မတ်လအတွင်း ပြောင်းလဲလာမည့် တနင်္ဂနွေသားသမီးတို့ရဲ့ ကံကြမ္မာ
မတ်လအတွင်း ပြောင်းလဲလာမည့် တနင်္ဂနွေသားသမီးတို့ရဲ့ ကံကြမ္မာ google
တနင်္ဂနွေသားသမီးများ အခုလမှာတော့ ကံဇာတာလအစပိုင်း စိတ်အနှောင့်အယှက်ဖြစ်စေတာလဲတွေ့၊ ပူပင်သောကတွေလည်းတွေ့ အကောင်းတစ်လဲ အဆိုးတစ်လဲ ဖြစ်နေခြင်း ကြုံတွေ့ရမည်။
စီးပွားရေးလုပ်ငန်းပိုင်းမှာ ယှဉ်ပြိုင်သူများ ၊ အကောက်ကြံသူများနဲ့ ကြုံရတတ်ပါတယ်။
မိမိအလုပ်အကိုင်များတွင်း ညီအကိုမောင်နှမဆွေမျိူးများနှောက်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိူ းမြတ်များပျက်စီးတတ်သလိုမိန်းကလေးတစ်ဦးကြောင့် မိမိလုပ်ငန်း စီးပွားအခြေအနေ ယိမ်းယိုင်းသွားရတတ်သည်။
အစုစပ်ငွေချေးတာ၊ မဲစုတာမျိုးတွေမှာ ပြဿနာပေါ်ပေါက်လာတတ်ပါတယ်။
အကောင်းနှင့်အဆိုးဒွန်းစဏ္ဍား ဒုက္ခတွေ့ အပူတွေ့ကြုံတွေ့နေရမည်။ ငွေကြေးအလိမ်ခံထိခြင်းနှင့် ငွေကြေးအမှုဖြစ်ခြင်း၊မဆက်နိုင်လို့ရှောင်ပြေးနေရခြင်း အထိတ်အလန့်လျှို့ဝှက်နေရတတ်သည်။
ထွန်းစက်၊ရွှေရတနာ၊နွားပျောက်တတ်။ မိမိပစ္စည်းတွေအလွယ်မထားပါနဲ့။သူခိုးခိုး ခံရတာ၊ပျောက်ရှတာဖြစ်တတ်ပါတယ်။ဘယ်အသင်းအဖွဲမှာမဝင်ပါနဲ့။အလောင်းကစားမပြုလုပ်ပါနဲ့ အကျိုးမပေးပါ။
အဖမ်းအဆီးခံရတတ်တယ်။
ဒီကာလအတွင်း အကြံပေးချင်တာကစီးပွားရေးနဲ့ပတ်သက်ပြီးအားစိုက်စေချင်ပါတယ်။အလုပ်နဲ့ပတ်သက်ပြီး နည်းလမ်းသစ်၊စိတ်ကူးသစ်တွေနဲ့ကြိုးစားလိုက်ပါ။
ဗုဒ္ဓဟူး၊ အင်္ဂါသားသမီး များ အကျိုးပေး၏။၁၆ရက် လဝက် ကံကောင်းလာမည်။စီးပွားရေးအနေနဲ့ ယာဉ်နှင့်ဆက်စပ်သောပစ္စည်းရောင်းဝယ်ခြင်း၊
အလှပြင်ပစ္စည်းရောင်းဝယ်ခြင်း၊ ဆန်ပွဲရုံလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊သတ္တဝါရောင်းဝယ်ခြင်းများ အကျိုးပေးမည်။
စာရေးဆရာ၊ စာပေ၊ စာနယ်ဇင်းပညာရှင်များ အောင်မြင်မှုရရှိမည်။
အနုပညာအလုပ်များလုပ်ကိုင်နေသူကတော့ နာမည်ရခြင်း၊အလုပ်တွေ အဆင်ပြေပြီး ဝင်ငွေတိုးရပါလိမ့်မယ်။
စက်ပစ္စည်များအဟာင်းထွက်အသစ်ဝင်ပါလိမ့်မယ်။ပညာရေးကံအကောင်းဆုံးပါ။ မိမိကဉာဏ်ဝီရိယစိုက်ထုတ်
ပေးပါ။ပညာရေးအခွင့်အလမ်းများရခြင်းနှင့် နှစ်ယောက်အတူ ငွေစုတာ၊အလုပ်အတူလုပ်ပြီး ကြိုးစားတာမျိုးတွေ လုပ်လာနိုင်ပါလိမ့်မယ်။
ပြည်ပရပ်ဝေးခရီး အနေဖြင့်လည်း သူငယ်ချင်းများ၏ ကူညီမှုများကြောင့် အောင်မြင်စွာ ထွက်ခွာရခြင်းမျိုးရှိမည်။ရာထူးတိုးတက်ခြင်းမျိုး ကြုံတွေ့ရပါလိမ့်မယ်။
ကောင်းသော ဂုဏ်သတင်းတွေကျော်လာမယ်။ပျော်စရာကောင်းသောအလုပ်တွေကိုလည်း လုပ်ရပါလိမ့်မယ်။
အချစ်ရေးချစ်ရသူနဲ့နီးနီးနားနားနေခွင့်မရ။
အချစ်ရေးနဲ့အိမ်ထောင်ရေး အလုပ်ကြောင့်ဖြစ်စေ၊အခြားအကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်စေဝေးနေ ရတတ်ပါတယ်။
လက်ထပ်ဖို့ အရင်ကတည်းက ရည်ရွယ်ထားသူများဆိုအချစ်ရေးအိမ်ထောင်ရေး အကောင်အထည်ဖော်၍လက်ထပ်ရတတ်သည်။
မင်္ဂလာဆောင်ဖို့ စီစဉ်ထားသူများ ဒီလအတွင်း တရားရုံးမှာလက်မှတ်ထိုးခြင်းမျိုး လုပ်လို့သင့်တော်ပါတယ်။
ကျန်မားရေးမှာ အဖျားကြီး တုပ်ကွေးရောဂါဖြစ်တတ်ပြီးဆွေမျိုးအကြီးအကဲ တစ်ဦး နေမကောင်း အကြီးအကျယ်ဖြစ်တတ်ပါတယ်။
ခရီးသွားမကောင်းပါ။ သို့သော် မဖြစ်မနေဆိုလျှင် အချိန်အခါ အချိန်ပိုင်း ကြည်ပြီးထွက်ခွာပါ။
အရှေ့မြောက်အရပ် အကျိုးပေး၊ အနောက်တောင် အရပ် ရှောင်ပါ။
၁၃၈၁ခု တပေါင်းလဆန်း (၁၅)ရက် တနင်္ဂနွေနေ့ ရက်ရာဇာ ယနေ့ ဘုရားတည်၊ ထီးတင်၊ ဘုရားပင့်၊ ရှင်ပြု၊နားသ၊
သိက္ခာတင်၊ လှေကားတင်၊ ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊ ဆိုင်းဘုတ်တင်၊ ကုမ္ပဏီထူထောင်ခြင်းတို့ ကောင်း၏။
၁၃၈၁ခု တပေါင်းလဆုတ် ၇ရက် တနင်္ဂနွေနေ့ ရက်ရာဇာ ယနေ့ နံနက်(၁၁း၃၇)နာရီ အတွင်း ရေတွင်းရေကန်တူးဖော်ခြင်း၊
ငွေကြေးချေးငှားခြင်း၊ မိတ်ဆွေသစ်ဖွဲ့ခြင်း၊ ဘဏ်စာရင်းဖွင့်၊ ကုမ္ပဏီထူထောင်ခြင်း၊ထီထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊အချစ်ရေးပြောဆိုခြင်းတို့ကောင်း၏။
၁၃၈၁ခု တပေါင်းလဆုတ် ၁၄ရက် တနင်္ဂနွေနေ့ ယနေ့တစ်နေ့လုံး အချိန်အခါမကောင်း၍ လုပ်ငန်းကြီးများစတင်ရန်နှင့် မင်္ဂလာကိစ္စများမလုပ်သင့်ပါ။
ခရီးသွားရကိန်းရှိလျှင် အထူး ရက်တွေကတော့
(၁) ရက်နေ့ နံနက် ၈း၅၀ မတိုင်မီ
(၂) ရက်နေ့ နံနက် ၉း၄၅ နောက်ပိုင်း
(၃) ရက်နေ့ နံနက် ရး၂၆နာရီ မတိုင်မီ
(၄) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၈) ရက်နေ့ နံနက် ၅း၄၂ နောက်ပိုင်း
(၁၁) ရက်နေ့ နံနက် ၁း၇ နောက်ပိုင်း
(၁၃) ရက်နေ့ ည ၈း၃၄နာရီ မတိုင်မီ
(၁၅) ရက်နေ့ ညနေ့ ၆း၁၇ မတိုင်မီ
(၁၉) ရက်နေ့ ညနေ့ ၆း၅၆ မတိုင်မီ
(၂၁) ရက်နေ့ ည ၁ဝး၁၅ မတိုင်မီ
(၂၆) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ ထိုရက်တွေ၊ထိုအချိန်ပိုင်းတွေခရီးသွားရှောင်သင့်၏။
(၃) ရက်နေ့ နံနက် ရး၂၆ နောက်ပိုင်း ခရီးသွားကောင်း၏။
(၄) ရက်နေ့ နံနက် ၈နာရီ မတိုင်မီ
(၅) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၆) ရက်နေ့ တနေ့လုံး ကောင်း၏။
(၇) ရက်နေ့ နံနက် ၆း ၁၅ မတိုင်မီ
(၁၄) ရက်နေ့ ည ရး၂၅ နောက်ပိုင်း
(၁၉) ရက်နေ့ ညနေ့ ၆း၅၆ နောက်ပိုင်း
(၂၁) ရက်နေ့ ည ၁ဝး၁၅ နောက်ပိုင်း
(၂၅) ရက်နေ့ နံနက် ၅း၂၀ နောက်ပိုင်း
(၂၆) ရက်နေ့ နံနက် ၈နာရီ နောက်ပိုင်း
(၂၇) ရက်နေ့ နံနက် ၁၀း၂၈ မတိုင်မီ
ထိုအချိန်ပိုင်းတွေခရီးသွား အထူးကောင်း၏။
ဆောင်ရွက်စရာကိစ္စ ယခုလတွင်ခရီးသွားခြင်းနှင့်လုပ်ငန်းဆောင်တာကိစ္စများအတွက် ဘုရားမှာရွှေပန်း(၃)ပွင့်ကပ်လှူပြီးသွားခြင်းနှင့်
အစိမ်းရောင်၊အဝါရောင် အဝတ်အထည်များဝတ်ဆင်ခြင်းနှင့်ထိုအရောင်များကိုအဆောင်အဖြစ်အသုံးပြုနိုင်သည်။
အကျိုးပေးဂဏန်း - (၄.၇.၃.၉)
အကျိုးပေးအရပ် - အရှေ့မြောက်
အကျိုးမပေးရှောင်ရန်အရပ် - အနောက်တောင်
ယတြာ - အိမ်ဘုရားမှာ ရှင်သီဝလိဂါထာရွတ်ပွားပြီးသခွားမွှေး (၂၁)စိပ် ကပ်လှူ လိုရာဆုတောင်းပါ။
အတိုက်အခိုက်တွေပြေပျောက်စေရန် အိမ်မှ မထွက်မီမိမိကိုယ်န္ဓာ အရိပ်ကိုကြည့်ပြီး ရွာပြင် ညောင်ပင်ကြီး
အောက်မှာ အမွှေးတိုင်(၁၇)တိုင်၊ ပဲထမင်းကပ်လှူပါ။
ဆရာမင်းသူရ 09751089826
Ice cream ရေခဲမုန့်ဆိုင် ၃၆၂ ဆိုင်ကိုရှာရန်နှိပ်ပါ။
Zawgyi ဖြင့်ဖတ်ရန်...
မိမိအလုပ်အကိုင်များတွင်း ညီအကိုမောင်နှမဆွေမျိုးများနှောက်ယှက်မှုကြောင့် မိမိလုပ်ငန်းခွင်အကျိုးမြတ်များပျက်စီးတတ်သလိုမိန်းကလေးတစ်ဦးကြောင့် မိမိလုပ်ငန်း စီးပွားအခြေအနေ ယိမ်းယိုင်းသွားရတတ်သည်။
အဖမ်းအဆီးခံရတတ်တယ်။