ယောက်ျားလေးတွေအချစ်ကြီးရင် ဘယ်လိုမျိုးလဲ

ယောက်ျားလေးတွေအချစ်ကြီးရင် ဘယ်လိုမျိုးလဲ google

အတွဲတစ်တွဲမှာ ယောက်ျားလေးဖက်က တစ်ကယ်ချစ်လာပြီဆိုရင်အချစ်ခံရတဲ့ မိန်းကလေးဖက်က အဲ့ဒီဒဏ်ကိုမခံစားနိုင်ကြပါဘူး။

ဘာလို့လဲဆိုတော့ ယောက်ျားလေးအားလုံးမှာတူညီတဲ့ အချက်တစ်ခုရှိပါတယ်။ အဲ့တာက ကျွန်တော်တို့ယောက်ျားလေးတွေတစ်ကယ်နှစ်နှစ်ကာကာချစ်လာတဲ့အချိန်ရောက်ရင် ကိုယ့်ချစ်သူအပေါ်သံသယစိတ်တွေ စွပ်စွဲချက်တွေအပြစ်မြင်တာတွေက ပိုများလာပါတယ်။

 

အရမ်းအချစ်ကြီး၊ အတ္တကြီးတဲ့ ယောက်ျားလေးတွေဆို ကိုယ့်ချစ်သူမိန်းကလေးကို ယောက်ျားလေးသူငယ်ချင်းတောင်ပေးမထားကြပါဘူး။ ကောင်မလေးရဲ့ fb password သိတဲ့သူဆို သူနဲ့ပတ်သတ်တဲ့နေ့နောက်ပိုင်း ဘယ်သူတွေနဲ့ ပြောထားလဲဆိုတာ သေချာကြည့်တတ်ပါတယ်။ အဲ့မှာ သူငယ်ချင်းထက်ပိုတဲ့ အရေးအသားတွေပြောထားတာတွေ့ရင်အဲ့နေ့တော့ တကယ့်ရန်ဖြစ်တဲ့နေ့ပါပဲ။

 

လက်ခံနိုင်တဲ့ ဖြေရှင်းချက်မရှိရင်တော့ အဲ့ပြဿနာကမပြီးတော့ပါဘူး။ ကံအရမ်းဆိုးရင် လမ်းခွဲဖို့အထိဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကမိန်းကလေးတွေစိတ်ထဲ ကြောက်စိတ်ဝင်သွားတာပါ။ အဲ့လိုဖြစ်တာကတော့ ကျွန်တော်တို့ ယောက်ျားလေးတွေရဲ့ အမှားပါ။ တစ်နေ့တစ်နေ့ ပြဿနာအရှာခံရလွန်းလို့ အဲ့လိုဖြစ်တယ်လို့ထင်ပါတယ်။

 

ဒါပေမဲ့ မိန်းကလေးဘက်က အကောင်းမြင်စိတ်နဲ့တွေးရင်တော့ အဲ့လိုဖြစ်မယ်မထင်မိပါဘူး။ နောက်ဆုံးပြောချင်တာကလမ်းခွဲမယ်ဆိုတဲ့ စကားပြောဖို့စက္ကန့်ပိုင်းပဲကြာတာပါ။ အဲ့စကား ပြောမထွက်ခင် အရင်အချိန်တွေကို ပြန်တွေးကြည့်ပါ။ ဒါဆိုသေချာတဲ့ အဖြေတစ်ခုရမယ်လို့မျှော်လင့်ပါတယ်။ လမ်းခွဲစကား မပြောခင်မှာလည်းကြိုစဉ်းစားပါ။ တစ်ကယ်လို့ လမ်းခွဲသွားရင် သူလဲနစ်နာ ကိုယ်လဲနစ်နာမှာမို့ အချိန်မနှောင်းခင် သတိထားစေချင်ပါတယ်။

 

Credit : Celelwinpyin

Myanmar Wedding Guide

Read times Last modified on Monday, 25 February 2019 17:26
Rate this item
(0 votes)