အိမ်ထောင်ပြုဖို့ မဆုံးဖြတ်ခင် စဉ်းစားသင့်တဲ့ အချက်များ

အိမ်ထောင်ပြုဖို့ မဆုံးဖြတ်ခင် စဉ်းစားသင့်တဲ့ အချက်များ google

အိမ်ထောင်ပြုဖို့ မဆုံးဖြတ်ခင် စဉ်းစားသင့်တဲ့ အချက်များ ဘဝကို မောင်နှံစုံ ရွှေလက်တွဲပြီး

တိုးဝင်ဖြတ်သန်းဖို့ စဉ်းစားနေပြီလား။ အရင်ဆုံး ဒီမေးခွန်းလေးတွေ ကိုယ့်ဘာသာကိုယ် ပြန်မေးထားသင့်ပါတယ်။ ကိုယ့် ဘဝ အတွက် အရမ်းအရေးကြီး တဲ့ အချိန်ပေါ့ နော် ....

 

- သိပ်များ စောလွန်းနေမလား

 

ဘယ်အချိန်မှာ အိမ်ထောင်ပြုသင့်တယ်လို့ ပြောရခက်ပါတယ်။ ဒီအချက်ကတော့ လူမျိုးအလိုက် နိုင်ငံအလိုက် ကွာခြားနိုင်ပါတယ်။ အိမ်ထောင်ပြုရာမှာ အသက်ကို ဘေးချိတ်ထားပြီး အိမ်ထောင်ရေးအတွက် ဘာတွေ ပြင်ဆင်ပြီးပြီလဲ။ အနည်းဆုံး ငွေဘယ်လောက် စုထားပြီးပြီလဲ။ မင်္ဂလာဆောင်ဖို့ ကနေ သားသမီးယူဖို့ အထိ အဆင်သင့်ဖြစ်နေပြီလား စဉ်းစားရမှာပါ။

 

- ဘာကြောင့် အိမ်ထောင်ပြုမှာလဲ

 

အိမ်ထောင်ပြုတယ်ဆိုတာ မဖြစ်မနေ လုပ်ကို လုပ်ရမယ့် အရာလို့ မှတ်ပြီး တာဝန်တစ်ရပ်လို လုပ်မသွားဖို့ လိုပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် တကယ်ရော အိမ်ထောင်ပြုချင်လို့ လား။ ဖိအားတွေကြောင့်လား ။ အိမ်ထောင်ပြုဖို့ ရာမှာ ပြဿနာတွေနဲ့ ပြုတာဆိုရင် ကြောက်ဖို့ ကောင်းပါတယ်။ ဒီအချက်ကို သေချာ ဂရုစိုက်သင့်ပါတယ်။ မပျော်တဲ့ အိမ်ထောင်ရေးဟာ သေရာပါမယ့် စိတ်ဝေဒနာ ဖြစ်နိုင်ပါတယ်။

 

- ကိုယ့်အိမ်ထောင်ဘက်က ကိုယ့်ကို လေးစားချစ်ခင်ရဲ့လား

 

အိမ်ထောင်ရေးဆိုတာ နိုင်ငံတစ်ခုကို လူနှစ်ယောက်ပူးတွဲ အုပ်ချုပ်တဲ့ သဘောပါ။ တစ်ယောက်ကို တစ်ယောက် ချစ်ခြင်း လေးစား ယုံကြည် သစ္စာထားရှိခြင်းတွေနဲ့ အုပ်ချုပ်သွားမှ အဲဒီနိုင်ငံတော်ဟာ ပျော်စရာတွေနဲ့ သာယာတိုးတက်လာမှာ ဖြစ်ပါတယ်။

 

- ရှေ့လျှောက် ဘယ်လို ရပ်တည်သွားမလဲ

 

လက်ထပ်လိုက်ရင် နှစ်ယောက်စလုံးမှာ တာဝန်ယူစရာတွေ ရှိလာပါပြီ။ အတိုင်အဖောက်ညီတဲ့ စုံတွဲတွေတောင် ကတောက်ကဆ ကိစ္စတွေက ရှိတတ်ပါတယ်။ ဒီအပေါ်မှာ ထားမယ့် သဘောထားကိုလည်း ပြတ်ပြတ်သားသား ထားရတော့မှာပါ။ ကိုယ်လည်း လူပျိုမဟုတ် ၊ သူလည်း အပျို မဟုတ်တော့ လူလွတ်တွေလို နေလို့ မရတော့ပါဘူး။ စည်းနဲ့ ကမ်းနဲ့ နေမှ ဖြစ်တော့မှာပါ။ နောက်တစ်ခုက ငွေကြေးပိုင်းအတွက်ရော ဘာတွေ စီစဉ်ထားသလဲ ဆိုတာပါ ကြိုတွေးထားသင့်ပါတယ်။

 

- အရှုပ်တွေ ရှင်းခဲ့ပြီလား

 

အတိတ်က ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကိုယ်ချစ်တဲ့သူဟာ ကိုယ့်အနားမှာ ရောက်နေပါပြီ။ အိမ်ထောင်ရေး အနာဂါတ်မှာ ပြီးခဲ့တာတွေဟာ ကန့်လန့်ကာနောက်မှာ ပွဲပြီးလို့ မီးသေသလို ရှင်းသွားဖို့ လိုပါတယ်။ ဒါမှသာ နောင်တကင်းကင်းနဲ့ တစ်အိုးတစ်အိမ် ထူနိုင်တော့မှာ ဖြစ်ပါတယ်။ အတိတ်ကို အတိတ်မှာ ထားခဲ့ ပြီး အနာဂတ်ကိုပဲ ဖြတ်သန်းပါ။

 

ဒီအချက်လေးတွေအတိုင်းစဉ်းစား ထားရင် တော့  အိမ်ထောင်ပြုဖို့ ဝန်မလေးတော့ ပါဘူးနော် ....

 

Myanmar Wedding Guide 

Read times
Rate this item
(1 Vote)
Tagged under