ကိုယ့်အပေါ်အကယ်ချစ်တဲ့ ချစ်သူမှန်း သိနိုင်တဲ့အချက်များ - ၂

ကိုယ့်အပေါ်အကယ်ချစ်တဲ့ ချစ်သူမှန်း သိနိုင်တဲ့အချက်များ - ၂ google.com

ကိုယ့်ကို တကယ်ချစ်တဲ့ ယောက်ျားလေးတစ်ယောက်ကို ပိုင်ဆိုင်ရတာဟာ အရမ်းကို ကံကောင်းပါတယ်။

ဒီလို ယောက်ျားလေးမျိုးနဲ့ ချစ်သူဖြစ်ရတာဟာလည်း စိတ်ချမ်းသာစရာကောင်းပါတယ်။

 

ကိုယ့်အပေါ်တကယ်ချစ်တဲ့ချစ်သူမှန်း သိနိုင်တဲ့အချက်များကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

 

အတူရှိနေရင် ပျော်စရာကောင်းခြင်း

 

သူ့အတွက်ကတော့ ပျော်စရာတွေဘယ်လောက်များများ သင်မပါရင် မပြည့်စုံနိုင်တော့ပါဘူး။

 

သင်ကသာ သူ့ဘေးနားမှာရှိရင် လမ်းလျှောက်တာ၊ ဘေးချင်းယှဉ်ထိုင်တာ၊ လမ်းဘေးဆိုင် ဝင်စားတာကအစ ဘယ်လိုပဲဖြစ်နေဖြစ်နေ အသေးအမွှားကိစ္စတွေတိုင်းမဆို သူ့အတွက်အဓိပ္ပါယ်ရှိပြီး ပျော်စရာကောင်းနေသလို၊ ပြည့်စုံမှုကိုလည်း သူခံစားနေရမှာဖြစ်ပါတယ်။

 

သင်က ဘေးနားမှာ အမြဲတမ်း ရှိနေရင် ပြုံးပျော်ပြီးနေတတ်တဲ့သူဟာ သင့်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝတဲ့သူဖြစ်ပါတယ်။

 

စိတ်ချမ်းသာမှုရှိခြင်း

 

သင့်အတွက်တော့ သင့်ချစ်သူက ချစ်သူတစ်ယောက်အဖြစ်ဆိုရင် သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိသားစုဝင်တစ်ယောက်လို ခံစားရမှာဖြစ်ပါတယ်။

 

ဘယ်လိုကြောင့်လဲဆိုတော့ သူက သင့်ကို အချစ်စစ်နဲ့ချစ်မယ်၊ စည်းစိမ်ဥစ္စာတွေနဲ့ မချမ်းသာချင်နေမယ် နွေးထွေးတဲ့မေတ္တာတွေကိုတော့ အပြည့်အဝပေးနိုင်ပါလိမ့်မယ်။

 

သင့်ကို အမြဲတမ်း စိတ်ချမ်းသာစေနိုင်တဲ့ သူမျိုးဖြစ်ပါလိမ့်မယ်။ ထို့ကြောင့် သင်ဟာ သူ့ကိုအမြဲတမ်း စိတ်ချသလို၊ ယုံလည်းယုံကြည်ပြီး သူနဲ့ပတ်သတ်ရင် အမြဲတမ်း စိတ်ချမ်းသာနေရမှာဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 14:44
Rate this item
(3 votes)