လူတိုင်းကသူတို့အလေးထားရသူတွေအတွက်ပဲပြောင်းလဲလေ့ရှိပါတယ်

လူတိုင်းကသူတို့အလေးထားရသူတွေအတွက်ပဲပြောင်းလဲလေ့ရှိပါတယ် google

မိန်းကလေးဆိုတာသူတကယ်ချစ်တဲ့သူအတွက်ပဲစကားနားထောင်သလိုယောကျာ်းလေးဆိုတာသူချစ်တဲ့သူအတွက်ပဲ ပြောင်းလဲလေ့ရှိတယ်။

 

ကိုယ့်ကိုယ်ချစ်ပါတယ် ဆိုတဲ့သူတိုင်း ကိုယ့်အတွက်ပြောင်းလဲနိုင်မယ်မထင်နဲ့နော်။ လူတိုင်းမှာ ကိုယ်ပိုင်အတ္တ ကိုယ်စီရှိတယ်။ ဒီအတ္တကိုလည်းလျော့ချဖို့ သိပ်ကိုကြန့်ကြာတတ်ကြတယ်။

 

သူတို့တကယ် Feel မလာတဲ့သူတွေအတွက် သူတို့အကျင့်တွေကိုပြောင်းလဲပေးလေ့မရှိပဲ ငါဒီလိုပဲနေလာတာလို့ ပဲပြောပါလိမ့်မယ်။

 

တကယ်နှစ်နှစ်ကာကာဖြစ်သွားတဲ့သူတစ်ယောက်အတွက် ပြောင်းပါလို့ပြောနေစရာမလိုအောင်ကို ကိုယ်ကြောင့်တစ်ချို့သောအရာတွေကို အရင်နဲ့မတူအောင်ပြောင်းလဲပြီးသားပါ။

 

ကိုယ်ထိခိုက်မှာဆိုးလို့ တစ်ချို့သောကိစ္စတွေကို ရှောင်ရှားပြီးသားပါ။ ကိုယ်စိတ်ပူရမှာဆိုလို့ တစ်ချို့သော ပြဿနာတွေကိုရှုပ်မလာအောင်ရှင်းပြီးသားပါ။ ဒီလိုလုပ်နိုင်တာလည်းစစ်မှန်တဲ့ချစ်ခြင်းမေတ္တာရဲ့စွမ်းအားတစ်ခုပဲရှိပါတယ်။

 

ချစ်တယ်လို့အော်နေတဲ့သူတိုင်းသင့်အတွက်မပြောင်းလဲနိုင်ပါဘူး။သင့်အတွက်သင့်အတွက်ဆိုပြီး ထည့်ထည့်တွေးတတ်တဲ့ သူမှသာသင့်ကို တကယ်ချစ်တာပါ။

 

Credit;Trend.com.mm

Read times Last modified on Friday, 18 January 2019 14:53
Rate this item
(1 Vote)