သိုသိုသိပ်သိပ်နေကြတဲ့စုံတွဲတွေက ပိုပြီးရေရှည်ခိုင်မြဲလေ့ရှိ.....

သိုသိုသိပ်သိပ်နေကြတဲ့စုံတွဲတွေက ပိုပြီးရေရှည်ခိုင်မြဲလေ့ရှိ..... Google

လေ့လာမှုတွေအရ စုံတွဲတွေရဲ့ ၁၂ % လောက်ကသာ နှစ်ပေါင်း ၂၀နဲ့အထက်ခိုင်မြဲကြပြီး ကျန်တဲ့အတွဲတွေကတော့ အချိန်တိုအတွင်းမှာပဲပြတ်စဲသွားကြပါတယ်တဲ့။

ဒီအခြေအနေနဲ့ပတ်သက်လို့ လေ့လာမှုတွေလုပ်လိုက်တဲ့အခါ သိုသိုသိပ်သိပ်နေကြတဲ့စုံတွဲတွေက ပိုပြီးရေရှည်ခိုင်မြဲတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

(1) အချင်းချင်းပိုဂရုစိုက်နိုင်တယ်

ကိုယ့်ရဲ့ Relationship ကို public မှာခဏခဏချမပြဘဲ သိုသိုသိပ်သိပ်နေတဲ့အခါ တခြားအရာတွေဆီအာရုံပျံ့လွင့်မှုနည်းသွားပြီး အချင်းချင်းပိုအာရုံစိုက်နိုင်၊ ဂရုစိုက်နိုင်၊ ပိုပြီးအချိန်ပေးနိုင်ကြပါတယ်။

(2) သက်တောင့်သက်သာစိတ်ခံစားချက်ဖြစ်တယ်

နှစ်ယောက်သားပတ်သက်မှုကို ပတ်ဝန်းကျင်နဲ့အသိမိတ်ဆွေတွေက သိနေတဲ့အခါ အဆင်မပြေတော့လို့ ပြတ်သွားတာမျိုးဖြစ်လာရင်၊

နှစ်ယောက်မှာတစ်ယောက်ယောက်ကအသစ်တစ်ယောက်ရသွားတာမျိုးတွေဖြစ်လာရင် ကိုယ့်ဘာသာစိတ်ညစ်စိတ်ရှုပ်ရတာတစ်မျိုး၊ ပတ်ဝန်းကျင်ကြောင့် စိတ်ကျဉ်းကျပ်ရတာတစ်မျိုးတွေဖြစ်လာနိုင်ပါတယ်။

သိုသိုသိပ်သိပ်လေးပဲတွဲကြတဲ့အခါ ဒီလိုစိုးရိမ်ရတာမျိုးတွေမရှိဘဲ သက်တောင့်သက်သာခံစားချက်မျိုးဖြစ်စေပါတယ်။

(3) အပြန်အလှန်ယုံကြည်မှုရှိတာသိသာတယ်

ကိုယ့်အချစ်ရေးနဲ့ပတ်သက်လို့ လူတွေအားလုံးသိအောင် မပြောဘူးဆိုတာ၊ ဒီလိုပြောဖို့မလိုဘူး၊ နှစ်ယောက်သားကအပြန်အလှန်ယုံကြည်မှုရှိမှန်း သိသာထင်ရှားနေပါတယ်။

စိတ်ပညာရှင်တွေက အချစ်ရေးနဲ့ပတ်သက်လို့လူပိုသိလေလေ အပြန်အလှန်ယုံကြည်မှုလျော့နည်းလေလေလို့ ပြောထားပါတယ်။

(4) အနှောင့်အယှက်ကင်းတယ်၊စိတ်ကူးယဉ်ဆန်တယ်

ဒီအချစ်ရေးနဲ့ပတ်သက်လို့ သူနဲ့ကိုယ်နှစ်ယောက်တည်းပဲသိတဲ့အခါ ကိုယ့်အချစ်ရေးနဲ့ပတ်သက်လို့ ဘေးလူတွေရဲ့အထင်အမြင်တွေ၊ ဝင်စွက်ဖက်တာတွေလည်း မရှိနိုင်ပါဘူး။

နှစ်ယောက်တည်းပဲသိတဲ့ဆက်ဆံရေးလောက် စိတ်ကူးယဉ်ဆန်တာမရှိတော့ပါဘူး။

(5) တည်ငြိမ်မှုကဘယ်တော့မှမရိုးသွားတဲ့စိတ်ခံစားချက်

လူတွေရှေ့မှာ ချစ်ပြတတ်တဲ့သူတွေက အမြဲလိုလိုချစ်ပြဖို့လိုနေတတ်ပါတယ်။ အစတည်းက ဒီလိုတွေမရှိထားဘူးဆိုရင် လူတွေအထင်ကြီးအားကျအောင် ရိုပြရတာတွေ၊ ချစ်ပြရတာတွေလည်းရှိတော့မှာ မဟုတ်လို့ အေးအေးဆေးဆေးပါပဲ။

သိုသိပ်တဲ့အချစ်ရေးမျိုးက တည်ငြိမ်တဲ့ဆက်ဆံရေးတစ်ခုကိုဖြစ်စေတာကြောင့် အဲ့ဒီလိုအချစ်ရေးမျိုးက ပိုပြီးရေရှည်မှာခိုင်မြဲတယ်လို့ ပြောနိုင်တာပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

ေလ့လာမႈေတြအရ စံုတြဲေတြရဲ႕ ၁၂ % ေလာက္ကသာ နွစ္ေပါင္း ၂၀နဲ႕အထက္ခိုင္ျမဲၾကျပီး က်န္တဲ့အတြဲေတြကေတာ့ အခ်ိန္တိုအတြင္းမွာပဲျပတ္စဲသြားၾကပါတယ္တဲ့။

ဒီအေျခအေနနဲ႕ပတ္သက္လို႕ ေလ့လာမႈေတြလုပ္လိုက္တဲ့အခါ သိုသိုသိပ္သိပ္ေနၾကတဲ့စံုတြဲေတြက ပိုျပီးေရရွည္ခိုင္ျမဲတယ္ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။

(1) အခ်င္းခ်င္းပိုဂရုစိုက္နိုင္တယ္

ကိုယ့္ရဲ႕ Relationship ကို public မွာခဏခဏခ်မျပဘဲ သိုသိုသိပ္သိပ္ေနတဲ့အခါ တျခားအရာေတြဆီအာရံုပ်ံ႕လြင့္မႈနည္းသြားျပီး အခ်င္းခ်င္းပိုအာရံုစိုက္နိုင္၊ ဂရုစိုက္နိုင္၊ ပိုျပီးအခ်ိန္ေပးနိုင္ၾကပါတယ္။

(2) သက္ေတာင့္သက္သာစိတ္ခံစားခ်က္ျဖစ္တယ္

ႏွစ္ေယာက္သားပတ္သက္မႈကို ပတ္ဝန္းက်င္နဲ႕အသိမိိတ္ေဆြေတြက သိေနတဲ့အခါ အဆင္မေျပေတာ့လို႕ ျပတ္သြားတာမ်ိဳးျဖစ္လာရင္၊

နွစ္ေယာက္မွာတစ္ေယာက္ေယာက္ကအသစ္တစ္ေယာက္ရသြားတာမ်ိဳးေတြျဖစ္လာရင္ ကိုယ့္ဘာသာစိတ္ညစ္စိတ္ရႈပ္ရတာတစ္မ်ိိဳး၊ ပတ္ဝန္းက်င္ေၾကာင့္ စိတ္က်ဉ္းက်ပ္ရတာတစ္မ်ိဳးေတြျဖစ္လာနိုင္ပါတယ္။

သိုသိုသိပ္သိပ္ေလးပဲတြဲၾကတဲ့အခါ ဒီလိုစိုးရိမ္ရတာမ်ိဳးေတြမရွိဘဲ သက္ေတာင့္သက္သာခံစားခ်က္မ်ိဳးျဖစ္ေစပါတယ္။

(3) အျပန္အလွန္ယံုၾကည္မႈရွိတာသိသာတယ္

ကိုယ့္အခ်စ္ေရးနဲ႕ပတ္သက္လို႕ လူေတြအားလံုးသိေအာင္ မေျပာဘူးဆိုတာ၊ ဒီလိုေျပာဖို႕မလိုဘူး၊ နွစ္ေယာက္သားကအျပန္အလွန္ယံုၾကည္မႈရွိမွန္း သိသာထင္ရွားေနပါတယ္။

စိတ္ပညာရွင္ေတြက အခ်စ္ေရးနဲ႕ပတ္သက္လို႕လူပိုသိေလေလ အျပန္အလွန္ယံုၾကည္မႈေလ်ာ့နည္းေလေလလို႕ ေျပာထားပါတယ္။

(4) အေနွာင့္အယွက္ကင္းတယ္၊စိတ္ကူးယဥ္ဆန္တယ္

ဒီအခ်စ္ေရးနဲ႕ပတ္သက္လို႕ သူနဲ႕ကိုယ္နွစ္ေယာက္တည္းပဲသိတဲ့အခါ ကိုယ့္အခ်စ္ေရးနဲ႕ပတ္သက္လို႕ ေဘးလူေတြရဲ႕အထင္အျမင္ေတြ၊ ဝင္စြက္ဖက္တာေတြလည္း မရွိနိုင္ပါဘူး။

နွစ္ေယာက္တည္းပဲသိတဲ့ဆက္ဆံေရးေလာက္ စိတ္ကူးယဥ္ဆန္္တာမရွိေတာ့ပါဘူး။

(5) တည္ျငိမ္မႈကဘယ္ေတာ့မွမရိုးသြားတဲ့စိတ္ခံစားခ်က္

လူေတြေရွ႕မွာ ခ်စ္ျပတတ္တဲ့သူေတြက အျမဲလိုလိုခ်စ္ျပဖို႕လိုေနတတ္ပါတယ္။ အစတည္းက ဒီလိုေတြမရွိထားဘူးဆိုရင္ လူေတြအထင္ႀကီးအားက်ေအာင္ ရိုျပရတာေတြ၊ ခ်စ္ျပရတာေတြလည္းရွိေတာ့မွာ မဟုတ္လို႕ ေအးေအးေဆးေဆးပါပဲ။

သိုသိပ္တဲ့အခ်စ္ေရးမ်ိဳးက တည္ျငိမ္တဲ့ဆက္ဆံေရးတစ္ခုကိုျဖစ္ေစတာေၾကာင့္ အဲ့ဒီလိုအခ်စ္ေရးမ်ိဳးက ပိုျပီးေရရွည္မွာခိုင္ျမဲတယ္လို႕ ေျပာနိုင္တာပါ။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Friday, 14 February 2020 17:00
Rate this item
(0 votes)
Tagged under