ယောက်ျားလေးတွေ ကိုယ့်ကောင်မလေးကို မပြောသင့်တဲ့အချက်များ

ယောက်ျားလေးတွေ ကိုယ့်ကောင်မလေးကို မပြောသင့်တဲ့အချက်များ google.com

ယောက်ျားလေးတွေ ကိုယ့်ကောင်မလေးကို ကိုယ့်ထက်ငယ်သည်ပဲဖြစ်စေ၊ ကြီးသည်ပဲဖြစ်စေ

ဆရာကြီးစတိုင်ပုံစံနဲ့ အထက်စီးက ဆက်ဆံမယ်ဆိုရင် မိန်းကလေးတွေက ကြိုက်မှာမဟုတ်ပါဘူး။

 

အဲဒါကြောင့် အောက်တွင် မပြောသင့်တဲ့အချက်တွေကို ဖော်ပြပေးထားပါတယ်။

 

လူရှေ့သူရှေ့မအော်ပါနဲ့
မိန်းကလေးတွေဟာ သူတို့ချစ်သူက သူတို့ကို အော်ငေါက်တာကို လုံးဝမကြိုက်ကြဘူး။ ချော့ပြီး ပြောမယ်ဆိုရင် နားထောင်နိုင်ပေမယ့် အော်ငေါက်ပြောတဲ့အခါ သူတို့က ဂျစ်ကန်ကန်နဲ့ တုန့်ပြန်တတ်ကြပါတယ်။

 

ထို့ကြောင့် အတတ်နိုင်ဆုံး သူတို့ကို မအော်ငေါက်မိအောင် ရှောင်ကြဉ်ရပါမယ်။


အထက်စီးလေသံနဲ့မပြောပါနဲ့
မိန်းကလေးတွေဟာ ကိုယ့်ချစ်သူကောင်လေး တော်ရင်ထက်မြက်ရင် သဘောကျပေမဲ့ နေရာတကာ ဆရာကြီးလုပ်ပြနေရင် တဖြည်းဖြည်းနဲ့ အမြင်ကပ်လာကြမှာဖြစ်ပါတယ်။

 

ထို့ကြောင့် တချို့နေရာတွေမှာ ကိုယ်ကသိနေရင်တောင် မသိချင်ယောင်သာ ဆောင်နေသင့်ပါတယ်။


တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ် မလုပ်ဘဲမနေပါနဲ့
ကိုယ်နဲ့ သိပ်မရင်းနှီးတဲ့ သူတွေကို အဆက်အသွယ်မလုပ်ပဲ အကြာကြီးနေလို့ရမယ့် ကိုယ့်ချစ်သူကိုတော့ တစ်နေ့တစ်ခါလောက်တော့ ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ မက်ဆေ့ပို့တာပဲဖြစ်ဖြစ် အဆက်အသွယ်မပြတ်အောင် ပြုလုပ်ပေးသင့်ပါတယ်။


ရှေ့မှ မားမားမတ်မတ်ရပ်တည်ပါ
မိန်းကလေးတိုင်းဟာ သူတို့ချစ်သူကို သတ္တိရှိတဲ့သူတစ်ယောက် အဖြစ်မြင်စေချင်ပြီး ဘာတွေပဲဖြစ်ဖြစ် သူတို့နဲ့လက်တွဲမဖြုတ်ဘဲအတူတူ ရင်ဆိုင်ပေးနိုင်မယ့်သူတစ်ယောက်ဆိုရင် သူတို့က လေးစားပါလိမ့်မယ်။


သို့မဟုတ်ပါက အရေးကြီးတဲ့အခါမှ ကိုယ်က အားလျော့တဲ့စကားတွေပြောနေရင် ကိုယ့်ကောင်မလေးက ကိုယ့်ကို အထင်သေးသွားမှာဖြစ်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 16:43
Rate this item
(5 votes)