာတ်တစ်မျိုး မွေးရာပါ ပါတယ်။

 

၉-ဂဏန်း သမားတွေ ဖြစ်တတ်တဲ့ ရောဂါကတော့ ကြောက်စရာကြီး။

 

မဖြစ်ရင်လည်း နေရော ဖြစ်ရင် လည်း ကူးစက်တတ်တဲ့ ရောဂါ ဖြစ်တတ်တယ်။

 

ဘာမှ မဖြစ်ရင်တောင် အပူလောင်တာ မကြာခန ဖြစ်တတ်တယ်။


ဘယ်ရောဂါပဲ ဖြစ်ဖြစ် ကြက်သွန်ဖြူ ကြက်သွန်နီ တို့ဟာ သဘာဝ ဓာတ်စာပဲဟေ့။

 

သူတို့အတွက် သဘာဝ အဆောင်ကတော့ သံမဏိပဲ။

 

သံမဏိ လက်စွတ် တို့ သံမဏိ လက်ကောက်တို့ ၀တ်ရင် အကောင်းဆုံးပဲ။

 

အဲဒါတွေ မ၀တ်ချင်ရင်တော့ အဆောင်က ကျောက်နီ။

 

သူတို့အတွက် အကောင်းဆုံး ကံကောင်းစေတဲ့ နေ့ဟာ အင်္ဂါနေ့။

 

ကံကောင်းစေတဲ့ အရောင်ကတော့ ကြက်သွေးရောင် ၊ အနီရောင် ရဲရဲတွေပေါ။

 

Source:Sayar Zayar Htoo

 

Myanmar Wedding Guide

 

3

Read times Last modified on Wednesday, 11 September 2019 16:28
Rate this item
(0 votes)