ကိုယ့်ထက်အသက်ကြီးတဲ့  "ဦး" အရွယ်ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ

ကိုယ့်ထက်အသက်ကြီးတဲ့   "ဦး"  အရွယ်ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ google

မိန်းကလေးတွေအနေနဲ့ ချစ်သူ၊ အိမ်ထောင်ဘက်ရွေးတဲ့အခါ ဘယ်လိုလူမျိုးကိုရွေးသင့်လဲဆိုတာ အမြဲတမ်း စဉ်းစားစရာဖြစ်ခဲ့တာပါ။ 

ဒီတစ်ခါတော့ ကိုယ့်ထက်အသက်ကြီးတဲ့ ဦးတွေကိုရွေးချယ်သင့်တဲ့အကြောင်းရင်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

 

 

 စိတ်ကြိုက်ဆိုးလို့ရ

 

ကိုယ့်ထက်အသက်ကြီးတဲ့ ဦးတွေနဲ့တွဲတဲ့အခါ သေချာပေါက် ကိုယ်ကပဲစိတ်ကြိုက်ဆိုးရမှာပါ။ ကိုယ်ဘယ်လောက် ကလေးဆန်ဆန် အဆုံးစွန်သည်းခံမယ့်သူပေါ့။

 

 

 လိုချင်တာအားလုံးဖြည့်ဆည်းပေးမယ့်သူ

 

ကိုယ်ဘာလိုချင်လဲ၊ ဘာလိုအပ်လဲ ဆိုတာကို ကောင်းကောင်းသိပြီး ကိုယ့်စိတ်ပျော်ရွှင်မှုအတွက် အားလုံးဖြည့်ဆည်းပေးမယ့်သူပါ။

 

တည်ငြိမ်တယ်

 

ကောင်လေးငယ်ငယ်တွေလို ကယောင်ခြောက်ခြားတွေမဖြစ်ဘူး။ အခက်အခဲတွေ၊ ပြဿနာတွေကို အေးအေးဆေးဆေးဖြေရှင်းနိုင်တယ်၊ ဘာတွေပဲကြုံရကြုံရ တည်ငြိမ်နေတဲ့သူတွေပါ။

 

 

ငွကြေးအတွက်ပူစရာမလိုဘူး

 

အလုပ်မရှိသေးတာတွေ၊ ဝင်ငွေမရှိသေးတာမျိုးတွေ စဉ်းစားဖို့မလိုဘူး။ အလုပ်အကိုင်အတည်တကျနဲ့ ဝင်ငွေအတိုင်းအတာတစ်ခုအထိရှိတဲ့သူတွေမို့ ဒါတွေကို ပူစရာကိုမလိုတာ။

 

 

သဘောထားကြီးတယ်

 

တွေ့တဲ့လူတိုင်းနဲ့သဝန်တိုစွပ်စွဲတာတွေမရှိဘူး၊ သူငယ်ချင်းတွေနဲ့တွေ့ဖို့ ပိတ်ပင်တာမျိုးတွေလည်းမရှိဘူး။ သဘောထားကြီးတဲ့ ဦးတွေပါ။

 

 

ဒရာမာတွေမလုပ်ဘူး

 

ကိုယ့်ကြောင့် သူဘယ်လောက်ခံစားနေရပါတယ်၊ ဘယ်လိုတွေအနစ်နာခံပေးဆပ်ရတယ်ဆိုတာတွေပြောပြီးတော့ စိတ်ညစ်စရာကောင်းအောင် ဒရာမာချိုးတွယ်ကပ်နေတာတွေလုပ်မှာမဟုတ်ပါဘူး။

 

 

လုံခြုံတဲ့ခံစားချက်ကိုဖြစ်စေတယ်

 

ကိုယ့်ထက်အသက်ကြီးတဲ့ ဦးတွေက ကိုယ်လိုချင်တာမှန်သမျှဖြည့်ဆည်းပေးတယ်၊ ပျော်ရွှင်အောင်လုပ်ပေးနိုင်တယ်၊ ကြိုက်သလောက်ဆိုးလို့ရတယ်။ ဒါတွေတင်မကသေးပါဘူး၊ စိတ်ထဲမှာ လုံခြုံတဲ့ခံစားချက်ကိုလည်း ဖြစ်စေနိုင်ပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under