ရင်ခုန်သံတွေအေးစက်လာပြီးဖြစ်ကြောင်းဘယ်လိုစသိနိုင်သလဲ....
ရင်ခုန်သံတွေအေးစက်လာပြီးဖြစ်ကြောင်းဘယ်လိုစသိနိုင်သလဲ.... google
မိန်းကလေးတွေက သူတို့ရည်းစားတွေ ပြောင်းလဲသွားရင် ခံစားရပါတယ်။ သူတို့ကို မချစ်တော့ဘူးလို့ သိလိုက်ရတဲ့အခါ အတော်ကို ထိခိုက်ခံစားရပါတယ်။
မိန်းကလေးတွေက သူတို့ကို ပျော်ရွှင်စေမယ့်သူ၊ အမြဲဂရုစိုက်ပေးမယ့်သူကို လိုချင်ကြပါတယ်။ဒါပေမယ့် သင့်ချစ်သူက ဒီအချက်တွေထဲက တစ်ချက်ကို လုပ်နေပြီဆိုရင်တော့ သင့်ကိုမချစ်တော့ဘူးလို့ ပြောလို့ရပါတယ်။
ပြောင်းလဲတယ်ဆိုတာ သဘာဝနိယာမပါပဲ။ ဒါပေမယ့် အရာရာပြောင်းလဲသွားတာကို လူတွေ မကြိုက်ကြပါဘူး။ ချစ်သူရည်းစားတွေဆိုရင် ပြောင်းလဲတာကို ပိုတောင်မကြိုက်ကြပါဘူး။ မိန်းကလေးတွေမှာ ဆဌမအာရုံရှိတယ်လို့ ယုံကြည်ကြပါတယ်။
အဲဒါကြောင့် သူတိူ့ချစ်ရသူရဲ့ အပြုအမူပြောင်းလဲတာတွေကို ချက်ချင်းပဲ အဖြေရှာကြပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ရှိလာရင်တော့ မချစ်ဘူးလို့ ယူဆလို့ရပါတယ်။ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်မလဲ။ ကြည့်လိုက်ကြရအောင်။
1. ပိုချစ်ပြတယ်
သကြားများရင် အရသာပျက်ပါတယ်။ Relationship မှာလည်း အဲဒီလိုပါပဲ။ သင့်ချစ်သူက သင့်ကို ပိုဂရုစိုက်ပြမယ်၊ ပိုချစ်ပြမယ်၊ ပိုပြီးသည်းသည်းလှုပ်ပြမယ် ဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ လက္ခဏာဆိုတာ သေချာပါပြီ။
2. ဖုံးကွယ်ထားတယ်။
တချို့အရာတွေကို သင့်ကို မပြောပြဘဲ ဖုံးကွယ်ထားပါလိမ့်မယ်။ ဖုံးကွယ်ထားတဲ့ အရာတွေကို သင်သိသွားပြီး လုံးဝခွင့်လွှတ်လို့မရတဲ့အခါမှ ပြောပြပါလိမ့်မယ်။
သင့်ကို ဖုံးကွယ်ထားတာတွေ ရှိပြီဆိုကတည်းက မချစ်တော့တာပါ။ Relationship ဆိုတာ ယုံကြည်မှုနဲ့ တည်ဆောက်ရတာပါ။ သင့်ချစ်သူက ဖုံးကွယ်တတ်လာရင်တော့ မယုံပါနဲ့တော့။
3. သင်ဖုန်းခေါ်ရင် ဂရုမစိုက်ဘူး။
သင့်ချစ်သူက သင်ဖုန်းစခေါ်တာကိုပဲ နာရီပေါင်းများစွာ စောင့်နေတတ်သူလား။ သင်ဖုန်းခေါ်လာတာကို စပြီး ရှောင်နေပြီလား။ ဒီအချက်တွေ စလုပ်ပြီဆိုရင်တော့ သင့်ချစ်သူကို စစ်ဆေးဖို့လိုလာပါပြီ။
သင့်ကိုလျစ်လျူးရှုတယ်ဆိုတာ သူ့မှာ ပိုအရေးကြီးတဲ့သူရှိနေပြီဆိုတဲ့ လက္ခဏာပါပဲ။
4. တစ်ယောက်တည်း နေချင်တယ်လို့ ပြောလာမယ်
အရင်တုန်းကတော့ မခွဲတစ်တွဲတွဲ နေလာရာကနေ ရုတ်တရက် ကြီး သီး သန့်နေချင်တယ်၊တစ်ယောက်တည်း အေးဆေးနေချင်တယ်လို့ ပြော လာပြီ လား..?
ဒါဆိုရင်တော့ သူ့မှာ တစ်ခုခု အဆင်မပြေတာ၊စိတ်ညစ်စရာ ကိစ္စရှိ၊ မရှိစုံစမ်းကြည့်ပါ။ အဲ့လိုမှ မဟုတ်ရင်တော့ ဒါဟာ သူသင့်ကို ရှောင်ဖယ် ချင်လာတဲ့ သဘောပါ။သင့်အနားမှာ နေရတာ သူအရင်လို မပျော်တော့ ဘူးဆိုတဲ့ သဘောပါ။
5. နှိုင်းယှဉ်ပြောလာတာမျိုး..
ဘယ်သူဆိုရင် မင်းလို မဟုတ်ဘူး… ဒီလိုစကားတွေ မကြာခဏပြောလာပြီ ဆိုရင်တော့ဒါသိပ်မကောင်းတဲ့ လက္ခဏာပါ။
တခြားသူတွေနဲ့မကြာခဏနှိုင်းယှဉ်ပြောလာပြိးသူဆိုရင်စကားပြောဘယ်လိုကောင်းတာ၊အနေအထိုင်က ဘယ်လို ဆိုပြီး… နှိုင်းယှ ဉ်ပြောလာပြီဆိုရင်တော့ သူ့ရဲ့ အချစ်တွေက သင့်ဆီမှာ မရှိတော့ ဘူးဆိုတာကို ပြနေတဲ့ Sign ပါ။
5. တစ်ကိုယ်ကောင်း ဆန်လာတာ
သူ့အတွက်ပဲ သူကြည့်ပြီး တစ်ကိုယ်ကောင်း ဆန်လာတာမျိုးပါ။အရင်က ဒီလို လူမျိုး မဟုတ်ခဲ့ပဲ ရုတ်တရက်ကြီး တဖြည်းဖြည်းနဲ့ သူ့အတွက်ပဲ သူကြည့်ပြီး တစ်ကိုယ်ကောင်းဆန်လာတာမျိုးပါ။
သင်နဲ့ပတ်သက်တဲ့ Rs အပေါ် စိတ်ဝင်စား မှုမရှိတော့ပဲ သူ့အတွက် တခြားအရာတွေကိုပဲ ဦးစားပေးလာမယ်၊ သင်ဘယ်လို မြင်လဲဆိုတာကို မေးလည်း မမေး၊စိတ်လည်း မဝင်စားတော့တာ၊
ဥပမာ- ဆိုင် ထိုင်ရင် သင်ဘာစားချင်လဲဆိုတာထက် သူစားချင်တာကိုပဲ သူစားလာ တာမျိုး၊ ချိန်းတွေ့ရင်တောင် သူကြိုက်တဲ့ နေရာကိုပဲ ရွေးပြီး တွေ့တာမျိုးပါ.
6. သင့်ရဲ့အမူအကျင့်တွေကို အပြစ်မြင်လာတာ
သင်နဲ့ တွေ့တဲ့ အချိန်တိုင်းမှာ တစ်ခုခုဆိုရင် ဘာရယ်လို့အကြောင်းအရင်း တစ်စုံ တစ်ရာ မရှိပဲ ဒေါသထွက် လွယ်တာမျိုးကလည်း သင့်အပေါ် သူစိတ်ကုန်လာပြီ ဆိုတာကို ပြနေတာပါ။
ဒါကြောင့်လည်း စိတ်တွေက မကြည်လင်တော့ပဲ မဲမိမဲ ရာကို မဲနေတာပါ။တစ်ချိန်တုန်းကတော့ သင့်ကို သင်ဖြစ်နေလို့ ချစ်ခဲ့ ပါတယ် ဆိုရာကနေ တဖြည်းဖြည်း သင့်ရဲ့ အမူအကျင့်တွေကို အပြစ်မြင်လာတာမျိုး ကလည်း
သူ.မချစ်တော့ ဘူးဆိုတာကို ပြနေတာပါ။ အရင်တုန်းက သူ့အတွက် ဒီအတိုင်းနားလည်ပေးလာခဲ့တဲ့ တစ်ချို့ အကျင့်စရိုက်တွေကို မနှစ်သက်တော့ ပဲ ပြဿနာမရှိတာကို
ရေးကြီးခွင်ကျယ်လုပ်ပြီး ပြဿနာရှာလာရင်လည်း သူ့အ ချစ်တွေ သင့်ဆီမှာ မရှိတော့ဘူးဆိုတာကို ပြနေတာပါ။
ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ သင်တို့အချစ်တွေက တစ်နေ့ထက် တစ်နေ့ မှေးမှိန်ပျောက်ကွယ်သွားပါပြီ။
Zawgyi ဖြင့်ဖတ်ရန်...
1. ပိုချစ်ပြတယ်
2. ဖုံးကွယ်ထားတယ်။
br1
br2
Myanmar Wedding Guide
jjjj
Read times Last modified on Thursday, 13 February 2020 16:55
Rate this item
(0 votes)
Tagged under