ကိုယ့်အပေါ် တကယ်ချစ်တဲ့ ယောက်ျားကောင်းတွေရဲ့အချက်များ - ၂

ကိုယ့်အပေါ် တကယ်ချစ်တဲ့ ယောက်ျားကောင်းတွေရဲ့အချက်များ - ၂ google.com

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက သင် မနှစ်သက်တဲ့အခါတွေဆို

အတတ်နိုင်ဆုံး ရှောင်ရှားကြပါတယ်။ အချို့ကိစ္စတွေဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ ရှိတတ်ကြပါတယ်။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက အတူရှိနေချိန်တိုင်း သင့်လက်ဖဝါးလေးကို
ဆုပ်ကိုင်ထားတတ်တယ်။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင်
သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်ကြပါတယ်။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက အတိတ်က သင်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ
အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပဲဖြစ်ပါတယ်။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကို
ဘယ်လောက်ချစ်တဲ့အကြောင်းကို ကြွားစရာတစ်ခုလိုပြောပြနေတတ်ကြပါတယ်။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက သူ့ ဖုန်း Wallpaper မှာ
သင့်Photo လေးထည့်ထားတတ်တယ်။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက သူပေးထားတဲ့ ချစ်စနိုးနဲ့ နာမည်လေး
သင့်ကို ခဏခဏခေါ်နေတတ်ကြပါတယ်။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက ကြိုက်သလောက်စားပါ။ တက်လာတဲ့ ကိုယ်အလေးချိန်ကို သူအပြစ်မရှာတတ်ပါဘူး။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက ဒေါသထွက်ရင်တောင်မှ သင့်အပေါ်
ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမရှိကြပါဘူး။

 

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားတွေက သူရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်းလည်း
သင့်ကို ပြောပြထားတတ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:48
Rate this item
(3 votes)