ချစ်သူရဲ့လျစ်လျူရှုခံရပါများလာတဲ့အခါ ပြောင်းလဲလာတတ်တဲ့မိန်းကလေးတွေရဲ့အပြုအမူများ

ချစ်သူရဲ့လျစ်လျူရှုခံရပါများလာတဲ့အခါ  ပြောင်းလဲလာတတ်တဲ့မိန်းကလေးတွေရဲ့အပြုအမူများ google

မိန်းကလေးတွေဟာ တစ်ခါတလေမှာ ယောကျ်ားသားတွေတောင် ခံနိုင်ရည်မရှိတဲ့ ကိစ္စတွေကိုတောင် ခံနိုင်တဲ့ စိတ်အင်အားတွေရှိသလို၊ တစ်ခါတလေကျပြန်တော့လည်း အသေးအမွှားလေးတွေကအစ သူတို့ကို အရမ်းနာကျင်စေပါတယ်။

တကယ်လို့ သင့်ကောင်မလေး၊ သင်နဲ့ပတ်သက်တဲ့ မိန်းကလေးတစ်ယောက်ယောက်က ဒီလိုတွေ ပြုမူနေပြီဆိုရင်တော့ သင်လျစ်လျူရှုလွန်းတာကြာင့်သူနာကျင်သွားရလို့ ဆိုတာကို သိသင့်ပါတယ်နော်

(၁) သင်မကြိုက်တာတွေလုပ်လာမယ်

သင့်ကို အရွဲ့တိုက်တော့မှာပါ။ သင်မကြိုက်တဲ့ အဝတ်အစားတွေဝတ်တာ၊ သင်မကြိုက်တဲ့ နေရာကိုသွားတာ၊ သင်မကြိုက်တဲ့ သူတွေနဲ့ ပေါင်းတာတွေ လုပ်တော့မှာပါ။

သင်ဘယ်လို ဖျောင်းဖျဖျောင်းဖျ သူ့ရဲ့ မဲ့ပြုံးကိုသာ သင်ရမှာပါ။ ဒီအဆင့်က တော်တော်ကြောက်စရာကောင်းပါတယ်။

(၂) အဆက်အသွယ်မလုပ်ဘူး

အရင်လို သင့်ဖုန်းကို တဂွမ်ဂွမ်ဆက်တော့မှာမဟုတ်သလို သင်အနားမှာလည်း ရှိနေတော့မှာ မဟုတ်ပါဘူး။ သင့်ကို ဆက်သွယ်ဖို့ သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ဖိအားအရမ်းများနေတဲ့ သင့်အသံကိုတောင် သူကြားချင်မှာ မဟုတ်ပါဘူး။

ဒီလိုလုပ်လို့ သင့်ကို မလွမ်းတာတော့ မဟုတ်ပေမယ့် လွမ်းတဲ့ စိတ်ထက် နာကျင်တဲ့စိတ်က ပိုကြီးမားနေတာကြောင့် ဖြစ်ပါတယ်။ သတိထားသင့်ပါတယ်။

(၃) အရယ်အပြုံးမရှိတော့ဘူး

အရင်တုန်းကတော့ သူဟာသင့်အနားမှာရှိနေရင် မြူးတူးပျော်ရွှင်ပြီး၊ ကလေးတစ်ယောက်လို ပြုံးရွှင်နေခဲ့တဲ့သူက ရုတ်တရက်ကြီး သင့်အပေါ်ကို သူစိမ်းဆန်သွားတယ်။ အရယ်အပြုံးလည်း မတွေ့ရတော့ဘူး။

တည်တည်ကြီး ဖြစ်သွားတယ်ဆိုရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ သူ့ကိုသင်နာကျင်စေလိုက်လို့ပါ။

(၄) သင်နဲ့ဝေးရာကိုထွက်သွားမယ်

မိန်းကလေးတစ်ယောက် အရမ်းစိတ်နာသွာတယ်၊ နာကျင်သွားတယ်ဆိုရင် သူ့ကိုနာကျင်အောင်လုပ်တဲ့သူနဲ့ ဝေးသထက်ဝေးတဲ့ နေရာကို ထွက်သွားဖို့ ပြင်ဆင်တတ်ကြတယ်။

အဲဒီ့လူနဲ့ပတ်သက်တဲ့ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်း တွေနဲ့ တွေ့နေ၊ မြင်နေရဦးမယ့် အရေးကိုတောင် သူမစဉ်းစားနိုင်တော့ပါဘူး။ သူ့ုကိုနာကျင်အောင်လုပ်တဲ့ လူကိုယ်တိုင်ဆိုရင်တော့ ပိုတောင်ဆိုးသေးတာပေါ့။

(၅) အရှိန်ယူနေမယ်

အကြောင်းကတော့ သင်မရှိပဲ သူ့ဘဝကို ရှေ့ဆက်နိုင်ဖို့ အားယူနေတာဖြစ်ပါတယ်။ သင့်ကို မဆက်သွယ်ပဲ သူငယ်ချင်းတွေနဲ့ပဲ အချိန်ယူမယ်၊ ပျော်ပျေ်ာနေမယ်၊ ပေါ့ပေါ့ပါးပါးနေမယ်။

သင်မတွေ့လိုက်တဲ့ ရက်ပိုင်းလေးအတွင်းမှာ သင်မပါပဲ သူပျော်ပျော်နေနိုင်သွားတာကို အံ့အားသင့်စွာ တွေ့မြင်ရမယ်။

သင်မရှိပဲ နေနိုင်သွားရင် သင့်ကို လမ်းခွဲစကားပြောတော့မှာ ဖြစ်တဲ့အတွက် ဒါဟာတော်တော် ကြောက်စရာကောင်းတဲ့ အနေအထားဖြစ်ပါတယ်။

ခရက်ဒစ်

 

Zawgyi ျဖင့္ဖတ္ရန္...

မိန္းကေလးေတြဟာ တစ္ခါတေလမွာ ေယာက်္ားသားေတြေတာင္ ခံႏိုင္ရည္မရွိတဲ့ ကိစၥေတြကိုေတာင္ ခံႏိုင္တဲ့ စိတ္အင္အားေတြရွိသလို၊ တစ္ခါတေလက်ျပန္ေတာ့လည္း အေသးအမႊားေလးေတြကအစ သူတို႕ကို အရမ္းနာက်င္ေစပါတယ္။

တကယ္လုိ႔ သင့္ေကာင္မေလး၊ သင္နဲ႔ပတ္သက္တဲ့ မိန္းကေလးတစ္ေယာက္ေယာက္က ဒီလိုေတြ ျပဳမူေနျပီဆိုရင္ေတာ့ သင္လ်စ္လ်ဴရႈလြန္းတာၾကာင့္သူနာက်င္သြားရလို႔ ဆိုတာကို သိသင့္ပါတယ္ေနာ္

(၁) သင္မၾကိဳက္တာေတြလုပ္လာမယ္

သင့္ကို အရြဲ႕တိုက္ေတာ့မွာပါ။ သင္မၾကိဳက္တဲ့ အဝတ္အစားေတြဝတ္တာ၊ သင္မၾကိဳက္တဲ့ ေနရာကိုသြားတာ၊ သင္မၾကိဳက္တဲ့ သူေတြနဲ႕ ေပါင္းတာေတြ လုပ္ေတာ့မွာပါ။

သင္ဘယ္လို ေဖ်ာင္းဖ်ေဖ်ာင္းဖ် သူ႔ရဲ႕ မဲ့ျပံဳးကိုသာ သင္ရမွာပါ။ ဒီအဆင့္က ေတာ္ေတာ္ေၾကာက္စရာေကာင္းပါတယ္။

(၂) အဆက္အသြယ္မလုပ္ဘူး

အရင္လို သင့္ဖုန္းကို တဂြမ္ဂြမ္ဆက္ေတာ့မွာမဟုတ္သလို သင္အနားမွာလညး္ ရွိေနေတာ့မွာ မဟုတ္ပါဘူး။ သင့္ကုိ ဆက္သြယ္ဖို႔ သူ႔အတြက္ စိတ္ပိုင္းဆိုင္ရာ ဖိအားအရမ္းမ်ားေနတဲ့ သင့္အသံကိုေတာင္ သူၾကားခ်င္မွာ မဟုတ္ပါဘူး။

ဒီလိုလုပ္လို႔ သင့္ကို မလြမ္းတာေတာ့ မဟုတ္ေပမယ့္ လြမး္တဲ့ စိတ္ထက္ နာက်င္တဲ့စိတ္က ပိုၾကီးမားေနတာေၾကာင့္ ျဖစ္ပါတယ္။ သတိထားသင့္ပါတယ္။

(၃) အရယ္အျပံဳးမရွိေတာ့ဘူး

အရင္တုန္းကေတာ့ သူဟာသင့္အနားမွာရွိေနရင္ ျမဴးတူးေပ်ာ္ရႊင္ျပီး၊ ကေလးတစ္ေယာက္လို ျပံဳးရႊင္ေနခဲ့တဲ့သူက ရုတ္တရက္ၾကီး သင့္အေပၚကို သူစိမ္းဆန္သြားတယ္။ အရယ္အျပံဳးလည္း မေတြ႕ရေတာ့ဘူး။

တည္တည္ၾကီး ျဖစ္သြားတယ္ဆိုရင္ ေကာင္းတဲ့ လကၡဏာ မဟုတ္ပါဘူး။ သူ႕ကိုသင္နာက်င္ေစလိုက္လို႔ပါ။

(၄) သင္နဲ႕ေဝးရာကိုထြက္သြားမယ္

မိန္းကေလးတစ္ေယာက္ အရမး္စိတ္နာသြာတယ္၊ နာက်င္သြားတယ္ဆိုရင္ သူ႕ကိုနာက်င္ေအာင္လုပ္တဲ့သူနဲ႕ ေဝးသထက္ေဝးတဲ့ ေနရာကို ထြက္သြားဖို႔ ျပင္ဆင္တတ္ၾကတယ္။

အဲဒီ့လူနဲ႔ပတ္သက္တဲ့ ပတ္ဝန္းက်င္၊ အသိုင္းအဝိုင္း ေတြနဲ႕ ေတြ႕ေန၊ ျမင္ေနရဦးမယ့္ အေရးကိုေတာင္ သူမစဥ္းစားႏိုင္ေတာ့ပါဘူး။ သူ႔ုကိုနာက်င္ေအာင္လုပ္တဲ့ လူကိုယ္တိုင္ဆိုရင္ေတာ့ ပိုေတာင္ဆိုးေသးတာေပါ့။

(၅) အရွိန္ယူေနမယ္

အေၾကာင္းကေတာ့ သင္မရွိပဲ သူ႔ဘဝကို ေရွ႕ဆက္ႏိုင္ဖို႔ အားယူေနတာျဖစ္ပါတယ္။ သင့္ကို မဆက္သြယ္ပဲ သူငယ္ခ်င္းေတြနဲ႔ပဲ အခ်ိန္ယူမယ္၊ ေပ်ာ္ေပ်္ာေနမယ္၊ ေပါ့ေပါ့ပါးပါးေနမယ္။

သင္မေတြ႕လိုက္တဲ့ ရက္ပိုင္းေလးအတြင္းမွာ သင္မပါပဲ သူေပ်ာ္ေပ်ာ္ေနႏိုင္သြားတာကို အံ့အားသင့္စြာ ေတြ႕ျမင္ရမယ္။

သင္မရွိပဲ ေနႏိုင္သြားရင္ သင့္ကို လမ္းခြဲစကားေျပာေတာ့မွာ ျဖစ္တဲ့အတြက္ ဒါဟာေတာ္ေတာ္ ေၾကာက္စရာေကာင္းတဲ့ အေနအထားျဖစ္ပါတယ္။

ခရက္ဒစ္ 

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 14 February 2020 16:43
Rate this item
(0 votes)
Tagged under