အချစ်ကကိုယ့်ကိုပြောင်းလဲစေနိုင်လား

အချစ်ကကိုယ့်ကိုပြောင်းလဲစေနိုင်လား google

ကိုယ်ချစ်ရတဲ့ လူတစ်ယောက်ကြောင့် ကိုယ့်ရဲ့ပင်ကိုယ်စရိုက်ကိုပြောင်းလဲဖို့ ကြိုးစားနေသူတွေ ရှိမယ်လို့ ထင်ပါတယ်။

 

 

ချစ်သူကမကြိုက်ဘူးပြောလို့ ကိုယ့်ရဲ့ အကျင့်စရိုက်ကိုပြောင်းလဲဖို့ ကြိုးစားတာဟာကောင်းတဲ့လုပ်ရပ်ပါဘဲ

 

တကယ်လဲပြောင်းလဲသင့်ပါတယ်။

 

လူတစ်ယောက်ကကိုယ့်ရဲ့ပင်ကိုယ်စရိုက်ပြောင်းလဲဖို့ ဆိုတာ တကယ်တမ်းတော့မလွယ်ကူပါဘူး

 

 

ကိုယ်တစ်သက်လုံး မွေးကတည်းက ကျင့်သုံးလာတဲ့ အရာကို ရုတ်တရက်ပြောင်းလဲဖို့ ကြိုးစားချိန်မှာအခက်အခဲတွေ ရှိနိုင်ပါတယ်။

 

ဒါပေမယ့် ကိုယ့်ချစ်သူ အတွက်ဆိုရင် ဒီအခက်အခဲလေးကိုတော့ ကျော်ဖြတ်နိုင်ရပါမယ်။

 

အခြားသူဘာမြင်မြင် ဂရုမစိုက်ဘူး ဘယ်လိုထင်ထင် ကိုယ့်ချစ်သူရဲ့ အထင်အမြင်မှာ အရာရာပြည့်စုံသူ ဖြစ်စေရမယ်ဆိုတဲ့သူတွေလဲရှိပါတယ်။

 

လူတစ်ယောက်ကိုချစ်မိပြီဆိုရင် သူနဲ့အတူတစ်ဘ၀လုံးလက်တွဲသွားရမယ် ဆိုတဲ့ အနာဂတ်ရည်မှန်းချက်

 

လေးတော့ရှိကြပါတယ်။

 

လူတိုင်းကတော့ ကိုယ်ချစ်ရသူနဲ့ အတူ ငြိမ်းချမ်းတဲ့ အိမ်လေးမှာ အနာဂတ်နေ့ရက်တွေကို ဖြတ်သန်းချင်ကြတာပဲလေ။

 

အဲ့လိုနေရဖို့အတွက် ကြိုးစားအားထုတ်လာကြပါတယ်။ ဒါဟာ စစ်မှန်တဲ့ အချစ်စစ်ကို ပြောတာပါ။ သင့်ကို ချစ်တယ်လို့ ပြောပေမယ့်

 

ဘာတစ်ခုမှ ပြောင်းလဲမှု မရှိတဲ့သူ၊ သင့်အတွက် အနာဂတ် အစီအစဉ်တွေ မရှိတဲ့သူဟာ တကယ်ချစ်တဲ့ သူမဟုတ်သလို၊ သင်ကိုယ်တိုင်က

 

ချစ်မိနေပါပြီလို့ ထင်တဲ့လူတစ်ယောက်က သင့်ကို ပြောင်းလဲစေနိုင်စွမ်း မရှိဘူးဆိုရင်လည်း သင်ခံစားနေရတဲ့ အချစ်စိတ်က ထင်ယောင်ထင်မှား အချစ်စိတ်ပါ။

 

ဒါကြောင့်တကယ်ချစ်ရင်လူတွေကိုပြောင်းလဲစေနိုင်ပါတယ်။

 

Myanmar Wedding Guide

 

Read times Last modified on Wednesday, 10 July 2019 15:01
Rate this item
(0 votes)
Tagged under