မင်္ဂလာမဆောင်ခင် စေ့စပ်တယ်ဆိုတာ

မင်္ဂလာမဆောင်ခင် စေ့စပ်တယ်ဆိုတာ google.com

ချစ်သူမောင်နှံများအတွက် စေ့စပ်တယ်ဆိုတာ ဒီလူနဲ့ တစ်သက်လုံးပေါင်းဖို့ အဆင်ပြေလား မပြေလား ဆိုတာကို အနည်းကပ်ဆုံး သုံးသပ်ရတဲ့ ကာလပါပဲ။

 

တစ်ချို့က စေ့စပ်ရတာ မကြိုက်ကြပါဘူး။ စေ့စပ်ပြီး မယူဖြစ်တဲ့ အခါ အရှက်ပိုရတယ် လို့ထင်ကြတယ်။ အရာတိုင်းမှာ အကောင်းနဲ့အဆိုးက တွဲရက်ရှိနေကြတာပါပဲ။ ဒါပေမယ့် အခုကတော့ စေ့စပ်ပြီးမှ မင်္ဂလာဆောင်တာက ကိုယ့်ကို ပိုအဆင်ပြေစေတဲ့ အကြောင်းအရင်းလေးတွေ ပြောပြချင်ပါတယ်။ စေ့စပ်ပြီး အနည်းဆုံး တစ်နှစ်ကြာမှ လက်ထပ်ဖြစ်တာအကောင်းဆုံးပါ။

 

လက်ထပ်ပြီးတာနဲ့ အိမ်ထောင်ရှင်တန်း ဖြစ်ပြီပဲ။ တစ်ဘဝလုံးစာ ပျော်ရမယ်ဆိုရင်တောင် အိမ်ထောင်ဆိုတဲ့ စိတ်ဖိစီးမှုတွေက အနည်းနဲ့ အများ ရှိကြပါတယ်။ တစ်ဘဝလုံးမှာ တစ်ခါလောက်တော့ အိမ်ထောင်ရှင်ဖြစ်ရတာကို ငြီးငွေ့စိတ်ကုန်လာတာမျိုး ရှိစမြဲပါ။ စေ့စပ်တယ်ဆိုတာ ဒီလူနဲ့ တစ်သက်လုံးပေါင်းဖို့ အဆင်ပြေလား မပြေလား ဆိုတာကို အနည်းကပ်ဆုံး သုံးသပ်ရတဲ့ ကာလပါပဲ။ သူ့ဘက်ကလည်း ကိုယ်နဲ့ စေ့စပ်ထားပြီမို့ အပိုင်တွက်ပြီး အချိုးတွေ ပြောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ကောင်းသောပြောင်းခြင်းဆိုရင်တော့ ဝမ်းသာစရာပေါ့။

 

 

အိမ်ထောင်ပြုတယ်ဆိုတာ ထီထိုးသလိုပါပဲတဲ့။ မင်္ဂလာဆောင်ရတဲ့ တစ်ရက်ကတော့ ကိုယ်ဟာ ကမ္ဘာပေါ်က အလှဆုံး၊ အပျော်ဆုံး သတို့သမီးလေး ဖြစ်နေပေမယ့် တစ်သက်လုံးစာအတွက်တော့ ထီးထိုးသလိုပါပဲ။ ကံဆိုး ကံကောင်းဆိုတာ မပြောနိုင်ဘူးလေ။ ဒါကြောင့် မင်္ဂလာမဆောင်ခင် စေ့စပ်ကာလမှာ သူ့ကိုလည်း စောင့်ကြည့်ရင်း ကိုယ့်ရဲ့ တစ်ကိုယ်တည်း အချိန်လေးကို အားရပါးရ ပျော်ပါ။

 

စေ့စပ်ပြီး မင်္ဂလာမဆောင်ဖြစ်လို့ ပတ်ဝန်းကျင်က ရှုံ့ချတဲ့စကားတွေကို လစ်လျူရှုပစ်လိုက်ပါ။ ပေါင်းရမယ့် သူက ကိုယ်ပါ။ သူတို့မဟုတ်တဲ့အတွက် သူတို့စကားတွေ အရှက်ခွဲ ပုတ်ခတ်တဲ့ ပုံစံတွေကို စိတ်ထဲကို မထားပါနဲ့လို့ မှာချင်ပါတယ်နော်။ ဒါ့ကြောင့် မင်္ဂလာမဆောင်ခင် အနည်းဆုံး တစ်နှစ်လောက် အလိုမှာ စေ့စပ်ပါ။ ဒါအကောင်းဆုံးလို့ ပြောချင်ပါတယ်နော်။

 

 

Credit;Marry

Read times Last modified on Wednesday, 19 September 2018 09:54
Rate this item
(2 votes)