အေးစက်နေတဲ့ချစ်သူနှစ်ဦး ဘယ်လိုနွေးထွေးလာအောင်လုပ်မလဲ???

အေးစက်နေတဲ့ချစ်သူနှစ်ဦး ဘယ်လိုနွေးထွေးလာအောင်လုပ်မလဲ??? google

 

ချစ်သူစုံတွဲတွေ တွဲလာတဲ့ သက်တမ်းကြာလာတဲ့အခါ နှစ်ယောက်ကြားမှာ အရင်ကလောက် နွေးထွေးမှုတွေ မရှိတော့ဘဲ အချစ်တွေလျော့လာတယ်လို့ ခံစားရတတ်ပါတယ်။

အဲ့ဒီအခါ အဆင်မပြေမှုတွေဖြစ်လာပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ သိတဲ့သူက နည်းပါတယ်။

တကယ်တော့ အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်စိမ်းနေတာတွေ ပျောက်သွားပြီး ချစ်စခင်စတုန်းကလို ရင်းနှီးနွေးထွေးမှုမျိုးပြန်ရအောင် လုပ်ဖို့ အရင်ကသုံးခဲ့ကြတဲ့ နည်းလမ်းအဟောင်းလေးတွေက အရမ်းအသုံးဝင်တယ်ဆိုတာကို သိခဲ့ကြပါတယ်။

ဒီတော့ သူစိမ်းဆန်နေကြတဲ့စုံတွဲတွေကြား အချစ်တွေပြန်ဖြစ်လာအောင် ဟိုအရင်က စုံတွဲတွေသုံးခဲ့ကြပြီး အခုချိန်ထိအလုပ်ဖြစ်နေသေးတဲ့ နည်းလမ်းကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လမ်းအတူတူလျှောက်ပါ

visiting

ဒါက ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ နည်းလမ်းတစ်ခုပါ။ ပန်းခြံတစ်ခု ဒါမှမဟုတ် လူသိပ်ရှုပ်တဲ့လမ်းတစ်ခုမှာ နှစ်ယောက်သားလမ်းအတူတူလျှောက်ပြီး စကားစမြည်ပြောတာက သင်တို့စုံတွဲကိုစိတ်ချင်း နီးကပ်လာစေနိုင်ပါတယ်။

(၂) စာလေးတွေရေးပေးပါ

Writing

ချစ်သူသက်တမ်းကြာလာတဲ့အခါ ချစ်တယ်ဆိုတဲ့စကားကိုပြောဖို့ဝန်လေးလာတတ်သလို ၊ ပြောဖို့မလိုတော့ဘူးလို့လည်းထင်လာတတ်ကြပါတယ်။

တကယ်တော့ ကိုယ်ချစ်ရတဲ့သူကို ချစ်တယ်လို့ပြောဖို့ အချိန်တိုင်းမှာ လိုအပ်နေပါတယ်။

ပြီးတော့ ဒီတိုင်းပါးစပ်ကပြောတာထက် ပိုလေးနက်တဲ့၊ ပိုပြီးရိုတဲ့နည်းလမ်းလေးကတော့ သူ့ကိုချစ်တဲ့အကြောင်း စာတိုလေးတွေရေးပြီး ပေးတာပါပဲ။

ဒီလိုမျိုးစာလေးတွေ ရေးပြီးပေးရတာက  အချိန်လည်း သိပ်ပေးစရာမလိုဘဲသင်တို့ နှစ်ယောက်ကို ပြန်နီးကပ်လာစေမယ့် နည်းလမ်းကောင်းလေးတစ်ခုပါ။        

(၃) ပိတ်ရက်တွေမှာလျှောက်လည်ပါ

Working

ပိတ်ရက်တွေမှာ သူနဲ့လျှောက်လည်ဖို့ထက်ကိုယ့်ဘာသာအိမ်မှာ အေးဆေး နားဖို့ကိုပဲ တွေးနေတယ်ဆိုရင်တော့ သင်တို့နှစ်ယောက် တဖြည်းဖြည်းစိမ်းလာတာ မဆန်းပါဘူး။

ချစ်သူကို တစ်ပတ်မှာ တစ်ရက်လောက် အချိန်ပေးပြီး သူကြည့်ချင်တဲ့ ရုပ်ရှင်လိုက်ကြည့်ပေးတာမျိုး၊ သူသွားချင်တဲ့နေရာလေးတွေ လိုက်ပို့ပေးတာမျိုးလုပ်ပေးပါ။

ကိုယ်လုပ်ချင်တာတွေကိုချည်းပဲ အမြဲရှေ့တန်းတင်မနေပါနဲ့နော်။

(၄) ခရီးအတူထွက်ပါ

going

နှစ်ယောက်သားက တဖြည်းဖြည်းဝေးကွာနေသလို၊ သူစိမ်းဆန်နေသလို ခံစားနေရရင် ခရီးတစ်ခုလောက်အတူတူသွားလိုက်ပါ။

နှစ်ယောက်တည်းသွားလို့ အဆင်မပြေလောက်ဘူးဆိုရင် သူငယ်ချင်းတွေကို ခေါ်ပြီး ကမ်းခြေလိုနေရာမျိုး၊ ပျော်စရာကောင်းတဲ့နေရာမျိုးကို သွားပါ။

(၅) ညစာအတူတူစားပါ

romance

နှစ်ယောက်လုံးက မအားကြလို့ ၊ အချိန်မရှိလို့ မတွေ့နိုင်ဘူး၊ မတွေ့လည်းဘာမှမဖြစ်ဘူးဆိုပြီး မနေလိုက်ပါနဲ့နော်။ တစ်ရက်လောက်အချိန်ပေးပြီး ညစာအတူတူစားတာမျိုး လုပ်ပေးပါ။

(၆) Surprise လက်ဆောင်လေးတွေပေးပါ

super

Surprise လက်ဆောင်ပေးတယ်ဆိုတာ သူ့ကိုပျော်စေချင်တယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပြီး သင့်စိတ်ထဲမှာ သူ့ကိုပျော်စေချင်တဲ့စိတ်မျိုးရှိနေသေးတယ်၊ သူ့ကို ချစ်နေသေးတယ်ဆိုတဲ့ ခံစားချက်မျိုးပြန်ဖြစ်လာစေနိုင်တာကြောင့် ရင်းနှီးမှုတွေပြန်ရလာနိုင်ပါတယ်။

(၇) နေ့စဉ်အကြောင်းအရာလေးတွေအပြန်အလှန်ပြောပါ

talking

နှစ်ယောက်သားက ချစ်သူတွေဖြစ်စအချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက်နေ့စဉ်ဖြစ်သမျှ အကြောင်းအရာအားလုံးကို မရိုးနိုင်အောင်ပြောခဲ့ကြပေမယ့် ကြာလာတော့ ကိုယ့်ချစ်သူနဲ့စကားပြောရတာကို မပျော်တော့ဘဲ ငြီးငွေ့လာကြပါတယ်။

ဒီတော့ သူစိမ်းတွေလိုမျိုးပြန်ဖြစ်လာကြတာပေါ့။

ဒီတော့ဒီပြဿနာကိုပြေလည်အောင်ဖြေရှင်းဖို့  နှစ်ယောက်သားက နေ့စဉ်အကြောင်းအရာလေးတွေကို ပြန်ပြောကြဖို့လိုပါတယ်။

Source:Aunty May

Read times
Rate this item
(1 Vote)