ချစ်သူနဲ့လက်မထပ်ခင်မှာ မေးဖြစ်အောင်မေးသင့်တဲ့ အရေးကြီးဆုံးမေးခွန်း (၅) မျိုး

ချစ်သူနဲ့လက်မထပ်ခင်မှာ မေးဖြစ်အောင်မေးသင့်တဲ့ အရေးကြီးဆုံးမေးခွန်း (၅) မျိုး google.com

လက်ထပ်တဲ့အခါ ရွေးချယ်မှုသာ မှားယွင်းသွားခဲ့ရင် တစ်ဘဝလုံး စိတ်ဆင်းရဲမှုတွေကို ခံရနိုင်ပါတယ်။

 

 

သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်စေဖို့၊ လူတစ်ယောက်ကို အကဲခတ်နို်င်ဖို့အတွက် စိတ်ပညာရှင်တွေ အကြံပေးထားတဲ့ နည်းလမ်းလေးတစ်ခုရှိပါတယ်။ အဲဒါဘာလဲဆိုတော့ မေးခွန်းလေးတွေကို ချစ်သူကို မေးဖို့ပါပဲ။ ဒီမေးခွန်းလေးတွေကနေတစ်ဆင့် ချစ်သူရဲ့ လူမှုဆက်ဆံရေးအပြင် စိတ်ပိုင်းဆိုင်ရာကိုလည်း အကဲခတ်နိုင်မှာဖြစ်တာကြောင့် လက်မထပ်ခင်မှာ မေးဖြစ်အောင် မေးကြည့်သင့်တဲ့ မေးခွန်းလေးတွေဖြစ်ပါတယ်။

 

 

() ဘာကြောင့်ချစ်တာလဲ

 

ဒီမေးခွန်းဟာ တစ်ယောက်နဲ့တစ်ယောက် စချစ်ခါစက မေးခဲ့ပြီးသား မေးခွန်းလေးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း တွဲတာကြာလာတဲ့အခါ အဲ့ဒီ့တုန်းက ခံစားချက်လိုမျိုး မဟုတ်တော့တာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင့်ကို ဘာကြောင့်ချစ်ရတာလဲ၊ ဘာကြောင့် သင့်ကို လက်ထပ်ချင်ရတာလဲဆိုတာ မေးပါ။ တကယ်လို့ သူက သင့်ရဲ့ပိုင်ဆိုင်မှု၊ သင့်မှာရှိတဲ့ အရာတစ်ခုခုကို ရည်ညွှန်းပြီး ပြောလာခဲ့ရင်တော့ လက်မထပ်သင့်ပါဘူး။

 

 

() တစ်ယောက်နဲ့တစ်ယောက် ဘယ်အရာမှာမဆို ကူညီဖို့ ဆန္ဒရှိလား

 

သင်ဖျားနာနေတဲ့အချိန်တွေ၊ သင်စိတ်မပါတဲ့အချိန်တွေမှာ သင့်ကို အိမ်အလုပ်တွေ ကူညီပေးဖို့၊ ချက်ပြုတ်ပေးဖို့၊ သင်နဲ့အတူတူ အိမ်မှုကိစ္စတွေကို ဝိုင်းလုပ်ပေးဖို့ ဆန္ဒရှိလား၊ ဘယ်အရာကိုမဆို ကူညီပေးဖို့ ဆန္ဒရှိလားဆိုတာ မေးကြည့်ပါဦး။ တကယ်လို့ အိမ်မှုကိစ္စဆိုတာ အမျိုးသမီးတာဝန်သာဖြစ်တယ်လို့ ယူဆတယ်ဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။

 

 

() နားလည်မှုဘယ်လိုတည်ဆောက်ရမလဲ

 

နားလည်မှုဆိုတာ အချစ်ရေး၊ အိမ်ထောင်ရေးသာယာစေမယ့် အဓိကသော့ချက်ဖြစ်ပါတယ်။ အရာရာတိုင်းမှာ သူပဲဆရာ၊ သူ့သဘောပဲ လိုက်နာရမယ်ဆိုတဲ့ အဖြေမျိုး ပေးခဲ့ရင်တော့ လက်ထပ်ဖို့ မသင့်တော်ပါဘူး။ လက်ထပ်ပြီးရင် အိမ်မှုကိစ္စပဲလုပ်ရမယ်၊ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရဆိုတဲ့ စည်းကမ်းတွေနဲ့ သင့်ရဲ့ လွတ်လပ်ပိုင်ခွင့်ကို ပိတ်ပင်မယ့် စကားအရိပ်အယောင်တွေ တွေ့နေရရင် လက်မထပ်သင့်ပါဘူး။

 

 

() မိသားစုနဲ့ဆက်ဆံရေး အဆင်ပြေလား

 

မိသားစုနဲ့ အဆင်မပြေတဲ့သူတွေ၊ မိသားစုမှာပြဿနာတွေ ရှုပ်ထွေးနေတဲ့ သူတစ်ယောက်နဲ့ လက်ထပ်ခဲ့ရင် အိမ်ထောင်ရေးက သာယာနိုင်ချေ အတော်နည်းပါတယ်။ ဒါတင်မဟုတ်ဘဲ မိသားစုကို အရမ်းတွယ်တာတယ်၊ မိသားစုကို အမြဲတမ်းဦးစားပေးနေတယ်ဆိုရင်လည်း အိမ်ထောင်ရေးက အဆင်မပြေနိုင်ပြန်ပါဘူး။ ဒါကြောင့် သူ့ဘက်က မိသားစုနဲ့ အဆင်မပြေဘူး ဒါမှမဟုတ် မိသားစုကို အရမ်းဦးစားပေးတယ်ဆိုတဲ့ အဖြေမျိုးပေးခဲ့တယ်ဆိုရင်တော့ လက်မထပ်သင့်ပါဘူး။

 

 

() သေတပန်သက်တဆုံးပေါင်းမယ်လို့ ကတိပေးမလား

 

ဒီမေးခွန်းကို မေးလိုက်ခြင်းဖြင့် သူဖြေမယ့် အဖြေကနေတစ်ဆင့် သူ့ရဲ့ စိတ်သဘောထား၊ သူ့ရဲ့ ခံယူချက်တွေနဲ့ သူမကြိုက်တဲ့အရာတွေ၊ သူသည်းမခံနိုင်တဲ့အရာတွေကို သိရမှာဖြစ်ပါတယ်။ ဒီမေးခွန်းဟာ သူ့ရဲ့ စိတ်သဘောထား၊ လူတစ်ယောက်နဲ့တစ်ယောက်ကြား သံယောဇဉ်၊ ချစ်ခြင်းမေတ္တာကို ဘယ်လောက်အလေးထားလဲဆိုတာနဲ့ ဘယ်လောက်အထိ လူတစ်ယောက်ကို ခွင့်လွှတ်သည်းခံနိုင်သလဲဆိုတဲ့ အရာတွေကိုပါ သိမြင်နိုင်စေမယ့် မေးခွန်းဖြစ်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Friday, 19 October 2018 13:51
Rate this item
(1 Vote)