လေဟာပြင်လက်ထပ်ပွဲအတွက် သတိပြုရမယ့် အရေးကြီးတဲ့ အချက်များ

လေဟာပြင်လက်ထပ်ပွဲအတွက် သတိပြုရမယ့် အရေးကြီးတဲ့ အချက်များ

လေဟာပြင်မှာ လက်ထပ်ပွဲကျင်းပတာလောက် ခမ်းနားထည်ဝါတာမရှိပါဘူး။ ဒါပေမယ့်

လျှပ်စစ်မီးပျက်လပ်မှုတွေ၊ စိတ်မချရတဲ့ ရာသီဥတုအခြေအနေတွေကြောင့် မင်္ဂလာပွဲပျက်ဖို့ ဖန်လာတတ်ပါတယ်။

 

သင့်အနေနဲ့  ပင်လယ်နားမှာပဲဖြစ်ဖြစ်၊ ရေကန်နဘေးမှာပဲဖြစ်ဖြစ်၊ ခြံထဲမှာဖြစ်ဖြစ်၊ စပျစ်ဥယျာဉ် (သို့) ပန်းခြံထဲမှာဖြစ်ဖြစ် မင်္ဂလာပွဲကျင်းပချင်တယ်ဆိုရင်တော့ သတိထားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

မဏ္ဍပ်ဆောက်ဖို့အတွက် အချိန်မဆွဲခြင်း

 

လေဟာပြင်မင်္ဂလာပွဲကျင်းပဖို့ဆိုရင် အစီအစဉ်အများကြီးဆွဲဖို့လိုအပ်သလို ငွေကြးအင်အားလည်းလိုအပ်ပါတယ်။

 

အခမ်းအနားပြင်ဆင်ဖို့အတွက် ကုမ္ပဏီတွေအနေနဲ့ မဏ္ဍပ်ဆောက်ဖို့ သုံးရက်လောက်အချိန်ယူတတ်ကြသလို မဏ္ဍပ်ငှားရမ်းဖို့အတွက်လည်း ကြိုတင်ဘွတ်ကင်လုပ်ရမှာဖြစ်ပြီး စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းရပါတယ်။

 

ရာသီဥတုကောင်းမှာပါတယ်လို့ ကြိုတင်ခန့်မှန်းပြီး ရက်နီးလို့ ရာသီဥတု အဆင်မပြေမှ ချက်ချင်းထလုပ်တာမျိုးကို ရှောင်သင့်ပါတယ်။

 

သင့်အနေနဲ့ စနေနေ့မှာ မင်္ဂလာပွဲကျင်းပဖို့ဆိုရင် ဗုဒ္ဓဟူးနေ့လောက်ကတည်းက ဆုံးဖြတ်ပြီး မဏ္ဍပ်ဆောက်ထားမှ အဆင်ပြေမှာဖြစ်ပါတယ်။

 

ထို့အပြင် ကမ်းစပ်မှာ မင်္ဂလာပွဲလုပ်ဖို့ စီစဉ်ထားခဲ့မိပြီး ရာသီဥတုဆိုရွားချိန်နဲ့ ကိုက်နေရင် အသင့်ရွေးချယ်လို့ရမယ့် အစီအစဉ် နှစ်ခုကို ထားရှိရမှာဖြစ်ပါတယ်။

 

လေတိုက်ရာလမ်းကြောင်းကို သတိပြုခြင်း 

 

အခမ်းအနားအလှပြင်ဆင်တဲ့အခါဆိုရင် ဒါကလည်း ပထမဆုံး အမှန်တကယ်စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

 

အခမ်းအနားပြင်ဆင်တဲ့ ပစ္စည်းအားလုံး ခိုင်ခိုင်ချည်ထားပြီး ချိတ်ဆက်ထားဖို့ လိုပါတယ်။

 

လေတိုက်တဲ့အခါ အလွယ်တကူလွင့်သွားနိုင်မယ့် စက္ကူကတ်တွေကို သုံးတာထက် စားပွဲနေရာတွေပြဖို့ ဘုတ်ပြားငယ်လေးတွေကို သုံးတာက လေဟာပြင် မင်္ဂလာပွဲအခမ်းအနားတွေအတွက် ပိုအဆင်ပြေမှာပါ။

 

အလားတူပဲ လေတိုက်တဲ့အခါ ငြိမ်းသွားမယ့် ဖယောင်းတိုင်မီးတွေသုံးတာထက် ဘက္ထရီနဲ့ ချိတ်ဆက်ထားတဲ့ မီးဆိုင်းတွေကို သုံးတာ အကောင်းဆုံးဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:01
Rate this item
(0 votes)