Song Hye Kyo နဲ့ကွာရှင်းပြီးနောက် Song Joong Ki ရဲ့ အခြေအနေ

Song Hye Kyo နဲ့ကွာရှင်းပြီးနောက် Song Joong Ki ရဲ့ အခြေအနေ Koreaboo

Song Hye Kyo နဲ့ကွာရှင်းပြီးနောက် Song Joong Ki တစ်ယောက် စိတ်ဖိစီးမှုတွေကြောင့်ဆံပင်ကျွတ်ခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်းရောဂါတို့ကိုခံစားနေရတဲ့လို့ သိရပါသည်။

 

Song Joong Ki ရဲ့ဒရာမာရိုက်ကွင်းကဝန်ထမ်းများပင်လျှင်သူ့မှာတစ်ခုခုဖြစ်နေပြဟုသံသယရှိနေကြပါတယ်။ Song Joong Ki ဟာသူရဲ့ကိုယ်ရေးကိုယ်တာ Stress တွေကြောင့်ဆံပင်ကျွတ်တဲ့ရောဂါကို ခံစားနေရတယ်လို့ အတွင်းလူတစ်ဦးရဲ့ပြောပြချက်အရသိရှိရပါတယ်။

 

Joong Ki ဟာ Arthdal Chronicles ရိုက်ကူးနေစဉ်ကလည်း စိတ်ဖိစီးမှုများသောကြောင့် အခက်အခဲတွေရှိခဲ့ပြီး အဲ့တုန်းကလည်း ဆံပင်ကျွတ်တဲ့ ခံစားခဲ့ရကြောင်း၊ ဒရာမာရိုက်ကူးရေးဝန်ထမ်းများက Song & Song စုံတွဲသည် ပြသနာမျာ းကြုံတွေ့နေရသည်ဟု သံသယရှိခဲ့ကြောင်း ပြောခဲ့ပါသည်။

 

 

ဒါပေမဲ့ဒီလိုအခက်အခဲတွေကိုကျော်ဖြတ်နေရတာဟာ Song Joong Ki တစ်ဦးထဲမဟုတ်ပဲ Song Hye Kyo လဲခံစားနေရကြောင်း ထပ်မံသိရှိခဲ့ရပါတယ်။ Song Hye Kyo နှင့်တွဲဖက်လုပ်ကိုင်ခဲ့သည့် ဖက်ရှင်လုပ်ငန်းမှ အတွင်းလူတစ်ဦးက ယခုနှစ်တွင်သူမကိုယ်အလေးချိန်များစွာလျော့ကျသွားကြောင်းနှင့် သူမလက်ထပ်ထိမ်းမြားမှုအကြောင်းပြောတဲ့အချိန်တိုင်း Song Hye Kyo ငိုခဲ့ရသည်ဟု ပြောကြားထားသည်ကို တွေ့ရပါသည်။

 

 

Song Hye Kyo သည် ယခုနှစ်မှစတင်၍ ကိုယ်အလေးချိန်ကျလာခဲ့ပါတယ်။ အဝတ်အစားဆိုဒ်တွေကိုလည်း ပြောင်းပြီးဝတ်ခဲ့ရပါတယ်။ သူမရဲ့လက်ချောင်းတွေ သေးလွန်းလာတာကြောင့် လက်ထပ်လက်စွပ်ဝတ်လိုက်ရင်ချော်ပြီး ကျွတ်တော်ကျနိုင်ပါတယ်။ သူမရဲ့ expression ကသိပ်မကောင်းတာကြောင့် သူမရဲ့ကျန်းမာရေးအတွက် စိုးရိမ်ခဲ့ပါသေးတယ် လို့ Song Hye Kyo နဲ့ နည်းစပ်သူက ပြောပြခဲ့ပါတယ်။

 


Ref: Koreaboo

Read times Last modified on Thursday, 15 October 2020 11:52
Rate this item
(0 votes)