အိမ္ေထာင္မျပဳခင္ လက္ခံသင့္သည့္ အခ်က္မ်ား

အိမ္ေထာင္မျပဳခင္ လက္ခံသင့္သည့္ အခ်က္မ်ား google.com

အိမ္ေထာင္မျပဳရေသးခင္အခ်ိန္မွာေတာ့ တက္တက္ၾကြၾကြ ျဖစ္ရင္ျဖစ္၊ အလုပ္ေတြ႐ႈပ္ရင္႐ႈပ္၊

သို႔မဟုတ္ပါက အေတြးမ်ားစြာနဲ႔ ျဖစ္တတ္ပါတယ္။

 

တစ္ခါတစ္ေလ အိမ္ေထာင္က်ၿပီးတဲ့ဘဝက ကိုယ္ေတြးထားသလို ျဖစ္ခ်င္မွ ျဖစ္လာမွာပါဆိုၿပီး ေတြးပူတတ္ၾကပါတယ္။

 

အိမ္ေထာင္ျပဳလုိက္မယ္ဆိုရင္ေတာ့ မထင္မွတ္ထားတဲ့ ျပႆနာေတြလည္း ေပၚလာႏိုင္ၿပီး ထင္ထားတဲ့အရာေတြကလည္း မျဖစ္လာတာမ်ိဳးေတြ ရွိတတ္ပါတယ္။

 

ထို႔ေၾကာင့္ အိမ္ေထာင္ျပဳေတာ့မယ္ဆိုရင္ေတာ့ ေအာက္ပါအခ်က္ေတြကို သိထားဖုိ႔ လိုအပ္ပါလိမ့္မယ္။

Read more >>>>> ေလဟာျပင္လက္ထပ္ပြဲအတြက္ သတိျပဳရမယ့္ အေရးႀကီးတဲ့ အခ်က္မ်ား

 

သူငယ္ခ်င္းခ်စ္သူ

 

ကိုယ္နဲ႔လည္း မေတြ႕ဘူးတဲ့ သူစိမ္းတစ္ေယာက္နဲ႔ လက္ထပ္ၿပီးတဲ့ အခ်ိန္တိုင္းဟာ သာယာေနမွာမဟုတ္သလို တည္ၿမဲဖို႔ဆိုတာလည္း ကံတရားေပၚမွာမူတည္ပါတယ္။

 

ငယ္ငယ္ကတည္းက သူငယ္ခ်င္းျဖစ္ျဖစ္၊ တကၠသိုလ္ေက်ာင္းတက္မွ သူငယ္ခ်င္းျဖစ္ျဖစ္ ႏွစ္ဦးသား ေျပာမနာ ဆိုမနာသူေတြဆိုရင္ေတာ့ ေကာင္းပါတယ္။

 

၎အျပင္ သူငယ္ခ်င္းေတြလို ရင္ဖြင့္စရာရွိတာကို ရင္ဖြင့္ရင္း၊ ေပ်ာ္စရာရွိတာကို အတူတူေပ်ာ္ရင္း၊ နွစ္သိမ့္မႈခံယူရင္းနဲ႔ အခ်ိန္တိုင္းကို ျဖတ္သန္းႏိုင္ပါတယ္။

 

မေမွ်ာ္လင့္ျခင္း

 

ႏွစ္ဦးသား လက္ထပ္ၿပီးရင္ေတာ့ သူ႔အက်င့္ေတြ ေျပာင္းလဲခ်င္ ေျပာင္းလဲသြားမွာပဲ သူကဒီလိုမလုပ္ေလာက္ ေတာ့ပါဘူး ဆိုၿပီး သိပ္မေမွ်ာ္လ့င္ထားရင္ မေကာင္းပါဘူး။

 

လူတစ္ေယာက္ရဲ႕ ဇ႐ိုက္လကၡဏာက လက္ထပ္္ၿပီးတာနဲ႕ လံုးဝေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။

 

ႏွစ္ဦးသား ညွိႏိႈင္းမႈေတြ၊ နားလည္မႈေတြ အမ်ားႀကီးလုပ္ၿပီးမွ တေျဖးေျဖးခ်င္း နည္းနည္းစီ ေျပာင္းလဲဖို႔ ႀကိဳးစားသင့္ပါတယ္။

 

Unicode

အိမ်ထောင်မပြုခင် လက်ခံသင့်သည့် အချက်များ
အိမ်ထောင်မပြုရသေးခင်အချိန်မှာတော့ တက်တက်ကြွကြွ ဖြစ်ရင်ဖြစ်၊ အလုပ်တွေရှုပ်ရင်ရှုပ်၊ သို့မဟုတ်ပါက အတွေးများစွာနဲ့ ဖြစ်တတ်ပါတယ်။
တစ်ခါတစ်လေ အိမ်ထောင်ကျပြီးတဲ့ဘဝက ကိုယ်တွေးထားသလို ဖြစ်ချင်မှ ဖြစ်လာမှာပါဆိုပြီး တွေးပူတတ်ကြပါတယ်။
အိမ်ထောင်ပြုလိုက်မယ်ဆိုရင်တော့ မထင်မှတ်ထားတဲ့ ပြဿနာတွေလည်း ပေါ်လာနိုင်ပြီး ထင်ထားတဲ့အရာတွေကလည်း မဖြစ်လာတာမျိုးတွေ ရှိတတ်ပါတယ်။
ထို့ကြောင့် အိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ အောက်ပါအချက်တွေကို သိထားဖို့ လိုအပ်ပါလိမ့်မယ်။
သူငယ်ချင်းချစ်သူ
ကိုယ်နဲ့လည်း မတွေ့ဘူးတဲ့ သူစိမ်းတစ်ယောက်နဲ့ လက်ထပ်ပြီးတဲ့ အချိန်တိုင်းဟာ သာယာနေမှာမဟုတ်သလို တည်မြဲဖို့ဆိုတာလည်း ကံတရားပေါ်မှာမူတည်ပါတယ်။
ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်ဖြစ်၊ တက္ကသိုလ်ကျောင်းတက်မှ သူငယ်ချင်းဖြစ်ဖြစ် နှစ်ဦးသား ပြောမနာ ဆိုမနာသူတွေဆိုရင်တော့ ကောင်းပါတယ်။
၎င်းအပြင် သူငယ်ချင်းတွေလို ရင်ဖွင့်စရာရှိတာကို ရင်ဖွင့်ရင်း၊ ပျော်စရာရှိတာကို အတူတူပျော်ရင်း၊ နှစ်သိမ့်မှုခံယူရင်းနဲ့ အချိန်တိုင်းကို ဖြတ်သန်းနိုင်ပါတယ်။
မမျှော်လင့်ခြင်း
နှစ်ဦးသား လက်ထပ်ပြီးရင်တော့ သူ့အကျင့်တွေ ပြောင်းလဲချင် ပြောင်းလဲသွားမှာပဲ သူကဒီလိုမလုပ်လောက် တော့ပါဘူး ဆိုပြီး သိပ်မမျှော်လ့င်ထားရင် မကောင်းပါဘူး။
လူတစ်ယောက်ရဲ့ ဇရိုက်လက္ခဏာက လက်ထပ််ပြီးတာနဲ့ လုံးဝပြောင်းလဲသွားမှာ မဟုတ်ပါဘူး။
နှစ်ဦးသား ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ အများကြီးလုပ်ပြီးမှ တဖြေးဖြေးချင်း နည်းနည်းစီ ပြောင်းလဲဖို့ ကြိုးစားသင့်ပါတယ်။

 

 

Read times Last modified on Wednesday, 19 September 2018 15:01
Rate this item
(1 Vote)