အချစ်ရေး ခိုင်မြဲစေတဲ့ အချက်များ

အချစ်ရေး ခိုင်မြဲစေတဲ့ အချက်များ google.com

လူငယ်သဘာဝ တစ်ဦးနဲ့တစ်ဦး ချစ်ကျွမ်းဝင်ကြပြီး သိပ်မကြာခင်မှာ

တွေးမြင်လာတတ်တာက အချစ်ရေးမှာ ခိုင်မြဲပါ့မလား ဆိုတာပဲဖြစ်ပါတယ်။

 

အဓိကအားဖြင့်တော့ ပျော်ရွှင်ရတဲ့ အချစ်ရေးကို ကြုံရတဲ့အခါကျရင်တော့ အချစ်ရေးကို ခိုင်မြဲဖို့ ပိုကြိုးစားတတ်ကြပါတယ်။

 

အချစ်ရေးခိုင်မြဲစေနိုင်မယ့်အချက်များကိုတော့ အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

 


အရမ်း လှပနေဖို့မလိုဘူး

 

ကိုယ့်ချစ်သူက အရမ်းချည်း လှပနေဖို့မလိုပါဘူး။ တစ်ဦးနဲ့တစ်ဦး ရုပ်ရည်လှပဖို့ထက် ဉာဏ်ပညာနဲ့ အတွေးအခေါ်ထက်မြက်ဖို့က အဓိကကျပါတယ်။

 

မတူညီတဲ့ အကျင့်တွေနဲ့ နားလည်ပြီး ဘေးကနေ ပံ့ပိုးလိုစိတ်ရှိရပါမယ်။

 

ဒါမှလည်း သူ့အတွေးအခေါ်ကို ကိုယ်သဘောကျသလို ကိုယ့်ရဲ့ အတွေးအခေါ်ကိုလည်း သူသဘောကျမှာဖြစ်ပါတယ်။

 


အားကိုးထိုက်ခြင်း

 

အချို့က ရုပ်ရည်ချောမောလှပတာကို ငွေကြေး၊ ဂုဏ်ဓနတွေထက် ပိုဦးစားပေးတတ်ကြပါတယ်။

 

အချို့ကတော့ အဲဒါနဲ့ ပြောင်းပြန်ပဲဖြစ်ပါတယ်။ သင့်ရဲ့ ချစ်သူဟာ သင့်ကိုလည်း ကြင်ကြင်နာနာဆက်ဆံသလို အခြားသူတွေကိုလည်း ကြင်ကြင်နာနာဆက်ဆံတတ်ရပါမယ်။

 

ဒါမှသာလျှင် သူ့ရဲ့လုပ်ရပ်တွေက အားကိုးထိုက်မယ်ဆိုရင်တော့ ရွှေလက်တွဲမြဲစေဖို့အတွက် သေချာမှာဖြစ်ပါတယ်။


လက်တွဲဖော်အဖြစ်မြင်ခြင်း

 

တစ်ဦးနဲ့တစ်ဦး အမြင်မှာ ငါက ယောက်ျားလေးဖြစ်လို့၊ မင်းက မိန်းကလေးဖြစ်လို့ဆိုတာမျိုး သင်တို့ ဆက်ဆံရေးမှာ မရှိပါဘူး။

 

တစ်ဦးနဲ့တစ်ဦး လိင်ကွဲပြားမှုကို အသားပေးမမြင်ကြဘဲ ကိုယ့်ရဲ့ လက်တွဲဖော် အဖြစ်ပဲ မြင်ကြတယ်ဆိုရင် အတော်အခြေအနေ ကောင်းတယ်လို့ဆိုနိုင်ပါတယ်။

 

ပြဿနာအများစုကတော့ ယောက်ျားလေးဖြစ်လို့၊ မိန်းကလေး ဖြစ်လို့ ဆိုတာတွေနဲ့ စတင်တတ်ကြတာများ ပါတယ်။

 


အမြဲကူညီဖို့တွေးတောခြင်း

 

တစ်ဦးနဲ့တစ်ဦး ပျော်ရွှင်တဲ့ ဆက်ဆံရေးမှာ နေထိုင်ကြသူတွေဟာ တစ်ဦးအခက်အခဲကို တစ်ဦးကူညီဖို့ အမြဲအဆင်သင့် ရှိနေတတ်ကြပါတယ်။

 

သူ့အတွက်ဆိုရင် ကိုယ်ရောစိတ်ပါ ကူညီပေးလိုက်ရလို့ အပြန်အလှန် ပျော်ရွှင်သွားတတ်ကြတယ် ဆိုရင်ဖြင့် သင်တို့ ဆက်ဆံရေး ခိုင်မြဲစေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:01
Rate this item
(2 votes)