အိမ်ထောင်သက် ၆ နှစ်အကြာမှာ ခင်ပွန်းသည်နဲ့ ကွာရှင်းလိုက်တဲ့ မင်းသမီး Chae Rim (ခ) ဂျင်ဆန်းမီ

အိမ်ထောင်သက် ၆ နှစ်အကြာမှာ ခင်ပွန်းသည်နဲ့ ကွာရှင်းလိုက်တဲ့ မင်းသမီး Chae Rim (ခ) ဂျင်ဆန်းမီ Google

ဂျင်ဆန်းမီလို့ လူသိများတဲ့ ကိုရီးယား မင်းသမီး Chae Rim ဟာ ခင်ပွန်းသည် တရုတ်မင်းသား Gao Ziqi နဲ့ ကွာရှင်းပြတ်စဲလိုက်ပြီဖြစ်ပါတယ်။

 

Pin on Love

နှုတ်ခမ်းဖူးဖူး၊ အပြုံးချိုချိုလေးနဲ့ မြန်မာပရိသတ်တွေရဲ့ နှလုံးသားထဲမှာ ဆန်းမီရယ်လို့ အခုချိန်ထိ မှတ်မိနေကြဆဲ Chae Rim ဟာ ၂၀၁၄ ခုနှစ်က တရုတ်မင်းသား Gao Ziqi နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ သားလေး Gift ကိုရရှိခဲ့ပါတယ်။

 

သူတို့လင်မယားနှစ်ဦး ကွာရှင်းပြတ်စဲလိုက်ပြီဆိုတဲ့ ကောလာဟလတွေဟာ ၂၀၁၉ ခုနှစ်ကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ Chae Rim ဟာ မနှစ်ကတည်းက သူမရဲ့Weibo အကောင့်က ပို့စ်တွေအကုန်ဖျက်ခဲ့ပြီး ကိုရီးယားကို သားလေးနဲ့အတူ ပြန်လာပြီး နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

 

 Chae Rim | Soompi

၂၀၂၀ ဒီဇင်ဘာ ၁၇ ရက်နေ့မှာတော့ ကိုရီးယားမီဒီယာတွေက Chae Rim နဲ့ Gao Ziqi တို့ဟာ ကွာရှင်းပြတ်စဲခြင်းအတွက် လုပ်ဆောင်မှုပြီးဆုံးခဲ့ပြီဖြစ်ပြီး တရားဝင်ကွာရှင်းပြတ်စဲပြီးစီးကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ “ကျွန်မကို နားလည်ပေးဖို့အတွက် အများကြီးလိုက်ရှင်းပြတတ်တဲ့လူမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘဝနဲ့ကိုယ်နေထိုင်ဖို့ ကြိုးစားနေပါတယ်” လို့ Chae Rim က သူမရဲ့အင်စတာဂရမ်အကောင့်မှာ တင်ထားပါတယ်။

 

ယခုနှစ် ဇန်နဝါရီလောက်တုန်းကလည်း သူတို့နှစ်ယောက် လမ်းခွဲတာ တစ်နှစ်ခန့်ရှိပြီလို့ ကောလာဟလတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ကိုရီးယားမီဒီယာတချို့ရဲ့ ဖော်ပြချက်အရတော့ Chae Rim ဟာ Gao Ziqi ကို သူမနဲ့အတူ ကိုရီးယားကို လိုက်လာစေချင်ခဲ့ပြီး Gao Ziqi ကတော့ တရုတ်က သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့အတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။

 

Chae Rim dính tin đồn rạn nứt hôn nhân, ôm con về Hàn

 

ကာလကြာရှည်စွာ ခွဲခွာနေခဲ့တဲ့အတွက် ပိုလို့အနေဝေးလာခဲ့ပြီး ကွာရှင်းတဲ့အထိ ဖြစ်လာခဲ့တယ်လို့လည်း ယူဆကြပါတယ်။ သိပ်မကြာခင်ကပဲ Gift အမေကို ကျေးဇူးတင်ကြောင်း၊ အနှောင့်အယှက်ကင်းဖို့ ဆုတောင်းပေးကြောင်း Gao Ziqi က လူမှုကွန်ယက်စာမျက်နှာထက် တက်ရေးထားပါသေးတယ်။

 

Chae Rin တစ်ယောက် ကိုယ့်အမိမြေပြန်ပြီး အနုပညာအလုပ်တွေလုပ်ကိုင်ရင်း ပရိသတ်တွေရဲ့ရင်ခွင်မှာ နွေးထွေးစွာ ပြန်လည်နားခိုနိုင်ပါစေ။ အောင်မြင်တဲ့ Single Mom တစ်ယောက်အဖြစ် Gift လေးကို ပြုစုပျိုးထောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Ref: MMNewsChannel

Read times Last modified on Monday, 11 January 2021 10:27
Rate this item
(1 Vote)
Tagged under