ချစ်သူတွေကြားမှာ ကိုယ်မှားပေမယ့် သူပြန်ချော့တာ ခံချင်ရင်

ချစ်သူတွေကြားမှာ ကိုယ်မှားပေမယ့် သူပြန်ချော့တာ ခံချင်ရင်

အချော့ခံချင်တယ် ဆိုရင်တော့ ခဏခဏ အမှားလုပ်တာတို့ ကိုကို စိတ်ဆိုးမယ် ဆိုတာ သိလျက်နဲ့ လုပ်တာတို့ကို ရှောင်ပေးလိုက်ရုံပါပဲနော်။

 

သိပ်ချစ်ကြတဲ့ချစ်သူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုး၊ စိတ်ကောက်တာကတော့ ရှောင်လွှဲလို့ မရတဲ့ ချစ်ခြင်းတွေပဲလို့ ဆိုရမှာပါ။ တကယ်တန်း ချစ်တဲ့သူတွေကြားမှာ ချစ်လို့ ကျီစယ်တဲ့အပြုအမူလေးတွေပဲ ဖြစ်ပါတယ်။

 

စိတ်ကောက်တယ် ဆိုတာကလည်း အချော့ခံချင်လို့ပါ ဆိုတာကိုတော့ သတိရပေးနော်။ အခု Marry ပြောပြပေးချင်တာကတော့ ချစ်သူတွေကြားမှာ ကိုယ်မှားပေမယ့် သူပြန်ချော့တာ ခံချင်ရင် ဘယ်လိုလေး ပြုလုပ်ရမလဲ ဆိုတာကို ပြောပြပေးလိုက်ရပါတယ်။

 

သူကြောင့် ကိုယ်က လိမ်မာလာရပါတယ်ဆိုတာကို သိသာနေပါစေ

ဟုတ်ပါတယ်။ မှားသွားတာ မှန်ပေမယ့် နောက်မမှားတော့ပါဘူး။ သူကြောင့် ကိုယ်က လိမ်မာသွားပါပြီ ဆိုတာကို သိသာနေပါစေ။ သူ သိနိုင်မယ့်အရာ တစ်ခုခုကို ပြုလုပ်လိုက်ပါ။

 

သူနဲ့ ကိုယ်ပဲ နားလည်နိုင်မယ့်အရာလေးတွေကို ပြုလုပ်ပေးပါ။ မိန်းကလေး ဆိုတာကတော့ အချစ်ခံချင်တဲ့စိတ်ကလေးများတဲ့အတွက် ကိုယ်က မှန်တယ် ဖြစ်စေ၊ မှားတယ် ဖြစ်စေ ချစ်သူလေးက ပြန်ချော့တာပဲ ခံချင်ကြပါတယ်။

 

ကိုယ်က မှားတယ် ဆိုပေမယ့် ပြန်တောင်းပန်ဖို့ကတော့ မလုပ်ချင်သလိုစိတ်က ဖြစ်နေတတ်ပါတယ်။ ဒီလိုစိတ်ကလေး ဖြစ်တတ်တာကို ချစ်ရတဲ့ ကိုကိုတို့ သိအောင် တစ်နည်းနည်းနဲ့ ပြုလုပ်လိုက်ပါနော်။

 

ဘာမှ မဖြစ်ခဲ့သလို နေလိုက်ပါ

တစ်ယောက်အပေါ် တစ်ယောက်က မှားတယ်၊ လွန်တယ် ဆိုတာကတော့ ရှောင်လွှဲလို့ မရနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ်က မှားပေမယ့် ပြန်တောင်းပြန်တာ ခံချင်တယ် ဆိုရင်တော့ အမှားကို တော်တန်ရုံ မလုပ်ပါနဲ့။

 

အမှတ်မထင် မှားလိုက်တဲ့အမှားမျိုး ဆိုရင်တော့ ကိုကိုတို့က ဘာဖြစ်ဖြစ် ဘယ်သူမှားမှား သူတို့က ကိုကိုပဲလေ။ ချော့မှာပေါ့။ ချစ်လေး မှန်တယ်ပဲ ပြောပေးမှာပေါ့။

 

ဒါကြောင့် မိန်းကလေးတွေက ကိုယ်မှားတယ် ဆိုပေမယ့် အချော့ခံချင်တယ် ဆိုရင်တော့ ခဏခဏ အမှားလုပ်တာတို့ ကိုကို စိတ်ဆိုးမယ် ဆိုတာ သိလျက်နဲ့ လုပ်တာတို့ကို ရှောင်ပေးလိုက်ရုံပါပဲနော်။

 

Credit : Marry

 

 

Read times Last modified on Thursday, 01 November 2018 15:28
Rate this item
(0 votes)