အိမ်ထောင်ဘက်ရွေးချယ်မှန်ကန်ဖို့ အချက်များ

အိမ်ထောင်ဘက်ရွေးချယ်မှန်ကန်ဖို့ အချက်များ google.com

ဘယ်လိုလူမျိုးကို အိမ်ထောင်ဘက်အဖြစ်ရွေးချယ်သင့်ပါသလဲဆိုတာကတော့

တစ်ယောက်နဲ့ တစ်ယောက် အကြိုက်ချင်းမတူကြပါဘူး။ သို့ပေမဲ့ အောက်ပါ အချက်များပါတဲ့ လူမျိုးကိုတော့ အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါ။

 

ကပ်စေးနှဲတဲ့ လူနဲ့ နှစ်ဦး အတူတူဆိုင်မှာ တစ်ခုခုစားရင် ပိုက်ဆံပေးဖို့ လက်တွန့်တတ်တာကို တွေ့ရတတ်ပါတယ်။

 

သူ့ဟာသူ ဘယ်လောက် ချမ်းသာ ချမ်းသာ၊ ဘယ်လို တံဆိပ်တွေ တံဆိပ် တွေကို ၀တ်ဆင် ၀တ်ဆင်၊ သိသိသာသာဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ကြွားတတ်ပြီး ပိုက်ဆံရှင်းရပြီဆိုရင် မသိသလို နေတတ်တဲ့ လူမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ်သင့်ပါ။

 

အရမ်းချစ်လို့ သံသယများတဲ့လူ အရမ်းချစ်လို့ သ၀န်တိုတဲ့လူ စသည်ဖြင့် ပြောနိုင်ပေမဲ့
သံသယများတဲ့ လူများဟာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာ သေချာပါတယ်။

 

ဒီလိုလူမျိုးနဲ့ တစ်သက်လုံး နေထိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ သူက ကိုယ်ဘာပဲပြောပြော သူလိုချင်တဲ့ အဓိပါယ်ကို ကောက်ယူသွားတတ်ကြပါတယ်။

 

ပြီးရင် မထင်မှတ်တဲ့ အချိန်အခါမှာ စိတ်ဆိုးတယ်။ သို့ပေမဲ့ အိမ်ထောင်ကျပြီဆိုရင်တော့ သံသယကင်းပြီး စိတ်ချသွားတဲ့ လူတွေလည်း ရှိတတ်ကြပါတယ်။

 

လက်ပါတတ်တဲ့ လူမျိုးကို ရှောင်သင့်ပါတယ်။ သူ့ကို တစ်ခါခွင့်လွတ်လိုက်ရင် နောက်တစ်ခါ ပြန်လာတတ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

 

အစားအသောက်မက်တဲ့ လူထက် လောင်းကစားဝါသနာပါတဲ့ လူက ပိုကြောက်စရာကောင်းပါတယ်။ ပိုင်ဆိုင်သမျှ အကုန်ပြောင်သွားတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:52
Rate this item
(1 Vote)