ချစ်သူတွေထားရှိတဲ့ ကတိသစ္စာဆိုတာ

ချစ်သူတွေထားရှိတဲ့ ကတိသစ္စာဆိုတာ Google

လက်ထပ်တဲ့အခါမှာ ကတိသစ္စာပြုရတဲ့ ပုံစံမျိုးလေးတွေဟာ အခု နောက်ပိုင်းမှာ ခေတ်စားလာခဲ့ပါတယ်။ အမှန်က ဒီ ယဉ်ကျေးမှုက ဟိုး နှစ်ပေါင်းများစွာကတည်းက ထွန်းကားလာခဲ့တဲ့ ပုံစံ ဖြစ်ပါတယ်။

အခုလည်း လက်ထပ်တဲ့အခါ အချင်းချင်း ကတိသစ္စာပြုသလိုပဲ ချစ်သူတွေကြားထဲမှာလည်း ထားရှိသင့်တယ်လို့ ထင်ပါတယ်။ 

 

 

အချင်းချင်း ဖေးမသင်ယူမှု ရှိပါ့မယ် 


တစ်ယောက်မတတ်သေးတာကို တစ်ယောက်က စိတ်ရှည်ရှည်နဲ့ ဖေးဖေးမမ သင်ယူပေးဖို့ ၀တ္တရားရှိပါတယ်။ ဒါမှသာနှစ်ယောက်သား အိမ်ထောင်ရက်သား ကျသွားတဲ့အခါ အရာရာအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်မှာပါ။

 

 

တစ်ယောက်အလိုကို တစ်ယောက်လိုက်ပါ့မယ်


ဖြစ်နိုင်ချေရှိတဲ့ တောင်းဆိုမှုတိုင်းအတွက် ချစ်သူတွေကြားမှာ တွက်ကတ်နေစရာ မလိုပါဘူး။ မဖြစ်နိုင်တဲ့ တောင်းဆိုမှုမျိုးကိုလည်း ကိုယ့်ဥာဏ်နဲ့စဉ်းစားပြီး မလုပ်မိဖို့လည်း လိုပါတယ်။

 

 

တစ်သက်တာလုံး အတူတူ နေသွားကြမည်


အတူတူနေတယ်ဆိုတာက ချစ်သူဘ၀မှာတော့ နည်းနည်း စောသေးတာပေါ့။ သို့သော် တစ်ယောက်ကိုတစ်ယောက် မဖောက်မပြန် မှန်ကန်သော ချစ်ခြင်းနဲ့ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် သစ္စာစောင့်ထိန်းသင့်ပါတယ်။

 

 

အရာရာကို အတူလက်တွဲလုပ်ဆောင်ပါမည်


ဘယ်လိုအရာပဲဖြစ်ဖြစ် တိုင်တိုင်ပင်ပင်နဲ့ အတူတူ လုပ်ဆောင်ရမယ်၊ ကုမ္မဏီတစ်ခုတည်းမှာ အလုပ်အတူတူရအောင် ကြိုးစားတာမျိုးကို ဆိုလိုတာမဟုတ်၊ ကိုယ်လုပ်နိုင်တာမျိုးကို မခိုကပ်ပဲ ၀င်ရောက်ကူညီတာ၊ တစ်ယောက်အလုပ်ကို တစ်ယောက်ကပိုပြီး ထိရောက်အောင် အားပေးတာမျိုးကို ဆိုလိုပါတယ်။ ဘောလုံးအသင်းတစ်သင်းလိုပဲ ဂိုးမသွင်းရလည်း Assit လုပ်ပေးနိုင်ရင် အသင်းအတွက် အကျိုးရှိတယ်လေ။

 

 

အချင်းချင်း ဂရုတစိုက် နားထောင်မှုရှိပါ့မယ်

 

နားမထောင်ဘဲ သတင်းအချက်အလတ် မသိနိုင်ဘူး၊ ချစ်သူတွေချင်းဟာ တစ်ယောက်နဲ့တစ်ယောက် စကားတွေ အများကြီးပြောတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ သတင်းအချက်အလတ်အချို့ကို နားထောင်သူကို ပြောပြပေးနေရသလိုပါဘဲ။ အဲဒီလို နားထောင်မှုရှိပါမှ တစ်ယောက်နဲ့တစ်ယောက် အရေးကြီးတဲ့ နားလည်မှုကို ရနိုင်ပါတယ်။

 

 

 

Myanmar Wedding Guide

Read times
Rate this item
(1 Vote)
Tagged under