July,August,September လမွေးသူများအတွက်

July,August,September လမွေးသူများအတွက် google

မွေးလအလိုက်သင်တို့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်

 

 

July လတွင်မွေးဖွားသူများ


July မွေးဖွားသူတွေဟာ အလွန်မျက်နှာစန်းပွင့်သူများဖြစ်ပြီး ပေးဆပ်ခွင့်လွှတ်တတ်ကြသည် ခေါင်းမာတတ်ခြင်း မာနကြီးတတ်ခြင်းတို့ကြောင့်


ဘဝအဖော်ကောင်းများ ဆုံးရှုံးကြသည် နှလုံးသားနှင့် ဦးနှောက်ကို ချင့်ချိန်အသုံးပြုသူများဖြစ်သည်။


သင်က သစ္စာရှိတယ်။ ဘွင်းဘွင်းရှင်းရှင်းပြောတတ်တယ်။ ကြင်နာတတ်တယ်။ ဉာဏ်ရည် ထက်မြက်တယ်။


ဒါပေမဲ့ စိတ်ထိခိုက်လွယ်ပြီး စိတ်ဓာတ်ကျလွယ်တယ်။ ပျော်ရွှင်တတ်တယ်။ သိုသို သိပ်သိပ်နေတတ်တဲ့အတွက် တစ်ခါတရံနားလည်ဖို့ ခက်ခဲတယ်။


ကိုယ်ပိုင်မာနရှိတယ်။ တစ်ယောက် တည်းနေရတာကို ကြိုက်တယ်။ တစ်ဖက်သားကို လွယ်လွယ်နဲ့မခင်တတ်ဘူး။ နာကျင်လွယ်သ လောက် ပြန်လည်ထူမတ်လွယ်သူလည်း ဖြစ်ပါတယ်။

 

 

August လတွင်မွေးဖွားသူများ


August မွေးဖွားသူတွေဟာ စိတ်ခံစားလွယ် နူးညံ့ထိခိုက်လွယ်သူများဖြစ်သည်


လူချစ်လူခင်ပေါကြပြီး ရည်မှန်းချက်ကြီးတတ်ကြသည် မိမိဘဝကို အနစ်နာ၍ ချစ်တတ်ကြသည်


ယုံစားလွယ်၍ မေတ္တာလှည့်စားခံကြရသည်။သင်က ချစ်တတ်တယ်။ အိမ်ထောင်ရေးကို တန်ဖိုးထားတယ်။ လူတိုင်းအပေါ်အကောင်းမြင်ဖို့ ကြိုးစားတတ်တယ်။


ငွေကြေးအရှာအဖွေ တော်ပြီး ရယ်စရာဟာသတွေကို ကြိုက်တယ်။ ဆွဲဆောင်မှု ရှိတယ်။ ပျူငှာမှုရှိတယ်။ ဂရုစိုက်တတ် တယ်။ ရဲရင့်ပြီး အကြောက်တရားမဲ့တယ်။


ကြံ့ခိုင်ပြီး ခေါင်း ဆောင်မှု အရည်အသွေးရှိတယ်။ ဒါ့အပြင် တခြားသူတွေကို ဘယ်လိုနှစ်သိမ့်ပေးရမယ်ဆိုတာကိုသိ တယ်။ ပေးကမ်းစွန့်ကြဲတတ်တယ်။ အတ္တနည်းနည်းကြီးတယ်။ သူငယ်ချင်းတွေကိုတော့ ခင်တွယ် တတ်ပါတယ်။

 

 

September လတွင်မွေးဖွားသူများ


September မွေးဖွားသူတွေဟာ တစ်ယောက်ထဲ အေးဆေးနေတတ်ကြသည်


အရမ်းချစ်တတ်ပေမယ့် ခံစားချက်ကို မဖော်ပြတတ်သူများဖြစ်၍ အချစ်ကံခေကြသည် မှတ်ညဏ်ကောင်းကြသည်


အပျင်းမတ်တတ်၍ အရေးကြီးကိစ္စများ လက်လွှတ်ရတတ်သည်။သင်ဟာ ဘဝတလျှောက်မှာ ပုံစံမျိုးစုံနဲ့ကျင်လည်ရတယ်။


ဉာဏ်ကောင်းပေမဲ့ အခြေအနေ တိုင်းကို အလွန်အမင်းအာရုံစိုက်လွန်းတဲ့အကျင့်က သင့်အတွက် တစ်ခါတရံစိတ်ညစ်စရာပါ။


ဆက် ဆံရေးချေငံပျူငှာပြီး ညှိနှိုင်းဖို့လွယ်ကူတယ်။ ဂရုစိုက်တတ်တယ်။ နိုးကြားတယ်။ စေ့စပ်သေချာပြီး စနစ်ကျတယ်။ တိတ်တိတ်ဆိတ်ဆိတ်နေတတ်တယ်။


လူအများနဲ့ စကားပြောတဲ့အခါ သက်တောင့် သက်သာရှိတယ်။ တည်ငြိမ်တယ်။ ကြင်နာတတ်တယ်။ ဇီဇာနည်းနည်း ကြောင်တယ်။ အထူးသဖြင့် အချစ်ရေးမှာ ပိုပြီး ဇီဇာကြောင်တတ်ပါတယ်။

 

 

 

 

Source- အဂ္ဂမင်း

 

Myanmar Wedding Guide 

 

 

 

Wedding banner design 03 1

Read times
Rate this item
(1 Vote)
Tagged under