ချစ်သူရည်းစား မရှိဘဲ တစ်ယောက်တည်းဖြစ်နေခြင်းရဲ့ကောင်းကျိုးများ…

ချစ်သူရည်းစား မရှိဘဲ တစ်ယောက်တည်းဖြစ်နေခြင်းရဲ့ကောင်းကျိုးများ… google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို ချစ်သူရည်းစား မရှိဘဲ တစ်ယောက်တည်းဖြစ်နေခြင်းရဲ့ကောင်းကျိုးလေးတွေကိုဝေမျှပေးချင်ပါတယ်နော်။

သုတေသီတွေရဲ့ အဆိုအရ တစ်ကိုယ်တည်းဖြစ်နေခြင်းဟာ ပိုမိုကျန်းမာစေရုံမက စိတ်ပိုင်းဆိုင်ရာမှာလည်း ပိုလုံခြုံမှုရှိစေပါတယ်တဲ့။

ကဲ တစ်ကိုယ်တည်းသမားတွေပဲ ရရှိခံစားနိုင်တဲ့ ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်။

ကိုယ်လက်လေ့ကျင့်ခန်း၊ အားကစားကို ပိုလုပ်နိုင်လာတယ်။စိတ်ဖိစီးစရာအချစ်ရေး၊ အိမ်ထောင်ရေးတွေကနေ လွတ်မြောက်နေတာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ပိုမိုကျန်းမာအောင် ဂရုစိုက်လာနိုင်ပါလိမ့်မယ်။

အသက် ၁၈နှစ်ကနေ ၆၄နှစ်ကြား အမေရိကန်သားတွေ ကို လေ့လာချက် တစ်ရပ်ပြုလုပ်ခဲ့ရာမှာတော့

အဲ့ဒီအသက်အတွင်း အိမ်ထောင်မပြုတဲ့ လူပေါင်း၁၃၀၀၀ယောက်ဟာကျန်းမာရေးဘက်ကိုပိုမိုလိုက်စားဖို့အချိန်ရှိခဲ့ကြတယ်လို့သိရပါတယ်။

အိမ်ထောင်ပြုလိုက်တဲ့သူတွေဟာ အိမ်ထောင်ကျပြီး ပျော်ရွှင်ကြသည့်တိုင် ဝိတ်တက်လာကြပြီး အိမ်ထောင်မပြုတဲ့သူတွေကတော့ ဝိတ်တက်တာမျိုး မရှိပဲခန္ဓာကိုယ်အချိုးအစားကို ထိန်းထားနိုင်ကြပါတယ်တဲ့။

အထူးကျွမ်းကျင်သူတွေရဲ့စကားအရ လူပျိုလူလွတ်တွေဟာ အိမ်ထောင်သည်တွေထက် လူမှုဆက်ဆံရေးပိုင်းကို ပိုကောင်းအောင် ဆောင်ရွက်နိုင်ကြပါသေးတယ်။

သူငယ်ချင်းတွေနဲ့ မိသားစုကို အချိန်ပိုပေးနိုင်တယ်။ငွေစုဖို့အတွက် အခွင့်အရေးပိုမိုရလာတယ်။

Reference:lifehack.com

Bedroom Accessories အိပ်ခန်းသုံးပစ္စည်းဆိုင် ၅၄၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်












 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under